/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မမျိုးဥကြွေခြင်း၊-သားဥကြွေခြင်း

မမျိုးဥကြွေခြင်း၊ သားဥကြွေခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားဥကြွေခြင်းဆိုတာ မမျိုးဥအိမ်မှ မျိုးပွားနိုင်သော မမျိုးဥ တစ်လုံး (သို့) တစ်လုံးထက်ပိုကာ ကြွေကျခြင်းကို ဆိုလိုပါတယ်။ သားဥကြွေခြင်းဟာ ရာသီစက်ဝန်း တစ်ခုနဲ့တစ်ခုကြား မျိုးပွားနိုင်စွမ်း အကောင်းဆုံးအချိန်မှာ ဖြစ်ပွားပါတယ်။ တစ်လစီမှာ မမျိုးဥ 10 မှ 15 အထိ ကြီးရင့်ပါတယ်။ အဲဒီထဲကမှ အကောင်းဆုံး ဥ 1 ဥဟာ ကြွေကျပြီးသား ဥပြွန်ထဲကို ရောက်ပါတယ်။ သားဥပြွန်ဟာ သားအိမ်နဲ့ ဥအိမ်နဲ့ကို ဆက်သွယ်ထားပါတယ်။
သဘာဝအရ ကိုယ်ဝန်ရှိဖို့အတွက် အမျိုးသမီးရဲ့ မမျိုးဥနဲ့ အမျိုးသားရဲ့သုတ်ကောင်ဟာ သားဥပြွန်မှာ ဆုံတွေ့ကြပါတယ်။ မမျိုးဥဟာ သားဥကြွေပြီးနောက် 24 နာရီထက်ပိုပြီး မရှင်သန်နိုင်ပါဘူး။ ဒါကြောင့် မမျိုးဥနဲ့ သုတ်ကောင်ဟာ အဲဒီအချိန်မှာ ဆုံတွေ့ဖို့လိုပါတယ်။ ဒါပေမဲ့ သုတ်ကောင်ကတော့ ခုနှစ်ရက်လောက် ရှင်သန်နေနိုင်ပါတယ်။ သုတ်ကောင်လေးတွေဟာ အဲဒီအချိန်အတွင်း သားအိမ်ခေါင်း၊ သားအိမ်နဲ့ သားဥပြွန်ထဲမှာ ရှင်သန်နိုင်ပါတယ်။ အဓိပ္ပာယ်ကတော့ ကိုယ်ဝန်ရဖို့ အချိန်အတိအကျ ပြုမှုနေထိုင်ဖို့ မလိုပါဘူး။ သင့်အတွက် သားသမီးရနိုင်မယ့်အခွင့်အရေးက ခြောက်ရက်ခန့် ရှိပါတယ်။ အဲဒီရက်တွေကတော့ မျိုးဥမကြွေခင် ငါးရက်နဲ့ မျိုးဥကြွေတဲ့ရက်တွေပါ။ မျိုးပွားနိုင်မှုစွမ်းရည် အကောင်းဆုံးရက်အတွင်း ကိုယ်ဝန်ရဖို့ ကြိုးစားမယ်ဆိုရင် သားဥကြွေပြီး မမျိုးဥဟာ ကျန်းမာတဲ့သုတ်ကောင်နဲ့ တွေ့ဆုံပြီး ကိုယ်ဝန်ရနိုင်မှာပါ။

