ပျိုပျိုမေတို့ရဲ့ ဓမ္မတာရာသီအကြောင်း
1. ဓမ္မတာလာချိန်မမှန်တာ ဘာကြောင့်လဲ?
စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဖျားနာခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်အလေးချိန် များလာခြင်း၊ ကိုယ်အလေးချိန် လျော့ကျသွားခြင်း အစရှိတဲ့ အကြောင်းအရာတွေကြောင့် ရာသီလာချိန် ကျော်သွားတတ်ပါတယ်။ အမျိုးသမီးအများစုအနေနဲ့ လစဉ်ရာသီလာချိန်ဟာ၂၈ ရက်မှ ၃၅ ရက် အတွင်းဖြစ်ပြီး ရာသီပုံမှန်မလာခြင်း၊ ရက်လွန်နေခြင်းတို့ဖြစ်ပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
2. ရာသီလာစဉ် ဗိုက်အောင့်တာကို သက်သာအောင် ဘယ်လိုလုပ်မလဲ?
Mefanamic Acid ပါဝင်တဲ့ အကိုက်အခဲသက်သာစေတဲ့ ဆေးတွေကို ဆရာဝန် ညွှန်ကြားတဲ့အတိုင်း သောက်ခြင်း၊ ဝမ်းဗိုက် ဒါမှမဟုတ် နောက်ကျောဘက်ကို ရေနွေးအိတ် ကပ်ပေးခြင်း၊ ရေနွေးနွေးလေးဖြင့် ရေချိုးပေးခြင်းတို့ကြောင့် ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
Dolfenal 1

3. ဓမ္မတာလာချိန်တွင် ဘာကြောင့်ပြည့်အင့်နေသလို ခံစားရသလဲ?
ဓမ္မတာလာချိန် အတောအတွင်းမှာ ခန္ဓာကိုယ်က ရေဓာတ်ကို ထိန်းထားနိုင်တာကြောင့် ဗိုက်ပြည့်တင်းနေသလို ခံစားရကာ အစာစားချင်စိတ်ကို လျော့နည်းစေတာ ဖြစ်ပါတယ်။ ဒါကြောင့် ရေဆာစေတဲ့ အငန်ဓာတ်ကဲ အစားအစာများစားသုံးခြင်း၊ ကဖင်းဓာတ်ပါဝင်သော အစားအစာတွေဖြစ်တဲ့ (ကော်ဖီ၊ ရေခဲမုန့်၊ အားဖြည့်အချိုရည်၊ ဆိုဒါ) တွေ သောက်သုံးခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
4. ဓမ္မတာလာသော ပမာဏ ဘယ်လောက်ရှိသင့်သလဲ?
အမျိုးသမီးအများစုအနေနဲ့ ရာသီစက်ဝန်း တစ်ကြိမ်အတွင်း သွေးဆုံးရှုံးမှုပမာဏဟာ 10-35 ml ဝန်းကျင် ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေဖြစ်တဲ့ pads ဒါမှမဟုတ် tampon ကို ၁၀ ခုလောက် လဲလှယ်အသုံးပြုနေရပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
Dolfenal 2

5. ဓမ္မတာလာချိန် ဘယ်လောက်ကြာသင့်သလဲ?
များသောအားဖြင့် ဓမ္မတာလာချိန်ဟာ သုံးရက်မှ ငါးရက်အထိ ကြာမြင့်တတ်သလို အနည်းဆုံး နှစ်ရက် အများဆုံး ခုနှစ်ရက်အထိ ကြန့်ကြာမှုလည်း ရှိတတ်ပါတယ်။ ဒါပေမဲ့ ဓမ္မတာလာချိန် ခုနှစ်ရက်ထက် ကျော်လွန်သွားပါက ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
6. ဘာကြောင့် အာဟာရမပြည့်ဝတဲ့အစာတွေကို စားလိုစိတ် ပြင်းပြစေသလဲ?
ဟော်မုန်းပြောင်းလဲမှုကြောင့် ရာသီလာချိန်မှာ ရေခဲမုန့်၊ ချောကလက်၊ အာလူးချောင်းကြော် စတဲ့ အာဟာရမမြောက်တဲ့ အစာတွေကို စားလိုစိတ် ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဘေးဥပါဒ်ဖြစ်စေတဲ့ အဆီတွေ၊ အကြော်တွေ စားချင်စိတ်ကို ချိုးနှိမ်ပြီး ဆယ်လ်မွန်ငါး၊ အခွံမာသီး၊ ထောပတ်သီးတို့လို ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာတွေကိုသာ အစားထိုး စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် တစ်နေ့တာလုံး အစာနည်းနည်းချင်းစီ စားသုံးပြီး အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
CMS (www.drmyanmar.com)






























