/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မိန်းမကိုယ်အဖြူဆင်းခြင်းနဲ့-ပတ်သက်လို့

မိန်းမကိုယ်အဖြူဆင်းခြင်းနဲ့ ပတ်သက်လို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

    မိန်းကလေးတိုင်း အဖြူဆင်းတတ်ကြပြီး များသောအားဖြင့်တော့ ဒါဟာပုံမှန်ဖြစ်စဉ်ပါပဲ။ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေဖြစ်တဲ့ ပါးစပ်တို့နှာခေါင်းတို့လိုပဲ မိန်းမကိုယ်ဟာလည်း အစိုဓာတ်ရှိနေအောင်လို့ အကျိအချွဲတွေ ထုတ်လုပ်နေရပါတယ်။ ခြောက်သွေ့နေရင် ရောဂါပိုးတွေပိုပြီး ဝင်လာချေရှိပါတယ်။
    ပုံမှန်ဆင်းတဲ့အဖြူဟာ အရောင်မရှိ၊ အနံ့မရှိဘဲ ခပ်ပျစ်ပျစ်လေးဖြစ်ပြီးတော့ ရာသီမလာခင်နဲ့ သားဥကြွေတဲ့အချိန် (ရာသီလာပြီး တစ်ပတ်အကြာ) တွေမှာ ပိုဆင်းပါတယ်။ ဒါပေမဲ့ အဖြူဆင်းတိုင်းလည်း ပုံမှန်မဟုတ်တာ သိထားရပါမယ်။

>>    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ တိုင်ပင်သင့်လဲ?
●    မိန်းမကိုယ် အလွန်အမင်း ယားယံလာရင်
●    မိန်းမကိုယ် နီမြန်း၊ ရောင်ရမ်း၊ နာကျင်နေရင်
●    မိန်းမကိုယ်က စိမ်းဝါရောင်အမြှုပ်နဲ့ အရည်တွေဆင်းရင်
●    ရာသီလာတာမဟုတ်ဘဲ အနီရောင်၊ သွေးပါတဲ့အရည်တွေဆင်းရင်
●    မခံနိုင်အောင် အနံ့ဆိုးတဲ့ အရည်တွေဆင်းရင်
●    လိင်ဆက်ဆံတဲ့အခါ၊ ဆီးသွားတဲ့အခါနာရင်
●    ဗိုက်နဲ့ဆီးခုံ နာကျင်ရင်

pH Care 1

>>    ဒါမျိုးတွေမဖြစ်အောင် ဘယ်လိုနေထိုင်ရမလဲ ?
●    မိန်းမကိုယ် သန့်ရှင်းရေးလုပ်တဲ့နေရာမှာ ရိုးရိုးရေ၊ အနံ့မရှိတဲ့ ရိုးရိုးဆပ်ပြာရယ် လက်ကိုသာ အသုံးပြုပါ။
●    အမျိုးသမီး သန့်စင်ဆေးရည်တွေကို အသုံးပြုနိုင်ပါတယ်။
●    ရေချိုးရင် ရိုးရိုးရေနွေးပဲ သုံးပါ။
●    အတွင်းခံ ဘောင်းဘီကို ချည်သားနဲ့ လုပ်ထားတာကိုပဲ အသုံးပြုပါ။
●    အိမ်သာတက်ပြီး သန့်ရှင်းရေးလုပ်တဲ့အခါ wet tissue အသုံးပြုတာမျိုး၊ အနံပါတဲ့ အိမ်သာသုံးစက္ကူ သုံးတာမျိုး ရှောင်ကြဉ်ပါ။

Dr. Htar (www.drmyanmar.com)

pH Care 2

(Zawgyi)

    မိန္းကေလးတိုင္း အျဖဴဆင္းတတ္ၾကၿပီး မ်ားေသာအားျဖင့္ေတာ့ ဒါဟာပုံမွန္ျဖစ္စဥ္ပါပဲ။ ခႏၶာကိုယ္ရဲ႕ အျခားအစိတ္အပိုင္းေတြျဖစ္တဲ့ ပါးစပ္တို႔ႏွာေခါင္းတို႔လိုပဲ မိန္းမကိုယ္ဟာလည္း အစိုဓာတ္ရွိေနေအာင္လို႔ အက်ိအခြၽဲေတြ ထုတ္လုပ္ေနရပါတယ္။ ေျခာက္ေသြ႕ေနရင္ ေရာဂါပိုးေတြပိုၿပီး ဝင္လာေခ်ရွိပါတယ္။
    ပုံမွန္ဆင္းတဲ့အျဖဴဟာ အေရာင္မရွိ၊ အနံ႔မရွိဘဲ ခပ္ပ်စ္ပ်စ္ေလးျဖစ္ၿပီးေတာ့ ရာသီမလာခင္နဲ႔ သားဥေႂကြတဲ့အခ်ိန္ (ရာသီလာၿပီး တစ္ပတ္အၾကာ) ေတြမွာ ပိုဆင္းပါတယ္။ ဒါေပမဲ့ အျဖဴဆင္းတိုင္းလည္း ပုံမွန္မဟုတ္တာ သိထားရပါမယ္။

>>    ဘယ္လိုအခ်ိန္မွာ ဆရာဝန္နဲ႔ တိုင္ပင္သင့္လဲ?
●    မိန္းမကိုယ္ အလြန္အမင္း ယားယံလာရင္
●    မိန္းမကိုယ္ နီျမန္း၊ ေရာင္ရမ္း၊ နာက်င္ေနရင္
●    မိန္းမကိုယ္က စိမ္းဝါေရာင္အျမႇဳပ္နဲ႔ အရည္ေတြဆင္းရင္
●    ရာသီလာတာမဟုတ္ဘဲ အနီေရာင္၊ ေသြးပါတဲ့အရည္ေတြဆင္းရင္
●    မခံႏိုင္ေအာင္ အနံ႔ဆိုးတဲ့ အရည္ေတြဆင္းရင္
●    လိင္ဆက္ဆံတဲ့အခါ၊ ဆီးသြားတဲ့အခါနာရင္
●    ဗိုက္နဲ႔ဆီးခုံ နာက်င္ရင္

>>    ဒါမ်ိဳးေတြမျဖစ္ေအာင္ ဘယ္လိုေနထိုင္ရမလဲ ?
●    မိန္းမကိုယ္ သန႔္ရွင္းေရးလုပ္တဲ့ေနရာမွာ ႐ိုး႐ိုးေရ၊ အနံ႔မရွိတဲ့ ႐ိုး႐ိုးဆပ္ျပာရယ္ လက္ကိုသာ အသုံးျပဳပါ။
●    အမ်ိဳးသမီး သန႔္စင္ေဆးရည္ေတြကို အသုံးျပဳႏိုင္ပါတယ္။
●    ေရခ်ိဳးရင္ ႐ိုး႐ိုးေရေႏြးပဲ သုံးပါ။
●    အတြင္းခံ ေဘာင္းဘီကို ခ်ည္သားနဲ႔ လုပ္ထားတာကိုပဲ အသုံးျပဳပါ။
●    အိမ္သာတက္ၿပီး သန႔္ရွင္းေရးလုပ္တဲ့အခါ wet tissue အသုံးျပဳတာမ်ိဳး၊ အနံပါတဲ့ အိမ္သာသုံးစကၠဴ သုံးတာမ်ိဳး ေရွာင္ၾကဥ္ပါ။

Dr. Htar (www.drmyanmar.com)