>>  သန္ဓေဆောင်ဖို့ အကောင်းဆုံးလို့ ဘယ်လိုသိမလဲ?
အရိုးရှင်းဆုံး လုပ်ဆောင်ချက်ကတော့ သင့်ရဲ့ရာသီစက်ဝန်းကို ရေးချလိုက်ပါ။ ပြီးတော့ ဟော်မုန်းနဲ့ ခန္ဓာကိုယ် အပြောင်းအလဲများကို ရှာဖွေပါ။ သားဥမကြွေခင် ငါးရက်လောက်မှာ ကိုယ်ဝန်ရနိုင်ချေ အများဆုံးလို့ မှတ်သားထားပါ။ သားဥကြွေခြင်းဟာ ရာသီစက်ဝန်းမစခင် 12 ရက်မှ 14 ရက်အတွင်းမှာ ဖြစ်ပွားပါတယ်။ အဲဒါက အကြမ်းဖျဉ်းပါ။ တချို့တွေက ပုံမှန်ထက် စောလာတာ၊ နောက်ကျတာ ဖြစ်တတ်ပါတယ်။
ဒီလို ရာသီစက်ဝန်းကို အသုံးပြုပြီး မျိုးပွားနိုင်မှု အကောင်းဆုံးအချိန်ကို ရှာဖွေခန့်မှန်းတာအပြင် ခန္ဓာကိုယ်ရဲ့ သန္ဓေဆောင်နိုင်မှု လက္ခဏာတွေကို လေ့လာခြင်းကလည်း အကူအညီပေးနိုင်ပါတယ်။

1.  သားအိမ်ခေါင်းချွဲ ပြောင်းလဲခြင်း
ဆီးစွန့်ပြီးနောက် အိမ်သာတစ်ရှူးနဲ့ သုတ်တဲ့အခါ ဒါမှမဟုတ် အတွင်းခံဘောင်းဘီမှာမြင်ရတဲ့ ချွဲဟာ သားအိမ်ခေါင်းချွဲပါ။ မျိုးပွားနိုင်မှု အကောင်းဆုံးအချိန်မှာ သားအိမ်ခေါင်းချွဲဟာ ပြောင်းလဲမှုတွေကို အချက်ပြပါတယ်။ ရာသီလာပြီးနောက် သားအိမ်ခေါင်းချွဲဟာ တဖြည်းဖြည်း ပိုများလာပြီး အရောင်လည်း ပြောင်းလဲလာပါလိမ့်မယ်။ အဲဒါဟာ ခန္ဓာကိုယ်ထဲမှာ အီစထိုဂျင်လို့ခေါ်တဲ့ အမျိုးသမီးဟော်မုန်း များလာလို့ပါ။ သားဥကြွေချိန် နီးနေပြီလို့ အချက်ပြတာပါ။
သားအိမ်ခေါင်းချွဲဟာ ကြည်ပြီး ချွဲနေမယ်၊ စေးကပ်နေမယ်ဆိုရင် မျိုးပွားနိုင်မှု အကောင်းဆုံးအချိန်မှာပါ။ ကြက်ဥအကာလို ကြည်နေတဲ့ သားအိမ်ခေါင်းချွဲဟာ သုတ်ကောင်လေးတွေ သားအိမ်ဆီ အမြန်ဆုံးရောက်အောင် ကူညီပေးနိုင်ပါတယ်။ သုတ်ကောင်လေးတွေ မျိုးဥဆီ ရောက်အောင်သွားတဲ့ သားဥပြွန်တစ်လျှောက် အာဟာရပြည့်ပြည့်နဲ့ အန္တရာယ်ကင်းကင်းသွားနိုင်အောင် သားအိမ်ခေါင်းချွဲက ကူညီပေးပါတယ်။

pH Care 1

2.  ဝမ်းဗိုက်နာကျင်ခြင်း
အမျိုးသမီး ငါးပုံတစ်ပုံလောက်ဟာ သားဥကြွေချိန်တစ်ဝိုက်မှာ သားဥတစ်ခုခုဖြစ်တဲ့ ခံစားမှုမျိုးကို ခံစားရတတ်ပါတယ်။ နည်းနည်းနာကျင်တာနဲ့ များများနာကျင်တာ ကွာခြားတတ်ပါတယ်။ အချို့အမျိုးသမီးတွေဟာ သားဥကြွေတာကို ခါးနာတာ ဒါမှမဟုတ် ဝမ်းဗိုက် နာကျင်တာအဖြစ် ခံစားရပါတယ်။ အဲဒါကို အမျိုးသမီးများ မမျိုးဥကြွေခြင်းကြောင့် ဝမ်းဗိုက်အောက်ပိုင်း နာကျင်မှုဝေဒနာလို့ ခေါ်ပါတယ်။ မိနစ်ပိုင်းကနေ ရက်အနည်းငယ်ထိ ကြာတတ်ပါတယ်။

