ရာသီပန်းပွင့်ချိန်တွင် သွေးခဲများဆင်းခြင်း
အမျိုးသမီးများအနေနှင့် ရာသီပန်းပွင့်ခြင်းကို လစဉ်ကြုံတွေ့ရပါတယ်။ တစ်ဦးချင်းပေါ် မူတည်ပြီး ရာသီလာတဲ့ အနေအထားဟာ တူညီကြမှာ မဟုတ်ပါဘူး။
ကိုယ်ခန္ဓာရှိ ဟော်မုန်းအပြောင်းအလဲများက သားအိမ်ရဲ့နံရံတွေကို တိုက်စားစေပြီး သွေးယိုစီးစေခြင်းကြောင့် ရာသီသွေးပေါ်ရခြင်း ဖြစ်ပါတယ်။ အမျိုးသမီးအများစုမှာတော့ ရာသီသွေးပေါ်စဉ်မှာ သွေးခဲများဆင်းလေ့ ရှိကြပါတယ်။ ဒီသွေးခဲတွေဟာ ရာသီသွေးများနှင့်အတူ သားအိမ်နံရံရှိတစ်သျှူးစများ ရောနှောနေခြင်း ဖြစ်ပါတယ်။
>> ဘာကြောင့် သွေးခဲများဆင်းရသလဲ?
● သားအိမ်အသားလုံးများရှိခြင်း
● သားအိမ်နံရံအတွင်းရှိ တစ်သျှူးတွေဟာ သားအိမ်ပြင်ပရှိ သားဥပြွန်များတွင်ရှိနေခြင်း
● ဟော်မုန်းများမမျှတခြင်း
● ကိုယ်ဝန်ပျက်ခြင်း
● သားအိမ်နှင့် သားအိမ်ခေါင်းကင်ဆာရှိခြင်း စသည့် အကြောင်းအရာများကြောင့် သွေးခဲများ ဆင်းတတ်ပါတယ်။
Dolfenal 1

>> ကုသနည်းတွေကတော့ ဖြစ်ရတဲ့နောက်ခံအကြောင်းအရင်းပေါ် မူတည်ပါတယ်။
● သွေးခဲဆင်းခြင်းကြောင့် သံဓာတ်နည်းစေတတ်သဖြင့် သံဓာတ်အားဆေးများ သောက်သုံးခြင်း
● ရာသီပုံမှန်ဖြစ်စေပြီး သွေးစီးဆင်းမှုနည်းပါးအောင် ဆရာဝန် ညွှန်ကြားချက်ဖြင့် ကိုယ်ဝန်တားဆေးများ သောက်ခြင်း
● သားအိမ်တွင်းသို့ ပစ္စည်းထည့်ခြင်း
● အကိုက်အခဲပျောက်ဆေးများသောက်ခြင်း
● ဟော်မုန်းဆေးများသောက်ခြင်း
● သွေးတိတ်ဆေးများသောက်ခြင်း စသည်ဖြင့် ဆရာဝန် ညွှန်ကြားချက်ဖြင့် ပြုလုပ်ရမယ့် ကုသနည်းများရှိပြီး
● သားအိမ်ကိုဖွင့်ကာ ခြစ်ထုတ်ခြင်း (D&C)
● သားအိမ်မှန်ပြောင်းကြည့်ခြင်း
● သားအိမ်နံရံအစိတ်အပိုင်းကို လှီးထုတ်ခြင်း
● ကြီးမားသောအသားလုံးများအားခွဲထုတ်ခြင်း
● လိုအပ်ပါက သားအိမ်ထုတ်ခြင်းစတဲ့ ခွဲစိတ်နည်းလမ်းများနှင့်လည်း ကုသမှုခံယူနိုင်ပါတယ်။
Dolfenal 2

ရာသီသွေး များများဆင်းလေ့ရှိသူတွေအနေနှင့် အောက်ပါအချက်တွေ ရှိနေပြီဆိုရင်တော့ ဆရာဝန်နှင့် အမြန်ဆုံးပြသဖို့ တိုက်တွန်းလိုပါတယ်။
● သွေးဆင်းတာ များလွန်းသဖြင့် ၁-၂ နာရီကြားတစ်ခါ ဂွမ်းလဲလှယ်ရခြင်း
● ရာသီလာချိန်ဟာ ၇ ရက်ထက် ပိုကြာမြင့်ခြင်း
● သွေးခဲအရွယ်ဟာ ၁ စင်တီမီတာခန့်ရှိခြင်း
● သွေးခဲအများအပြားဆင်းခြင်း
● ပြင်းထန်စွာ ဗိုက်နာကျင်ခြင်းနှင့်အတူ ပျို့အန်ခြင်း
● ကိုယ်ဝန်ဆောင်နေချိန်မှာ သွေးခဲများဆင်းခြင်း စတဲ့ အချက်တွေ ရှိနေပြီဆိုရင်တော့ နီးစပ်ရာ သားဖွားမီးယပ်ဆရာဝန်နှင့် အမြန်ဆုံး ပြသတိုင်ပင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)






























