ရာသီလာရင် ဒါတွေကိုရှောင်ပါ
(၁) အချိုများသောအစာများနဲ့ အငန်များသောအစာများကိုရှောင်ပါ
သကြားပါဝင်မှုမြင့်မားသော အစားအစာတွေကြောင့် လေပွခြင်းနဲ့အတူ လေးလံထိုင်း မှိုင်းစေပါတယ်။ ဒါကြောင့် ကိတ်မုန့်၊ ရေခဲမုန့်၊ သကြားလုံး၊ ပေါင်မုန့် ဂျူံစတဲ့ အချိုပါဝင်မှုများသောအစာများကို အာသီသရှိပါက သစ်သီးများကို အစားထိုး စားပေးသင့်ပါတယ်။
အငန်များတဲ့အစာတွေကလည်း လေပွခြင်းနဲ့ဖောခြင်းကိုဖြစ်စေတာမို့ လျှော့စားပေးဖို့လိုပါတယ်။
(၂) ပြင်းထန်သောလေ့ကျင့်ခန်းများကို မပြုလုပ်သင့်ပါ
ရာသီလာစဉ်တွင် အစာနည်းနည်းပဲစားပြီး ပြင်းထန်သောလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းကြောင့် ရာသီရပ်တန့်ခြင်းကိုဖြစ်စေပါတယ်။ ဒီအခြေအနေမျိူးကို Amenorrhoea လို့ခေါ်ပြီး အားကစားသမားများတွင် အများဆုံးတွေ့ရတတ်ပါတယ်။
ဒီလိုမကြာခဏဖြစ်ရင် မျိုးဥအိမ်ရဲ့ ပုံမှန်လုပ် ဆောင်ချက်တွေလည်း ပြောင်းလဲလာတတ်ပြီး မျိုးအောင်ခြင်းဖြစ်ဖို့အတွက် ကောင်းမွန်တဲ့ မမျိုးဥကို မထုတ်ပေးနိုင်တဲ့အထိ ဖြစ်လာနိုင်ပါတယ်။
(၃) ကွန်ဒုံးမသုံးဘဲ အတူနေခြင်းမျိုး မပြုသင့်ပါ
သွေးဟာ ပိုးမွှားတွေကို တစ်နေရာကနေ တစ်နေရာကို လွယ်လွယ်ကူကူသယ်ဆောင်သွားနိုင်ပြီး လိင်ကတဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေ ပြန့်နှံ့စေနိုင်တာကြောင့် ဒီအချိန်မျိုးမှာ ကွန်ဒုံးမသုံးဘဲ အတူနေတာမျိုး မပြုလုပ်သင့်ပါဘူး။
(၄) နို့နဲ့ နို့ထွက် ပစ္စည်းတွေကို ခေတ္တရှောင်ပါ
ရာသီလာစဉ်မှာ နို့နဲ့ နို့ထွက်ပစ္စည်းတွေကို စားသုံးခြင်းဖြင့် ဗိုက်ကယ်တာ၊ လေပွတာကို ပိုဆိုးစေပါတယ်။ ဒါ့ကြောင့် ဒီလိုအခြေအနေမျိုးမှာ ခေတ္တခဏတော့ ရှောင်ထားသင့်ပါတယ်။
pH Care 1

(၅) လစဉ်သုံး ဂွမ်းထုပ်တွေကို အချိန်အကြာကြီး ဝတ်ဆင်ထားတာမျိုး ရှောင်ပါ
ရာသီသိပ်များတဲ့ရက်တွေဆိုရင် 3-6 နာရီတစ်ခါခြားတိုင်း အသစ်လဲပါ။ ရာသီပုံမှန်ရက်တွေဆိုရင်တော့ 4-6 နာရီခြားပြီး လဲလှယ်ပါ။
(၆) အိပ်ရေး၀၀မအိပ်တာမျိုးမဖြစ်အောင် ဆင်ခြင်ပါ
ညဘက်အိပ်ရေးမဝရင် စိတ်ဖိစီးမှုတွေကိုဖြစ်စေတဲ့ Cortisol ဆိုတဲ့ ဟော်မုန်းတစ်မျိုး ထွက်လာပါတယ်။ ဒီလို ဟော်မုန်းမညီမမျှဖြစ်ရင် ရာသီလာစဉ် နာကျင်တဲ့ဝေဒနာကို ပိုမိုခံစားရစေပါတယ်။
(၇) ကော်ဖီတွေ အများကြီး မသောက်ပါနဲ့
ကဖင်းဓာတ်က ရာသီလာစဉ် ဗိုက်နာတာ၊ လေပွတာတွေကို ပိုဆိုးစေတဲ့အတွက် ရာသီလာစဉ် ကော်ဖီလျှော့သောက်ပါ။
(၈) ဆေးလိပ်ရှောင်ပါ
ဆေးလိပ်က ကျန်းမာရေးအတွက် ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့အပြင် ရာသီလာနေစဉ်မှာဆိုရင် ဗိုက်နာ ဗိုက်အောင့်တာကို ပိုပြီးတော့တောင် ဆိုးဝါးစေပါတယ်။
လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)
pH Care 2

(၁) အခ်ဳိမ်ားေသာအစာမ်ားနဲ႔ အငန္မ်ားေသာအစာမ်ားကိုေရွာင္ပါ
သၾကားပါ၀င္မႈျမင့္မားေသာ အစားအစာေတြေၾကာင့္ ေလပြျခင္းနဲ႔အတူ ေလးလံထိုင္း မိႈင္းေစပါတယ္။ ဒါေၾကာင့္ ကိတ္မုန္႔၊ ေရခဲမုန္႔၊ သၾကားလံုး၊ ေပါင္မုန္႕ ဂ်ံဴစတဲ့ အခ်ဳိပါ၀င္မႈမ်ားေသာအစာမ်ားကို အာသီသရွိပါက သစ္သီးမ်ားကို အစားထိုး စားေပးသင့္ပါတယ္။
အငန္မ်ားတဲ့အစာေတြကလည္း ေလပြျခင္းနဲ႔ေဖာျခင္းကိုျဖစ္ေစတာမို႔ ေလွ်ာ့စားေပးဖို႔လိုပါတယ္။
(၂) ျပင္းထန္ေသာေလ့က်င့္ခန္းမ်ားကို မျပဳလုပ္သင့္ပါ
ရာသီလာစဥ္တြင္ အစာနည္းနည္းပဲစားၿပီး ျပင္းထန္ေသာေလ့က်င့္ခန္းမ်ားကို ျပဳလုပ္ျခင္းေၾကာင့္ ရာသီရပ္တန္႔ျခင္းကိုျဖစ္ေစပါတယ္။ ဒီအေျခအေနမ်ိဴးကို Amenorrhoea လို႔ေခၚၿပီး အားကစားသမားမ်ားတြင္ အမ်ားဆံုးေတြ႕ရတတ္ပါတယ္။
ဒီလိုမၾကာခဏျဖစ္ရင္ မ်ဳိးဥအိမ္ရဲ့ ပံုမွန္လုပ္ ေဆာင္ခ်က္ေတြလည္း ေျပာင္းလဲလာတတ္ၿပီး မ်ဳိးေအာင္ျခင္းျဖစ္ဖို႔အတြက္ ေကာင္းမြန္တဲ့ မမ်ဳိးဥကို မထုတ္ေပးနိုင္တဲ့အထိ ျဖစ္လာႏုိ္င္ပါတယ္။
(၃) ကြန္ဒံုးမသံုးဘဲ အတူေနျခင္းမ်ိဳး မျပဳသင့္ပါ
ေသြးဟာ ပိုးမႊားေတြကို တစ္ေနရာကေန တစ္ေနရာကို လြယ္လြယ္ကူကူသယ္ေဆာင္သြားႏိုင္ၿပီး လိင္ကတဆင့္ကူးစက္တတ္တဲ့ ေရာဂါပိုးေတြ ျပန္႔ႏွံ႔ေစႏိုင္တာေၾကာင့္ ဒီအခ်ိန္မ်ိဳးမွာ ကြန္ဒံုးမသံုးဘဲ အတူေနတာမ်ိဳး မျပဳလုပ္သင့္ပါဘူး။
(၄) ႏို႔နဲ႔ ႏို႔ထြက္ ပစၥည္းေတြကို ေခတၱေရွာင္ပါ
ရာသီလာစဥ္မွာ ႏို႔နဲ႔ ႏို႔ထြက္ပစၥည္းေတြကို စားသံုးျခင္းျဖင့္ ဗိုက္ကယ္တာ၊ ေလပြတာကို ပိုဆိုးေစပါတယ္။ ဒါ့ေၾကာင့္ ဒီလိုအေျခအေနမ်ိဳးမွာ ေခတၱခဏေတာ့ ေရွာင္ထားသင့္ပါတယ္။
(၅) လစဥ္သံုး ဂြမ္းထုပ္ေတြကို အခ်ိန္အၾကာႀကီး ၀တ္ဆင္ထားတာမ်ိဳး ေရွာင္ပါ
ရာသီသိပ္မ်ားတဲ့ရက္ေတြဆိုရင္ 3-6 နာရီတစ္ခါျခားတိုင္း အသစ္လဲပါ။ ရာသီပံုမွန္ရက္ေတြဆိုရင္ေတာ့ 4-6 နာရီျခားၿပီး လဲလွယ္ပါ။
(၆) အိပ္ေရး၀၀မအိပ္တာမ်ိဳးမျဖစ္ေအာင္ ဆင္ျခင္ပါ
ညဘက္အိပ္ေရးမ၀ရင္ စိတ္ဖိစီးမႈေတြကိုျဖစ္ေစတဲ့ Cortisol ဆိုတဲ့ ေဟာ္မုန္းတစ္မ်ိဳး ထြက္လာပါတယ္။ ဒီလို ေဟာ္မုန္းမညီမမွ်ျဖစ္ရင္ ရာသီလာစဥ္ နာက်င္တဲ့ေ၀ဒနာကို ပိုမိုခံစားရေစပါတယ္။
(၇) ေကာ္ဖီေတြ အမ်ားႀကီး မေသာက္ပါနဲ႔
ကဖင္းဓာတ္က ရာသီလာစဥ္ ဗိုက္နာတာ၊ ေလပြတာေတြကို ပိုဆိုးေစတဲ့အတြက္ ရာသီလာစဥ္ ေကာ္ဖီေလွ်ာ့ေသာက္ပါ။
(၈) ေဆးလိပ္ေရွာင္ပါ
ေဆးလိပ္က က်န္းမာေရးအတြက္ ဘယ္ေတာ့မွ ေကာင္းက်ိဳးမေပးတဲ့အျပင္ ရာသီလာေနစဥ္မွာဆိုရင္ ဗိုက္နာ ဗိုက္ေအာင့္တာကို ပိုၿပီးေတာ့ေတာင္ ဆိုး၀ါးေစပါတယ္။
ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)





