3.  ဆွဲဆောင်မှုရှိခြင်း
အမျိုးသမီးတွေဟာ သားဥကြွေချိန်မှာ ပိုလှချင်၊ ပိုဆွဲဆောင်မှုရှိချင်၊ ဆက်ဆံရေး ပိုအဆင်ပြေချင်ပါတယ်။ အဲဒီအချိန်မှာ လိင်စိတ်နိုးကြားနေတတ်ပါတယ်။
အချို့အမျိုးသမီးတွေဟာ သူတို့ရဲ့မျိုးပွားနိုင်မှု အကောင်းဆုံးအချိန်ကို သိနိုင်ဖို့ သားဥကြွေမှုစစ်ဆေးခြင်းကို ပြုလုပ်ကြပါတယ်။ အဲဒီစမ်းသပ်ချက်ဟာ မမျိုးဥကထွက်လာတဲ့ လူတီနိုက်ဇင်း (LH) ဟော်မုန်းကို စမ်းသပ်တာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းနဲ့လည်း မမျိုးဥထွက်တဲ့အချိန်ကို သိနိုင်အောင် ကိုယ်ဝန်ရဖို့ ကြိုးစားကြည့်နိုင်ပါတယ်။

CMS (www.drmyanmar.com)

pH Care 2

(Zawgyi)

သားဥေႂကြျခင္းဆိုတာ မမ်ိဳးဥအိမ္မွ မ်ိဳးပြားႏိုင္ေသာ မမ်ိဳးဥ တစ္လုံး (သို႔) တစ္လုံးထက္ပိုကာ ေႂကြက်ျခင္းကို ဆိုလိုပါတယ္။ သားဥေႂကြျခင္းဟာ ရာသီစက္ဝန္း တစ္ခုနဲ႔တစ္ခုၾကား မ်ိဳးပြားႏိုင္စြမ္း အေကာင္းဆုံးအခ်ိန္မွာ ျဖစ္ပြားပါတယ္။ တစ္လစီမွာ မမ်ိဳးဥ 10 မွ 15 အထိ ႀကီးရင့္ပါတယ္။ အဲဒီထဲကမွ အေကာင္းဆုံး ဥ 1 ဥဟာ ေႂကြက်ၿပီးသား ဥႁပြန္ထဲကို ေရာက္ပါတယ္။ သားဥႁပြန္ဟာ သားအိမ္နဲ႔ ဥအိမ္နဲ႔ကို ဆက္သြယ္ထားပါတယ္။
သဘာဝအရ ကိုယ္ဝန္ရွိဖို႔အတြက္ အမ်ိဳးသမီးရဲ႕ မမ်ိဳးဥနဲ႔ အမ်ိဳးသားရဲ႕သုတ္ေကာင္ဟာ သားဥႁပြန္မွာ ဆုံေတြ႕ၾကပါတယ္။ မမ်ိဳးဥဟာ သားဥေႂကြၿပီးေနာက္ 24 နာရီထက္ပိုၿပီး မရွင္သန္ႏိုင္ပါဘူး။ ဒါေၾကာင့္ မမ်ိဳးဥနဲ႔ သုတ္ေကာင္ဟာ အဲဒီအခ်ိန္မွာ ဆုံေတြ႕ဖို႔လိုပါတယ္။ ဒါေပမဲ့ သုတ္ေကာင္ကေတာ့ ခုႏွစ္ရက္ေလာက္ ရွင္သန္ေနႏိုင္ပါတယ္။ သုတ္ေကာင္ေလးေတြဟာ အဲဒီအခ်ိန္အတြင္း သားအိမ္ေခါင္း၊ သားအိမ္နဲ႔ သားဥႁပြန္ထဲမွာ ရွင္သန္ႏိုင္ပါတယ္။ အဓိပၸာယ္ကေတာ့ ကိုယ္ဝန္ရဖို႔ အခ်ိန္အတိအက် ျပဳမႈေနထိုင္ဖို႔ မလိုပါဘူး။ သင့္အတြက္ သားသမီးရႏိုင္မယ့္အခြင့္အေရးက ေျခာက္ရက္ခန႔္ ရွိပါတယ္။ အဲဒီရက္ေတြကေတာ့ မ်ိဳးဥမေႂကြခင္ ငါးရက္နဲ႔ မ်ိဳးဥေႂကြတဲ့ရက္ေတြပါ။ မ်ိဳးပြားႏိုင္မႈစြမ္းရည္ အေကာင္းဆုံးရက္အတြင္း ကိုယ္ဝန္ရဖို႔ ႀကိဳးစားမယ္ဆိုရင္ သားဥေႂကြၿပီး မမ်ိဳးဥဟာ က်န္းမာတဲ့သုတ္ေကာင္နဲ႔ ေတြ႕ဆုံၿပီး ကိုယ္ဝန္ရႏိုင္မွာပါ။

