ပန်းကလေးများထံမှပေးစာများ (အပိုင်း - ၁၃)
** သားပျက်သားလျှောဖြစ်ဖူးလို့ နောက်တစ်ခါကလေးလွယ်လွယ်ရပါ့မလား၊ ရခဲ့ရင်ရော သနေ္ဓခိုင်ပါ့မလား **
---------------
ဒီကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းလာတဲ့မေးခွန်းတွေကို သားဖွားနှင့်မီးယပ် အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခ ဒေါက်တာဦးစိုးလွင်က Dr Myanmar ကျန်းမာရေးဝက်ဘ်ဆိုဒ်ရဲ့ " ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်မှတဆင့် ဖြေကြားပေးထားပါတယ်
မေးမြန်းလာတဲ့မေးခွန်းလေးတွေကတော့...
မေးခွန်း (1) ။ ။
ဆရာကြီးရှင့်… သမီး အသက် ၃၉ ပါ။ ကလေးတစ်ယောက်မှကို မရရှိသေးလို့ပါ ။ ၂၀၁၄ သား ၁ယောက် ရရှိပါတယ်။ ၂လ နဲ့ ၁၈ ရက်မှာ ဆုံးပါတယ် ။ ၂၀၁၅ ၁၀ လပိုင်း မှာ ကိုယ်၀န်စရှိပါတယ်။ ၃ လ နဲ့ ပျက်ကြပါတယ်။ သားအိမ်မခြစ်လိုက်ရပါဘူး။ ခု ၂၀၁၆ ၃ပိုင်းမှာ ကိုယ်ဝန်ပြန်ရှိလို့ယူပေမဲ့ ၅လပိုင်း မှာ ပြန်ပြီး ပျက်ကြပါတယ်။ ၃ လနဲ့ သားအိမ်ခြစ်လိုက်ရပါတယ်။ ကလေး ပြန်ယူချင်ပါတယ် ။ ယူလိုက်တိုင်း ပျက် ပျက်ကြ နေ လို့ စိုးရိမ်ကြောင်းကြမူ့ ရှိ နေရပြန်တယ် ။ သနေ္ဓခိုင်အောင် ဘယ်လိုလုပ် ရလည်းရှင်။ ဖော့လစ်အက်စစ်တော့ စားပါတယ် ။ နည်းလမ်းကောင်းများရှိရင် အကြံညဏ်ပေးပါဦးရှင့်။
မေးခွန်း (2) ။
ဆရာ သမီးနာမည်က နှင်းပါ။ အသက်29 ရှိပါပြီ။ သွေးအမျိုးအစားက B ပါ။ အမျိုးသားရဲ့ သွေးက O ပါ။ အမျိုးသားရော သမီးရောက ပညာရေး၀န်ထမ်းတွေပါ။ အိမ်ထောင်သက်က ၂ နှစ် နဲ့ ၈ လ ရှိပါပြီ။ သမီးက ကိုယ်ဝန်၂လနဲ့ ပျက်ကြပြီး သားအိမ်ခြစ်ထားတာပါ။ အခု ၆လ ပြည့်ပြီး ကလေးကပြန်မရလို့ပါ။ ကိုယ်၀န်က အဲဒီတစ်ခါပဲ ဆောင်ရသေးတာပါ။ အခု ကလေးအရမ်းလိုချင်လို့ပါ ဆရာ။ ကျေးဇူးပါဆရာ။
မေးခွန်း (3) ။ ။
မင်္ဂလာပါ ဒေါက်တာ…
သမီးအသက်က ၃၀ ပါ။
သမီး ပထမ ကလေး(၉)လရောက်မှ ဗိုက်ထဲမှာတင် ဆုံးသွားလို့ ဆေးထိုးပြီး ရိုးရိုးမွေးခဲ့ပါတယ်။ နောက် ၄လ လောက်နေတော့ နောက်ကိုယ်ဝန်ရခဲ့ပါတယ်။ ဒါပေမယ့် ၄ လနဲ့ ထက်ပျက်ခဲ့ပါတယ်။ ဒေါက်တာသမီး ကလေးရနိူင်ပါမလား။ သမီးသားအိမ်ခြစ်ထားတာ ၂ လဘဲရှိပါသေးတယ်။ အခုသားအိမ်က စစ်စစ်နဲ့ခံစားနေရပါတယ်။ သမီးဘာလုပ်ရမလဲဒေါက်တာ။ သမီးကိုအကြံလေပေးပါရှင့်။ ကျေးဇူးတင်ပါတယ်ဒေါက်တာ။






























