ရာသီစက်ဝန်းဆိုင်ရာပြဿနာများ
အမျိုးသမီးများအနေနှင့် လစဉ်ပုံမှန်ရာသီစက်ဝန်းမှန်ဖို့ကို မျှော်လင့်တတ်ကြပါတယ်။ ရာသီရက် မှန်ကန်ဖို့လိုသလို ပုံမှန်ပမာဏအတိုင်း ရာသီသွေးစီးဆင်းမှသာ ကျန်းမာပျော်ရွှင်နိုင်မှာဖြစ်ပါတယ်။
1. သားအိမ်အသားလုံးများ
သားအိမ်အသားလုံးတွေဟာ ကင်ဆာမဟုတ်တဲ့ အလုံးတွေဖြစ်ပြီး အမျိုးသမီးတွေရဲ့သားအိမ်နံရံ အပြင်ဘက်၊ အတွင်းဘက်အပြင် သားအိမ်နံရံအတွင်းမှာသာမက သားအိမ်ကို နေရာတကျဖြစ်အောင် တွယ်ဆက်ပေးသော တစ်သျှူးတွေမှာပါ ဖြစ်ပေါ်နိုင်ပါတယ်။ အသက်၃၀ နှင့် ၄၀ အတွင်း အမျိုးသမီးတွေမှာ ပိုမိုအဖြစ်များတတ်ပါတယ်။ ရောဂါလက္ခဏာတွေအနေနှင့် ခါးနာခြင်း၊ မကြာခဏဆီးသွားခြင်း၊ လိင်ဆက်ဆံစဉ်နာကျင်ခြင်း၊ ဗိုက်ထဲတွင်တင်းကျပ်နေခြင်း၊ ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းတို့ကို ခံစားရနိုင်ပါတယ်။ အချို့သောသူတွေမှာတော့ မည်သည့်လက္ခဏာကိုမှ မခံစားရတာမျိုး ရှိနိုင်ပါတယ်။
Dolfenal 1

2. ရာသီလာခါနီးအချိန် ခံစားရသော လက္ခဏာစုများ (Premenstrual Syndrome)
ရာသီမလာခင် တစ်ပတ်ကနေ နှစ်ပတ်အတွင်း ခံစားရလေ့ရှိတတ်ပြီး အမျိုးသမီးအများစုဟာ PMS လက္ခဏာများကို အနည်းနှင့်အများ ခံစားဖူးလေ့ရှိပါတယ်။ ရောဂါလက္ခဏာတွေကတော့ -
● အချိုနှင့်အငန်များကို စားလိုခြင်း
● လေပွခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း
● အစာစားလိုစိတ်မရှိခြင်း
● ဝက်ခြံထွက်ခြင်း
● ရင်သားများနာခြင်း၊ ခါးနာခြင်း
● ခေါင်းကိုက်ခြင်း၊ စိတ်အတက်အကျမြန်ခြင်း
● အာရုံစူးစိုက်မရခြင်းတို့ပဲ ဖြစ်ပါတယ်။
Dolfenal 2

3. ရာသီသွေးဆင်းများခြင်း
ဟော်မုန်းမမျှတခြင်း၊ အသားလုံးများရှိခြင်း၊ သားအိမ်တွင်းသို့ သန္ဓေတားပစ္စည်း ထည့်ထားခြင်း၊ အချို့ဆေးများသောက်ခြင်းတို့ကြောင့် ရာသီသွေးဆင်းများတာ ဖြစ်ပေါ်နိုင်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ သွေးအားနည်းခြင်းနှင့်ဆီးစပ်ကိုက်ခြင်းတို့ ခံစားရနိုင်ပါတယ်။
4. ရာသီထိန်ခြင်း
ရာသီထိန်ခြင်းဆိုတာ အသက် ၁၆ နှစ်ပြည့်တဲ့အထိ ရာသီမလာခြင်း သို့မဟုတ် အပျိုဖော်ဝင်ပြီးသားသူတစ်ဦးအနေနှင့် သုံးလဆက်တိုက်နှင့်အထက် ရာသီမလာခြင်းကို ဆိုလိုပါတယ်။ ရာသီထိန်ခြင်းဟာ ကိုယ်ဝန်ရှိခြင်း၊ မိခင်နို့တိုက်နေခြင်း၊ တားဆေးများသုံးခြင်းတို့ကြောင့် ဖြစ်နိုင်သလို စိတ်ဖိစီးမှု၊ အဝလွန်ခြင်း၊ လေ့ကျင့်ခန်း အလွန်အကျွံလုပ်ခြင်း၊ ဟော်မုန်းမမျှတခြင်းတို့ကြောင့်လည်း ဖြစ်ပေါ်တတ်ပါတယ်။ ဖြစ်ပေါ်တဲ့အကြောင်းရင်းပေါ် မူတည်ပြီး ဆရာဝန် ညွှန်ကြားချက်ဖြင့် ကုသမှုခံယူရမှာ ဖြစ်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























