/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ပျိုမေတို့-ရာသီလာချိန်-ခံစားရတဲ့-နာကျင်ကိုက်ခဲမှုဝေဒနာတွေကို

ပျိုမေတို့ ရာသီလာချိန် ခံစားရတဲ့ နာကျင်ကိုက်ခဲမှုဝေဒနာတွေကို သက်သာစေဖို့ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          ရာသီလာတယ်ဆိုတာက အမျိုးသမီးတွေ လစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာပေမယ့်လည်း ရာသီလာရင် ခံစားရတဲ့ဝေဒနာတွေက ဆိုးပါတယ်။ တချို့က ဘာဝေဒနာမှ မခံစားရပေမယ့် တချို့ကျတော့ ရာသီလာပြီဆိုရင် နာကျင်ကိုက်ခဲ၊ ဗိုက်အောင့်တာကို အလူးအလဲ ခံစားကြရပါတယ်။ ရာသီလာတဲ့အခါမှာ သားအိမ်အတွင်းနံရံတွေ      ကြွကျေဖို့အတွက် သားအိမ်က ညှစ်တဲ့အခါမှာ ဗိုက်အောင့်ပါတယ်။ တချို့ဆို အလုပ်အကိုင်ပျက်တဲ့အထိကို ဗိုက်အောင့်တာကိုခံရပါတယ်။

          လစဉ်ခံစားရတဲ့ ဗိုက်အောင့်ဝေဒနာသက်သာစေဖို့ ဒါလေးတွေ လုပ်ကြည့်ပါ။

1.       လေ့ကျင့်ခန်း လုပ်၊ အကြောလျှော့ပါ။ ကြွက်သားတွေကို ပြေလျော့ပြီးတော့ နာကျင်ကိုက်ခဲမှုကို သက်သာစေပါတယ်။

2.       ဗိုက်အောက်ပိုင်းလေးကို ပွတ်ပေးတာကလည်း ကြွက်သားတွေကို ပြေလျော့စေပါတယ်။

3.       အကိုက်အခဲပျောက်ဆေး သောက်ရင်လည်း သားအိမ်ညှစ်တာ လျော့စေပြီးတော့ ဗိုက်အောင့် သက်သာစေပါတယ်။

4.       ဗီတာမင် B1, မဂ္ဂနီဆီယမ် စတဲ့ ဆေးပြားတွေကလည်း ရာသီလာစဉ် နာကျင်ကိုက်ခဲမှုတွေ၊ ဗိုက်ပြည့်ဗိုက်ကယ်တာတွေနဲ့ ရာသီမလာမီ ခံစားရတဲ့ ရောဂါလက္ခဏာစုတွေကို သက်သာစေပါတယ်။

5.       ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ ဒါမှမဟုတ် ဝမ်းဗိုက်အောင့်ပိုင်း (သို့) နောက်ကျောလေးကို ရေနွေးအိတ်လေး ကပ်ပေးပါ။ ဒါကလည်း နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။

 

>>    နာကျင်မှုကို ခံစားနေရတုန်းလား?

          အပေါ်က ပြောထားတာတွေ အကုန်လုပ်ကြည့်ပြီးလို့မှ နာကျင်ကိုက်ခဲတာတွေ၊ ဗိုက်အောင့်တာတွေ မသက်သာဘူးဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး တိုင်ပင်ကြည့်ပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)