/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပန်းကလေးများထံမှ-ပေးစာများ-အပိုင်း-4

ပန်းကလေးများထံမှ ပေးစာများ (အပိုင်း-4)

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

"ပန်းကလေးများထံမှ ပေးစာများ" အစီအစဉ်ကနေ မေးမြန်းလာတဲ့ မေးခွန်းလေးကတော့...

မင်္ဂလာပါရှင်။
သမီးနာမည်က သီတာပါ။ အသက်က ၂၈နှစ်ပါ။ အိမ်ထောင်ရှိပါတယ်။
သမီးကိုယ်ဝန်၂ခါပျက်ကျဖူးပါတယ်။
ပထမတခါက၂လပိုင်းမှာဖြစ်ပြီး ဒုတိယတခါက ၄လပိုင်းမှာဖြစ်ခဲ့ပါတယ်ရှင်။
ရက်အနည်းငယ်ကြာတော့ ဗိုက်ထဲကအောင့်နေလို့ဆိုပြီး ဆေးခန်းပြပါတယ်။
ဆရာမတွေက အာထရာဆောင်းရိုက်ခိုင်းလို့ရိုက်တဲ့အခါမပေါ်လို့ TVS နဲ့ရိုက်ခဲ့ပါတယ်။
အဖြေကတော့သမီးသားအိမ်မှာထူနေပြီး ကျန်နေသေးတယ်လို့ပြောပါတယ်။
ဆေးတွေလဲသောက်ရပါတယ်။ အခုကတော့OMEGA-3 နဲ ့E-1000 သောက်နေပါတယ်။
ဒါပေမယ့်သမီးဗိုက်ထဲမှာဘယ်လိုကြီးလဲမသိဘူး။ တချက်ချက်နာသလို အောင့်သလိုနဲ့နေလို့မကောင်းဘူးရှင့်။
သမီးဘာဆက်လုပ်သင့်လဲဆိုတာနဲ့ ဆောင်ရန်ရှောင်ရန်လေး သိချင်ပါတယ်ရှင့်။
အခုလိုအစီစဉ်လေးလုပ်ထားပေးတဲ့အတွက် သိလိုသမျှမေးမြန်းခွင့်ရှိလို့ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

 

www.drmyanmar.com