>>  သေႏၶေဆာင္ဖို႔ အေကာင္းဆုံးလို႔ ဘယ္လိုသိမလဲ?
အ႐ိုးရွင္းဆုံး လုပ္ေဆာင္ခ်က္ကေတာ့ သင့္ရဲ႕ရာသီစက္ဝန္းကို ေရးခ်လိုက္ပါ။ ၿပီးေတာ့ ေဟာ္မုန္းနဲ႔ ခႏၶာကိုယ္ အေျပာင္းအလဲမ်ားကို ရွာေဖြပါ။ သားဥမေႂကြခင္ ငါးရက္ေလာက္မွာ ကိုယ္ဝန္ရႏိုင္ေခ် အမ်ားဆုံးလို႔ မွတ္သားထားပါ။ သားဥေႂကြျခင္းဟာ ရာသီစက္ဝန္းမစခင္ 12 ရက္မွ 14 ရက္အတြင္းမွာ ျဖစ္ပြားပါတယ္။ အဲဒါက အၾကမ္းဖ်ဥ္းပါ။ တခ်ိဳ႕ေတြက ပုံမွန္ထက္ ေစာလာတာ၊ ေနာက္က်တာ ျဖစ္တတ္ပါတယ္။
ဒီလို ရာသီစက္ဝန္းကို အသုံးျပဳၿပီး မ်ိဳးပြားႏိုင္မႈ အေကာင္းဆုံးအခ်ိန္ကို ရွာေဖြခန႔္မွန္းတာအျပင္ ခႏၶာကိုယ္ရဲ႕ သေႏၶေဆာင္ႏိုင္မႈ လကၡဏာေတြကို ေလ့လာျခင္းကလည္း အကူအညီေပးႏိုင္ပါတယ္။

