/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရင်သားဖွံ့ထွားစေနိုင်သော-နည်းလမ်းများ

ရင်သားဖွံ့ထွားစေနိုင်သော နည်းလမ်းများ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        ခန္ဓာကိုယ်အချိုးအစားကျနလှပပြီး စမတ်ကျကျ၀တ်ဆင်ထားသူ အမျိုးသမီးတွေကိုမြင်ရင် ကိုယ်လည်းသူ့လိုဖြစ်ချင်လိုက်တာဆိုပြီး အားကျသွားတတ်ကြတာ ပျိုမေတို့ရဲ့သဘာ၀ပါ။ ဒီလိုခန္ဓာကိုယ် အချိုးအစားကျတယ်ဆိုတာထဲမှာ ရင်သားလှချင်သူ အမျိုးသမီးလေးတွေများစွာရှိပါတယ်။ တချို့သူတွေက ဘာမှပြုပြင်စရာမလိုဘဲ နဂိုကိုက ရင်သားလှသူတွေရှိကြသလို တချို့သူတွေမှာလည်း ရင်သားလုံး၀မဖွံ့ထွားဘဲ အရွယ်အစား အလွန်သေးနေသူတွေလည်းရှိကြပါတယ်။ ဒါဟာအာဟာရပြည့်၀မှု၊ မျိုးရိုးဗီဇ စတဲ့အချက်တွေက အဓိကအခန်းကဏ္႑မှာပါ၀င်ပြီး အဆုံးအဖြတ်ပေးသွားတာလို့ ဆိုချင်ပါတယ်။ နောက်ပြီးအမျိုးသမီးတစ်ဦးရဲ့ ရင်သားတစ်သျှူးဟာ ပျိုဖော်၀င်ချိန်၊ ရာသီလာချိန်၊ ကိုယ်၀န်ဆောင်ချိန်နဲ့ သွေးဆုံးပြီးချိန်မှာ ပြောင်းလဲ တတ်ပါတယ်။ ဒီထဲမှာမှ အမျိုးသမီးတွေနဲ့ စစချင်းကြုံတွေရတာကတော့ ပျိုဖော်၀င်ချိန်ပါ။ ပျိုဖော်၀င်ချိန်မှာ ရင်သားဟာဟော်မုန်းပြောင်းလဲမှုတွေကို တုံ့ပြန်ပြီးဖွံ့ဖြိုးစပြုပါတယ်။ ရင်သားဖွံ့ဖြိုးရာမှာ အဓိကကျတဲ့ ဟော်မုန်းနှစ်ခုက အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်းပါ။ ဒီဟော်မုန်းနှစ်ခုကို အားပေးနိုင်တဲ့ အစားအစာကို စားဖြစ်ခဲ့မယ်ဆိုရင်တော့ ရင်သားဖွံ့ထွားသူတစ်ယောက်ဖြစ်နိုင်မှာပါ။ ဒါပေမယ့် မျိုးရိုးကိုက ရင်သားသေးတဲ့မျိုးရိုးဖြစ်မယ်ဆိုရင် ကိုယ့်မှာပင်ကိုရှိသလောက်ပဲဖွံ့မှာပါ။ ဒီလိုရင်သားမဖွံ့ထွားသူ အမျိုးသမီးများစွာထဲမှ ရင်သားရှိသင့်သလောက်ရှိရမှာကို မရှိလို့စိတ်ညစ်နေသူ အမျိုးသမီးလေးတွေအတွက် နည်းလမ်းကောင်းလေးတွေရှိကြောင်း ပြောပြသွားချင်ပါတယ်။ အခုဆိုရင်ရင်သားကြီးစေတဲ့ လိမ်းဆေးတွေဈေးကွက်ထဲမှာ တွင်တွင်ကျယ်ကျယ်ရနေပါပြီ။ တချို့တွေဆို ရင်သားခွဲစိတ်မှုတွေလုပ်ပြီး ရင်သားအလှကို ဖန်တီးယူနေကြသူတွေလည်း ရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့် မည်သည့်ရင်သား ဖွံ့ထွားစေတဲ့နည်းကိုမှ မသုံးလိုဘဲ သဘာ၀နည်းလမ်းကျကျ ဘေးဥပါဒ်ကင်းကင်းနဲ့ ရင်သားဖွံ့ထွားစေနိုင်တဲ့ နည်းလမ်းကောင်းလေးတွေကို ရှာဖွေနေသူပျိုမေတွေလည်းများစွာရှိပါတယ်။ ရင်သားလိမ်းဆေးတွေလို ချက်ချင်းကြီးထွားစေတဲ့ ဓာတုဓာတ်တွေမပါ၀င်ဘဲ တဖြည်းဖြည်းချင်း ရင်သားတစ်သျှူးတွေကို လှုံ့ဆော်ပေးရမှာဖြစ်တာကြောင့် သဘာ၀နည်းလမ်းတွေက အချိန်တော့ကြာတတ်ပါတယ်။ ဒါကြောင့်စိတ်ရှည်ရှည်ထားဖို့လိုပြီး နည်းလမ်းမှန်မှန်နဲ့ ချဉ်းကပ်ဖို့တော့လိုပါတယ်။ ဒါကိုတိတိကျကျလေး လိုက်နာနိုင်မယ်ဆိုရင်တော့ ရင်သားဖွံ့ထွားသူတစ်ယောက်ဖြစ်လာနိုင်မှာပါ။

 

