/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားကင်ဆာအကြောင်း-သိကောင်းစရာ

ရင်သားကင်ဆာအကြောင်း သိကောင်းစရာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

●  အမျိုးသမီး ၈ ယောက်မှာ ၁ ယောက်နှုန်း ဖြစ်နိုင်ပါတယ်။
●  အမျိုးသမီးတွေမှာ အဖြစ်များဆုံးကင်ဆာ ဖြစ်ပါတယ်။
●  အမျိုးသမီးတွေမှာ သေနှုန်း ဒုတိယအများဆုံးကင်ဆာ ဖြစ်ပါတယ်။
●  တစ်ခါကုလို့ပျောက်သွားပြီးရင်လည်း ပြန်ဖြစ်တတ်ပါတယ်။
●  အမျိုးသားတွေမှာ အဖြစ်နည်းပေမယ့်လည်း တွေ့ရတတ်ပါတယ်။

>>  ရင်သားကင်ဆာဆိုတာ -
ပုံမှန်တစ်သျှူးလေးတွေက အကြောင်းမျိုးမျိုးကြောင့် ပုံမှန်မဟုတ်တဲ့ဆဲလ်တွေအဖြစ် ပွားလာပြီး အလုံးအကြိတ်အဖြစ် ပေါ်လာတာ ဖြစ်ပါတယ်။
ဒီလိုလူတွေမှာ ပိုအဖြစ်များပါတယ် -
●  အသက်ကြီးသူတွေ၊ များသောအားဖြင့် ၅၀ ကျော်လာရင်
●  ရာသီစောစောလာပြီး (၁၂ နှစ်မတိုင်ခင်)၊ သွေးဆုံးတာနောက်ကျတဲ့ (၅၅ နှစ်ကျော်မှ) အမျိုးသမီးတွေ
●  ရင်သားကြီးတဲ့အမျိုးသမီးတွေ
●  အရင်က ရင်သားကင်ဆာ ဖြစ်ဖူးတဲ့အမျိုးသမီးတွေ၊ ကင်ဆာမဟုတ်တဲ့ အလုံးအကျိတ်ဖြစ်ဖူးတဲ့ အမျိုးသမီးတွေ
●  မျိုးရိုးထဲမှာ ကင်ဆာဖြစ်ဖူးတဲ့လူရှိရင် (အမေ၊ အစ်မ၊ သမီး) ဒါမှမဟုတ် အဖေ/ အမေဘက်က ဆွေမျိုးတွေထဲမှာ ရင်သားကင်ဆာ ဖြစ်ဖူးတဲ့လူများရင်
●  အရင်က ဓာတ်ရောင်ခြည်ကုသမှု ခံယူဖူးရင် (အသက် ၃၀ မတိုင်ခင် ရောင်ခြည်သင့်ဖူးရင် ဖြစ်ဖို့ပိုများပါတယ်)

>>  ဒါတွေကတော့ သင် ဆင်ခြင်ရမှာတွေပါ။
●  အလှုပ်အရှားမရှိတာမျိုးက ဖြစ်နိုင်ချေကို ပိုများစေပါတယ်။ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ။
●  သွေးဆုံးပြီးချိန်မှာ ဝလာတာမျိုးမဖြစ်အောင် ထိန်းသိမ်းရပါမယ်၊ ဝတဲ့လူတွေဟာ ပိန်တဲ့လူထက် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။
●  ဟော်မုန်းဆေးတွေ သောက်တာကလည်း ရင်သားကင်ဆာ အဖြစ်များစေပါတယ်၊ သွေးဆုံးကိုင်ချိန်ဝေဒနာ သက်သာအောင်ပဲဖြစ်ဖြစ် (၅ နှစ်နဲ့အထက်)၊ သန္ဓေတားဆေးတွေ သောက်တာမျိုးပဲဖြစ်ဖြစ်
●  အသက် ၃၀ ကျော်မှ ကိုယ်ဝန်စဆောင်တာ၊ ကလေးကို မိခင်နို့မတိုက်တာ စတာတွေကလည်း ပိုဖြစ်စေပါတယ်။
●  အရက်သောက်တာကလည်း မိန်းမတွေအတွက် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများစေတယ်လို့ သုတေသနပြုထားတာတွေ ရှိပါတယ်။

Dr. Htar (www.drmyanmar.com)