1.  သားအိမ္ေခါင္းခြၽဲ ေျပာင္းလဲျခင္း
ဆီးစြန႔္ၿပီးေနာက္ အိမ္သာတစ္႐ွဴးနဲ႔ သုတ္တဲ့အခါ ဒါမွမဟုတ္ အတြင္းခံေဘာင္းဘီမွာျမင္ရတဲ့ ခြၽဲဟာ သားအိမ္ေခါင္းခြၽဲပါ။ မ်ိဳးပြားႏိုင္မႈ အေကာင္းဆုံးအခ်ိန္မွာ သားအိမ္ေခါင္းခြၽဲဟာ ေျပာင္းလဲမႈေတြကို အခ်က္ျပပါတယ္။ ရာသီလာၿပီးေနာက္ သားအိမ္ေခါင္းခြၽဲဟာ တျဖည္းျဖည္း ပိုမ်ားလာၿပီး အေရာင္လည္း ေျပာင္းလဲလာပါလိမ့္မယ္။ အဲဒါဟာ ခႏၶာကိုယ္ထဲမွာ အီစထိုဂ်င္လို႔ေခၚတဲ့ အမ်ိဳးသမီးေဟာ္မုန္း မ်ားလာလို႔ပါ။ သားဥေႂကြခ်ိန္ နီးေနၿပီလို႔ အခ်က္ျပတာပါ။
သားအိမ္ေခါင္းခြၽဲဟာ ၾကည္ၿပီး ခြၽဲေနမယ္၊ ေစးကပ္ေနမယ္ဆိုရင္ မ်ိဳးပြားႏိုင္မႈ အေကာင္းဆုံးအခ်ိန္မွာပါ။ ၾကက္ဥအကာလို ၾကည္ေနတဲ့ သားအိမ္ေခါင္းခြၽဲဟာ သုတ္ေကာင္ေလးေတြ သားအိမ္ဆီ အျမန္ဆုံးေရာက္ေအာင္ ကူညီေပးႏိုင္ပါတယ္။ သုတ္ေကာင္ေလးေတြ မ်ိဳးဥဆီ ေရာက္ေအာင္သြားတဲ့ သားဥႁပြန္တစ္ေလွ်ာက္ အာဟာရျပည့္ျပည့္နဲ႔ အႏၲရာယ္ကင္းကင္းသြားႏိုင္ေအာင္ သားအိမ္ေခါင္းခြၽဲက ကူညီေပးပါတယ္။

2.  ဝမ္းဗိုက္နာက်င္ျခင္း
အမ်ိဳးသမီး ငါးပုံတစ္ပုံေလာက္ဟာ သားဥေႂကြခ်ိန္တစ္ဝိုက္မွာ သားဥတစ္ခုခုျဖစ္တဲ့ ခံစားမႈမ်ိဳးကို ခံစားရတတ္ပါတယ္။ နည္းနည္းနာက်င္တာနဲ႔ မ်ားမ်ားနာက်င္တာ ကြာျခားတတ္ပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးေတြဟာ သားဥေႂကြတာကို ခါးနာတာ ဒါမွမဟုတ္ ဝမ္းဗိုက္ နာက်င္တာအျဖစ္ ခံစားရပါတယ္။ အဲဒါကို အမ်ိဳးသမီးမ်ား မမ်ိဳးဥေႂကြျခင္းေၾကာင့္ ဝမ္းဗိုက္ေအာက္ပိုင္း နာက်င္မႈေဝဒနာလို႔ ေခၚပါတယ္။ မိနစ္ပိုင္းကေန ရက္အနည္းငယ္ထိ ၾကာတတ္ပါတယ္။

3.  ဆြဲေဆာင္မႈရွိျခင္း
အမ်ိဳးသမီးေတြဟာ သားဥေႂကြခ်ိန္မွာ ပိုလွခ်င္၊ ပိုဆြဲေဆာင္မႈရွိခ်င္၊ ဆက္ဆံေရး ပိုအဆင္ေျပခ်င္ပါတယ္။ အဲဒီအခ်ိန္မွာ လိင္စိတ္ႏိုးၾကားေနတတ္ပါတယ္။
အခ်ိဳ႕အမ်ိဳးသမီးေတြဟာ သူတို႔ရဲ႕မ်ိဳးပြားႏိုင္မႈ အေကာင္းဆုံးအခ်ိန္ကို သိႏိုင္ဖို႔ သားဥေႂကြမႈစစ္ေဆးျခင္းကို ျပဳလုပ္ၾကပါတယ္။ အဲဒီစမ္းသပ္ခ်က္ဟာ မမ်ိဳးဥကထြက္လာတဲ့ လူတီႏိုက္ဇင္း (LH) ေဟာ္မုန္းကို စမ္းသပ္တာ ျဖစ္ပါတယ္။ ဒီလိုနည္းလမ္းနဲ႔လည္း မမ်ိဳးဥထြက္တဲ့အခ်ိန္ကို သိႏိုင္ေအာင္ ကိုယ္ဝန္ရဖို႔ ႀကိဳးစားၾကည့္ႏိုင္ပါတယ္။

CMS (www.drmyanmar.com)