/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/နောက်ဆုံး-ရာသီလာတဲ့ရက်-ဘာကြောင့်-အရေးကြီးတာလဲ

နောက်ဆုံး ရာသီလာတဲ့ရက် ဘာကြောင့် အရေးကြီးတာလဲ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

         မီးယပ်ဆရာဝန် (သို့မဟုတ်) သူနာပြုဟာ နောက်ဆုံး ရာသီလာတဲ့ရက်ကို သိတဲ့အခါ အချက်အလက်တွေ အများကြီးကို သိနိုင်ပါတယ်။ ဓမ္မတာစက်ဝန်း ဘယ်နားကို ရောက်နေတယ် ဆိုတာကို ခန့်မှန်းသိရှိနိုင်ပြီး အဖြူဆင်းတာ၊ လေထ ဗိုက်အောင့်တာ စတဲ့ လက္ခဏာရပ်တွေနဲ့ ရင်သား စမ်းသပ်ရာတွေမှာ အကျိုးသက်ရောက်မှု ရှိပါတယ်။ နောက်ဆုံး ရာသီလာတဲ့ရက်ကို သိရှိခြင်းဖြင့် ရာသီစက်ဝန်း ကြာချိန်ကို သိရှိနိုင်ပြီး စောနေသလား၊ နောက်ကျနေသလားပေါ် မူတည်ပြီး ဟော်မုန်း မညီမျှမှု ရှိ/မရှိ၊ ကိုယ်ဝန် ရှိ/မရှိ စတာတွေကို စစ်ဆေးဖို့ လို/မလို သိရှိနိုင်ပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးရဲ့ နောက်ဆုံး ရာသီလာရက်ကို သိရှိနိုင်ပါက ကလေးမွေးမယ့်ရက်ကို ခန့်မှန်းတွက်ချက်နိုင်ပါတယ်။

          နောက်ဆုံး ရာသီလာတဲ့ရက်ဟာ ဒီလိုအရေးပါမှုတွေ ရှိနေတဲ့အတွက် ဖုန်းတွေ၊ ပြက္ခဒိန်တွေမှာ သေချာရေးမှတ်ထားဖို့ လိုအပ်ပါတယ်။

          မီးယပ်ဆရာဝန် (သို့မဟုတ်) သူနာပြုဟာ ရာသီလာတာနဲ့ ပတ်သက်ပြီး မေးခွန်းတွေ အများအပြား မေးနိုင်တာကြောင့် ထိရောက်တဲ့ကုသမှုကို ရရှိနိုင်ဖို့အတွက် မေးခွန်းတွေကို သေချာဖြေဆိုရပါမယ်။

          ဆရာဝန်ကချည်းပဲ မေးခွန်းတွေ မေးတာတော့ မဟုတ်ပါဘူး။ ကိုယ်တိုင်ကလည်း ဘာလို့ မိန်းမကိုယ်အောက်ပိုင်း စမ်းသပ်ရတာလဲ၊ ဘာလို့ သွေးစစ်ရတာလဲ စသည်ဖြင့် မေးခွန်းတွေ မေးခြင်းဖြင့် ကိုယ့်ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။

Dr. Emerald (www.drmyanmar.com)