/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/ရာသီလာချိန်မှာ-မိန်းမကိုယ်ကျန်းမာရေးကို-ဂရုစိုက်ပါ

ရာသီလာချိန်မှာ မိန်းမကိုယ်ကျန်းမာရေးကို ဂရုစိုက်ပါ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

မိန်းမကိုယ်အတွင်း ရောဂါပိုးဝင်ရောက်မှုဟာ လစဉ်ရာသီသွေးဆင်းချိန်မှာ ဖြစ်နိုင်ချေအများဆုံး ဖြစ်ပါတယ်။

ဒါကြောင့် -
●  မီးယပ်လာချိန်မှာသုံးတဲ့ Tampon ကို မကြာခဏ လဲပေးပါ။ Tampon က ရာသီသွေးတွေကို စုပ်ယူထားတာ ဖြစ်တာကြောင့် အချိန်အကြာကြီး ရာသီသွေးတွေကို မိန်းမကိုယ်အတွင်းမှာသာ ရှိနေစေပြီး pH ကို ပြောင်းလဲစေပါတယ်။ ဒီလိုဖြစ်ခြင်းမှကာကွယ်ဖို့ Tampon ကို 4-6 နာရီခြားတိုင်း လဲပေးဖို့ လိုအပ်ပါတယ်။

Dolfenal 1

●  လစဉ်သုံး ကပ်ခွာဂွမ်းထုတ်ကို အသုံးပြုသူဆိုရင်လည်း လိုအပ်တဲ့အချိန်ထက် ပိုမသုံးသင့်ပါဘူး။ 6-8 နာရီခြားတိုင်း လဲပေးရပါမယ်။
●  မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တိုင်း အရှေ့မှအနောက်သို့ သန့်စင်မှသာ နည်းလမ်းမှန် ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် သန့်စင်ပါက ဝမ်းအကြွင်းအကျန်တွေဟာ မိန်းမကိုယ်ထဲကို ဝင်ရောက်သွားပြီး ရောဂါပိုး ဝင်ရောက်မှုတွေ  ဖြစ်စေနိုင်ပါတယ်။
●  နူးညံ့ပြီးသန့်ရှင်းတဲ့ အိမ်သာသုံးစက္ကူကို အသုံးပြုပါ။ အမွှေးနံ့တွေ၊ ဓာတုပစ္စည်းတွေပါဝင်တဲ့ ထုတ်ကုန်တွေ ဒါမှမဟုတ် စိုစွတ်တဲ့အဝတ်တွေ အသုံးပြုခြင်းမှ ရှောင်ကြဉ်ပါ။

Dolfenal 2

●  ချည်သားအတွင်းခံတွေကို အသုံးပြုပါ။ ချည်သားဟာ စိုစွတ်မှုကို လျင်မြန်စွာ ခြောက်သွေ့စေပြီး လေဝင်လေထွက်လည်း ကောင်းမွန်စေပါတယ်။ စိုထိုင်းခြင်းကြောင့်ဖြစ်စေတဲ့ မှိုပေါက်ဖွားမှုမှ ဟန့်တားပေးနိုင်တဲ့အပြင်  ရောဂါပိုးဝင်ရောက်မှုကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ကြီးထွားခြင်းမှ ကာကွယ်ပေးပါတယ်။
●  ချွေးစိုနေတဲ့အဝတ်အစားတွေ ဒါမှမဟုတ် စိုစွတ်နေတဲ့အဝတ်အစားတွေကို အချိန်ကြာကြာ ဝတ်ဆင်ထားမယ်ဆိုရင် ဘက်တီးရီးယားတွေဟာ စိုစွတ်တဲ့နေရာတွေမှာ အကောင်းဆုံး ရှင်သန်ပေါက်ဖွားနိုင်တာကြောင့် ယားယံခြင်း၊ ရောင်ရမ်းခြင်းမှစကာ အနံ့ဆိုးတွေ ထွက်လာသည်အထိ ဖြစ်ပေါ်စေတဲ့ မိန်းမကိုယ်ရောဂါကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ကာယလေ့ကျင့်ခန်း လုပ်ပြီးတဲ့အခါ (သို့) ရေကူးလေ့ကျင့်ပြီးတဲ့အခါမျိုးတွေမှာ သန့်ရှင်း၊ ခြောက်သွေ့တဲ့ အဝတ်စားတွေကို ချက်ချင်း လဲပေးသင့်ပါတယ်။

CMS (www.drmyanmar.com)