1. လေ့ကျင့်ခန်းလုပ်ပါ 

          လက်မောင်းအားရော ပခုံးအားပါထည့်ပြီး လုပ်ရတဲ့လေ့ကျင့်ခန်းမျိုး (ဥပမာ-ဒိုက်ထိုးခြင်း) ဟာ ရင်သားကြွက်သားကိုသန်မာစေပြီး ကြွက်သားထုတက်စေပါတယ်။ ဒီလိုရင်သားကြွက်သားကို အထောက်အပ့ံဖြစ်စေမယ့် လေ့ကျင့်ခန်းတွေကို နေ့စဉ်အနည်းဆုံး မိနစ် (30) လောက် အချိန်ပေးပြီး ပုံမှန်လုပ်သွားနိုင်မယ်ဆိုရင်တော့ ရင်သားကြွက်သားထုတွေ တဖြည်းဖြည်းတက်လာပြီး ဖွံ့ထွားတဲ့ရင်သားရှိသူတစ်ယောက်ဖြစ်လာနိုင်မှာပါ။

 

2. နှိပ်နယ်ပေးပါ

          ရင်သားကို သံလွင်ဆီ ဒါမှမဟုတ် ဗန်ဒါစေ့ဆီသုံးပြီး နှိပ်နယ်ပေးပါ။ ကိုယ်အသုံးပြုမယ့်ဆီကို လက်ဖဝါးထဲထည့်ကာနှစ်မိနစ်၊ သုံးမိနစ်ကြာလောက် လက်ပူတိုက်ပေးပြီးနောက် ရင်သားကို စက်၀ိုင်းပုံသဏ္႑န်ရစ်ပတ်ပြီး လိမ်းပေးပါ။ မနက်တစ်ကြိမ်၊ ညတစ်ကြိမ်လိမ်းပေးသင့်ပြီး တစ်ကြိမ်လိမ်းရင်အကြိမ် 100-300 ထိ ရေတွက်ပြီးလိမ်းပေးပါ။ တစ်လ၊ နှစ်လလောက် ဒီလိုပုံမှန်လိမ်းသွားပေးမယ်ဆိုရင် ရင်သားတဖြည်းဖြည်းဖွံ့ထွားလာစေမှာပါ။

 

3. စမုန်စပါးစေ့ကိုသုံးပါ

        စမုန်စပါးမှာ ရင်သားကြီးစေတဲ့ အီစထရိုဂျင်ဟော်မုန်းကို များများထွက်စေနိုင်တဲ့ ဖလေဗိုနွိုက်ပါရှိကာ နို့ထွက်ကောင်းစေတဲ့ အာနိသင်ရှိတာကြောင့် နို့တိုက်မိခင်တွေအနေနဲ့လည်း စမုန်စပါးစေ့ကို စားပေးသင့်ပါတယ်။ ငါးကြီးဆီစားပွဲဇွန်း တစ်ဇွန်းစာနဲ့ စမုန်စပါးစေ့ လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစာကိုအပူပေးပါ။ စမုန်စပါးအနီရောင်ဘက်သမ်းလာသည်အထိ အပူပေးရပါမယ်။ ပြီးနောက်စမုန်စပါးစေ့ကို ဖယ်ထုတ်လိုက်ပြီး ငါးကြီးဆီကိုအအေးခံထားကာ ရင်သားတစ်၀ိုက်ကို 5-10 မိနစ်ကြာ လိမ်းပေးပါ။ မိနစ်သုံးဆယ်လောက်ထားပြီး ရေနွေးနွေးနဲ့ ဆေးချပေးပါ။ ဒီလိုနည်းအတိုင်း တစ်နေ့လျှင်နှစ်ကြိမ် တစ်လ၊ နှစ်လလောက် လုပ်ပေးသွားမယ်ဆိုရင် သင့်ရင်သားထူးခြား လာတာကိုတွေ့ရမှာပါ။ လိမ်းတဲ့နည်း မသုံးချင်ဘူးဆိုရင်တော့ စမုန်စပါးလက်ဖက်ရည် လုပ်ပြီး နေ့စဉ်သောက်ပေးလို့လည်းရပါတယ်။ စမုန်စပါး လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာကို ရေနွေး တစ်ခွက်ထဲထည့်ပြီး 10 မိနစ်ကြာ ထားကာ ရလာတဲ့စမုန်စပါးရည်ကိုသောက်ပါ။

 

4. Wheat Germ Oil(ဂျုံစေ့ဆီ)

        ဂျုံစေ့ဆီမှာ ဗီတာမင်အီးကြွယ်၀တာကြောင့် ရင်သားအိတွဲကျခြင်းကို မဖြစ်စေဘဲ ရင်သားတင်းရင်းလှပစေအောင် ထိန်းပေးနိုင်စွမ်းရှိပါတယ်။ ဂျုံစေဆီလိမ်းပေးခြင်းကြောင့် ရင်သားတစ်၀ိုက် သွေးလည်ပတ်မှုအားကောင်းစေပါတယ်။ ၄င်းဆီကိုရင်သားမှာ စက်၀ိုင်းပုံစံရစ်ပတ်ပြီး 10 မိနစ်ခန့် လိမ်းပေးပါ။ တစ်လအတွင်း သင့်ရင်သားဖွံ့ထွားတိုးတက်နှုန်း မြန်စေဖို့တစ်နေ့လျှင် 2-3 ကြိမ်လောက်လိမ်းပေးသင့်ပါတယ်။

 

Cho Thet

www.drmyanmar.com