/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/မျိုးဥအိမ်တွင်-ရေအိတ်တည်ခြင်း

မျိုးဥအိမ်တွင် ရေအိတ်တည်ခြင်း

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

မျိုးဥအိမ်ရေအိတ်များဟာ အရည်များဖြင့်ပြည့်နေသော အရည်ကြည်ဖုပုံစံ အိတ်ငယ်လေးတွေကို ဆိုလိုခြင်းဖြစ်ပါတယ်။
အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး အများစုမှာ ရောဂါလက္ခဏာ ပြသခြင်းမရှိပါဘူး။ အချို့သော ရေအိတ်တွေဟာ ကုသမှုမလိုဘဲ ပြန်လည်ကောင်းမွန်ပေမယ့် ကြီးမားသောရေအိတ်တွေကိုတော့ ခွဲထုတ်ဖို့ လိုပါတယ်။

>>  ကြီးမားသော မျိုးဥအိမ် ရေအိတ်တွေရဲ့ လက္ခဏာတွေကတော့ -
●  ဗိုက်အနောက်ဘက် (ရေအိတ်ရှိသောအခြမ်း) တွင် ခပ်လေးလေး နာကျင်ခြင်း
●  ရေအိတ်ပေါက်ခြင်း (သို့) သွေးထွက်ခြင်းဖြစ်ပေါ်ပါက တင်ပဆုံးကွင်းတွင်းနာကျင်ခြင်း
●  မကြာခဏ ဆီးသွားခြင်း
●  လေပွခြင်း၊ ဗိုက်ကယ်ခြင်း
●  ရာသီမမှန်ခြင်း၊ ရာသီသွေးဆင်း များခြင်း (သို့) နည်းခြင်း
●  အားနည်းခြင်း
●  မျိုးမအောင်ခြင်း
မျိုးဥအိမ် ရေအိတ်တွေကို ဆရာဝန် ညွှန်ကြားချက်အရ အာထရာဆောင်းရိုက်ခြင်းဖြင့် တိကျစွာ သိရှိနိုင်ပါတယ်။

>>  ကုသနည်းများ
●  နာကျင်မှုသက်သာစေဖို့ အကိုက်အခဲပျောက်ဆေးများသောက်ခြင်း
●  ရာသီစက်ဝန်း မှန်ကန်စေဖို့နှင့် ရေအိတ်အရွယ်သေးငယ်စေဖို့ သန္ဓေတားဆေးသောက်ခြင်း
●  အရွယ်အစားသေးငယ်ပြီး ရောဂါလက္ခဏာပြသခြင်းမရှိတဲ့ ရေအိတ်တွေကိုတော့ ခွဲစိတ်ဖို့မလိုပဲ ပုံမှန်ပြသရမှာဖြစ်ပြီး ကြီးမားတဲ့ရေအိတ်တွေကိုတော့ ခွဲစိတ်ပြီး ဖယ်ထုတ်ရမှာ ဖြစ်ပါတယ်။
●  သွေးဆုံးပြီးအမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရေအိတ်တွေကနေ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်တဲ့အတွက် ခွဲထုတ်ပစ်ရန် လိုအပ်ပါတယ်။

လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)