/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မိန်းကလေးတွေ-ရာသီ-တစ်လတစ်ခါ-လာတယ်ဆိုရာဝယ်

မိန်းကလေးတွေ ရာသီ တစ်လတစ်ခါ လာတယ်ဆိုရာဝယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ပျမ်းမျှရာသီစက်ဝန်းဟာ 28 ရက်ကနေ 32 ရက်ထိ ရှိတတ်ပါတယ်။ အချို့အမျိုးသမီးတွေရဲ့ ရာသီစက်ဝန်းဟာ ပိုတိုတတ်တာ၊ ဒါမှမဟုတ် ပိုကြာတတ်တာရှိပါတယ်။ သားဥကြွေတဲ့ အချိန်အတိအကျကတော့ ပြောင်းလဲတတ်ပါတယ်။ ယေဘုယျအားဖြင့်တော့ 28 ရက် စက်ဝန်းနဲ့ လည်ပတ်နေပါတယ်။

Day 1 ပထမရက်
ဒါကတော့ ရာသီစလာတဲ့ရက်ကို Day 1 လို့ စမှတ်ပါတယ်။

Day 2-14
သားအိမ်ခေါင်းမှာရှိတဲ့ ချွဲလေးတွေက အရည်ကြည်လေးတွေအနေနဲ့ ရှိနေပါတယ်။

Day 14
ရာသီစက်ဝန်းရဲ့ အလယ်တည့်တည့်ကို ရောက်ပါပြီ။ ဒီရက်ဝန်းကျင်မှာ သားဥကြွေပါတယ်။ သားဥကြွေတဲ့ရက်ဟာ ရာသီစလာတဲ့ရက်ကနေ 11 ရက်ကနေ 21 ရက်ကြား ဖြစ်ပါတယ်။ အမျိုးသမီး တစ်ဦးနဲ့တစ်ဦး ကွဲပြားနိုင်ပါတယ်။ အဲဒီရက်မှာ    Luteinizing ဟော်မုန်းတက်နေတဲ့အတွက် ခန္ဓာကိုယ်အပူချိန် တက်လာတတ်ပါတယ်။ ဒါကြောင့် သတိထားပြီးနေမယ်ဆိုရင် မျိုးဥကြွေတာကို သိနိုင်ပါတယ်။

pH Care 1

Day 15 – 22
သားဥကြွေပြီးနောက်ပိုင်းရက်တွေမှာတော့ Progesterone ဟော်မုန်း ထုတ်ပေးပါတယ်။ အဲဒီဟော်မုန်းက သားဥကလေး တွယ်ကပ်နိုင်ဖို့အတွက် သားအိမ်နံရံကို ထူစေပါတယ်။

Day 23 – 24
သားဥဟာ သားအိမ်နံရံမှာ တွယ်ကပ်သွားနေပါပြီ။ အဲဒီအချိန်မှာ ကိုယ်ဝန်မှထွက်လာတဲ့ ဟော်မုန်းကို စစ်ဆေးခြင်းဖြင့် ကိုယ်ဝန်ရှိ၊ မရှိ စစ်ဆေးနိုင်ပါပြီ။

Day 25 – 28
အကယ်၍ ကိုယ်ဝန်မရဘူးဆိုရင်၊ ဟော်မုန်းအဆင့် စတင်ကျဆင်းလာပါမယ်။ သားအိမ်နံရံလည်းပါးလာပြီး ရာသီသွေးတစ်ခေါက်( ရာသီစက်ဝန်းတစ်ခေါက်) ပြန်လည်ဖြစ်ပေါ်စေပါလိမ့်မယ်။

CMS (www.drmyanmar.com)

pH Care 2

(Zawgyi)

ပ်မ္းမွ်ရာသီစက္ဝန္းဟာ 28 ရက္ကေန 32 ရက္ထိ ရွိတတ္ပါတယ္။ အခ်ိဳ႕အမ်ိဳးသမီးေတြရဲ႕ ရာသီစက္ဝန္းဟာ ပိုတိုတတ္တာ၊ ဒါမွမဟုတ္ ပိုၾကာတတ္တာရွိပါတယ္။ သားဥေႂကြတဲ့ အခ်ိန္အတိအက်ကေတာ့ ေျပာင္းလဲတတ္ပါတယ္။ ေယဘုယ်အားျဖင့္ေတာ့ 28 ရက္ စက္ဝန္းနဲ႔ လည္ပတ္ေနပါတယ္။

Day 1 ပထမရက္
ဒါကေတာ့ ရာသီစလာတဲ့ရက္ကို Day 1 လို႔ စမွတ္ပါတယ္။

Day 2-14
သားအိမ္ေခါင္းမွာရွိတဲ့ ခြၽဲေလးေတြက အရည္ၾကည္ေလးေတြအေနနဲ႔ ရွိေနပါတယ္။

Day 14
ရာသီစက္ဝန္းရဲ႕ အလယ္တည့္တည့္ကို ေရာက္ပါၿပီ။ ဒီရက္ဝန္းက်င္မွာ သားဥေႂကြပါတယ္။ သားဥေႂကြတဲ့ရက္ဟာ ရာသီစလာတဲ့ရက္ကေန 11 ရက္ကေန 21 ရက္ၾကား ျဖစ္ပါတယ္။ အမ်ိဳးသမီး တစ္ဦးနဲ႔တစ္ဦး ကြဲျပားႏိုင္ပါတယ္။ အဲဒီရက္မွာ    Luteinizing ေဟာ္မုန္းတက္ေနတဲ့အတြက္ ခႏၶာကိုယ္အပူခ်ိန္ တက္လာတတ္ပါတယ္။ ဒါေၾကာင့္ သတိထားၿပီးေနမယ္ဆိုရင္ မ်ိဳးဥေႂကြတာကို သိႏိုင္ပါတယ္။

Day 15 – 22
သားဥေႂကြၿပီးေနာက္ပိုင္းရက္ေတြမွာေတာ့ Progesterone ေဟာ္မုန္း ထုတ္ေပးပါတယ္။ အဲဒီေဟာ္မုန္းက သားဥကေလး တြယ္ကပ္ႏိုင္ဖို႔အတြက္ သားအိမ္နံရံကို ထူေစပါတယ္။

Day 23 – 24
သားဥဟာ သားအိမ္နံရံမွာ တြယ္ကပ္သြားေနပါၿပီ။ အဲဒီအခ်ိန္မွာ ကိုယ္ဝန္မွထြက္လာတဲ့ ေဟာ္မုန္းကို စစ္ေဆးျခင္းျဖင့္ ကိုယ္ဝန္ရွိ၊ မရွိ စစ္ေဆးႏိုင္ပါၿပီ။

Day 25 – 28
အကယ္၍ ကိုယ္ဝန္မရဘူးဆိုရင္၊ ေဟာ္မုန္းအဆင့္ စတင္က်ဆင္းလာပါမယ္။ သားအိမ္နံရံလည္းပါးလာၿပီး ရာသီေသြးတစ္ေခါက္( ရာသီစက္ဝန္းတစ္ေခါက္) ျပန္လည္ျဖစ္ေပၚေစပါလိမ့္မယ္။

CMS (www.drmyanmar.com)