ရင်သားကင်ဆာ ဘယ်သူတွေမှာ ပိုဖြစ်နိုင်လဲ
1. အသက်အရွယ် - ရင်သားကင်ဆာဖြစ်တဲ့ အမျိုးသမီး 3 ယောက်အနက် 2 ယောက်က အသက် 55 နှစ်နှင့်အထက် ဖြစ်ကြပါတယ်။
2. မိသားစုရာဇဝင် - အမေ၊ အစ်မ၊ သမီးတွေမှာ ရင်သားကင်ဆာရှိမယ်ဆိုရင် သင့်မှာကင်ဆာဖြစ်နိုင်ချေ 2 ဆ ပိုများပါတယ်။
3. လူမျိုး - လူဖြူအမျိုးသမီးတွေက အာဖရိကန်-အမေရိကန် အမျိုးသမီးတွေထက်ဖြစ်နိုင်ချေပိုများပါတယ်။ သို့သော် လူမဲအမျိုးသမီးတွေမှာ ကင်ဆာဖြစ်ရင်ပိုပြီးကြီးထွားတာမြန်တဲ့အတွက် ဖြစ်လာတယ်ဆိုရင် သေနှုန်း ပိုများပါတယ်။
4. ရင်သားတစ်သျှူးသိပ်သည်းမှုများခြင်း
5. ယခင်က ရင်ဘတ်ကို ဓာတ်ရောင်ခြည်ဖြင့်ကုသဖူးခြင်း
6. ရာသီလာသည့်အကြိမ်ရေ ပုံမှန်ထက်ပိုများခြင်း ( အသက် 12 နှစ်လောက်ကစလာပြီး အသက် 55 နှစ်ကျော်မှ သွေးဆုံးခြင်း)
7. ကိုယ်ဝန်မဆောင်ဖူးခြင်း (သို့) အသက် 30 ကျော်မှ ပထမဆုံးအကြိမ် ကိုယ်ဝန်ဆောင်ခြင်း
8. ကိုယ်ဝန်တားဆေးများသောက်ခြင်း - ကိုယ်၀န်တားဆေးများသောက်နေချိန်နဲ့ ဆေးဖြတ်ပြီး 10 နှစ်အထိ ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုများပါတယ်။ 10 နှစ်နောက်ပိုင်းမှာတော့ ပုံမှန်အခြေအနေကို ပြန်ရောက်သွားပါပြီ။
9. Diethylst (DES) ဆေးသောက်ဖူးခြင်း - ကိုယ်ဝန်ပျက်ကျခြင်းကို ကာကွယ်သည့်ဆေး
10. သွေးဆုံးပြီး ဟော်မုန်းကုထုံးများ - ဒီကုထုံးတွေကိုရှောင်ရှားမယ်ဆိုရင် ရင်သားကင်ဆာဖြစ်နိုင်ချေလျော့နည်းသွားပါမယ်။
11. ကလေးကို မိခင်နို့မတိုက်ခြင်း
12. အဝလွန်ခြင်းနှင့် အဆီများသော အစားအစာများစားသုံးခြင်း
13. လေ့ကျင့်ခန်းမလုပ်ခြင်း
14. အရက်အလွန်အကျွံသောက်သုံးခြင်း - တစ်ပတ်လျှင် အရက် 1-3 ခွက်လောက်သောက်သုံးခြင်း ကတောင် ရင်သားကင်ဆာဖြစ်နိုင်ချေများပါတယ်။
Dr. Mya Myo Myo Swe






























