ရာသီလာချိန်မှာ အတူတူနေသင့်လား
ကောင်းကျိုးများ
1. ရာသီလာစဉ်မှာခံစားရတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေပါတယ်။ ကာမဆန္ဒပြီးမြောက်ပြီးချိန်မှာ ခန္ဓာကိုယ်ကအင်ဒရိုဖင်း (Endorphin) ဟော်မုန်းထွက်လာပါတယ်။ ၎င်းဟော်မုန်းမှာ အကိုက်အခဲသက်သာစေခြင်း၊ စိတ်ခံစားမှုကောင်းမွန်စေခြင်းစတဲ့ အာနိသင်တွေရှိပါတယ်။ ဒ့ါအပြင် ရာသီလာစဉ်မှာခံစားရတဲ့ စိတ်ဓာတ်ကျခြင်း၊ ခေါင်းကိုက်ခြင်း၊ ဂဏှာမငြိမ်ဖြစ်ခြင်းတို့ကိုပါ သက်သာစေပါတယ်။
2. ရာသီလာခိျန်ကိုတိုတောင်းစေပါတယ်။ သွေးဖြင့်တင်းနေတဲ့ မိန်းမကိုယ်ဟာ အတူနေလိုက်ခြင်းကြောင့် သွေးပိုများလာပြီး ရာသီသွေးပိုဆင်းလာသဖြင့် ရာသီလာတဲ့ရက်ပမာဏကို တိုတောင်းစေပါတယ်။
ဆိုးကျိုးများ
1. ရာသီလာစဉ်မှာ သားအိမ်ခေါင်းကပွင့်နေတာကြောင့် အိမ်ထောင်နဲ့အတူနေပါက အမျိုးသမီးထံသို့ ကူးစက်ရောဂါပိုးများ ၀င်ရောက်ပျံ့နှံ့နှုန်းကိုပိုမိုမြင့်မားစေပါတယ်။ ဒါ့ကြောင့် ကွန်ဒုံးအသုံးပြုသင့်ပါတယ်။
2. ရာသီလာစဉ်အတူနေရင် ကိုယ်၀န်မရဘူးလို့ ထင်တဲ့သူတွေရှိပါတယ်။ ဒါဟာမှားပါတယ်။ ကိုယ်၀န်ရနိုင်တဲ့ အလားအလာနည်းသွားတာပဲရှိတာပါ။ လုံး၀မရနိုင်တာ မဟုတ်ပါဘူး။ ဒါ့ကြောင့် ကလေးယူဖို့ စိတ်ကူးမရှိသေး သူတွေအနေနဲ့ ကွန်ဒုံးအသုံးပြုခြင်း၊ ရာသီလာတဲ့ပထမဆုံးရက်မှာ သနေ္ဓသားဆေးများ စတင်မှီ၀ဲခြင်း (သို့) ထိုးဆေးထိုးခြင်းတို့ လုပ်ဆောင်ဖို့လိုအပ်ပါတယ်။
Dr. Htet Htet Aung






























