ရာသီသွေး အရောင်အမျိုးမျိုး
ရာသီသွေးအရောင်ကို ကြည့်ပြီး သိနိုင်သော ကျန်းမာရေးအချက် (7) ချက် ရှိပါတယ်။
1. ပန်းရောင်သန်းသော ရာသီသွေး
ရာသီသွေး ပန်းရောင်သန်းခြင်းက အီစရိုဂျင်ဟော်မုန်းနည်းနေလို့ ဖြစ်နိုင်ပါတယ်။ အားကစားသမား အထူးသဖြင့် အပြေးသမားတွေမှာ အီစရိုဂျင် နည်းတတ်ပါတယ်။ သတိထားရမှာက အီစရိုဂျင်နည်းတဲ့သူတွေက အသက်ကြီးလာတဲ့အခါမှာ အရိုးပွရောဂါ ဖြစ်နိုင်ခြေရှိတယ်လို့ လေ့လာမှုအချို့မှာ တွေ့ရှိရပါတယ်။
2. အရောင်မရှိသော၊ ရေကဲ့သို့ ဖြစ်နေသော ရာသီသွေး
အရောင် လုံးဝနီးပါး မရှိသော (သို့) ပန်းရောင် အလွန်အမင်း ဖျော့တော့သော ရာသီသွေးတွေက အာဟာရဓာတ် ချို့တဲ့ခြင်း (သို့) သားဥအိမ်ကင်ဆာရှိခြင်းကို ညွှန်ပြနေပါတယ်။ သားဥပြွန်ကင်ဆာက မီးယပ်ကင်ဆာအားလုံးရဲ့ 2% အောက်သာ တွေ့ရတဲ့အတွက် အရမ်းလည်း စိတ်မလှုပ်ရှားပါနဲ့။
3. အညိုရင့်ရောင်
အညိုရင့်ရောင် (သို့) နီညိုရောင် ရာသီသွေးတွေကတော့ သားအိမ်ထဲမှာ သွေးကျန်တွေ အချိန်အတော်ကြာအောင် ကျန်ရှိနေတဲ့ အဓိပ္ပာယ်ပါ။ ဘာကြောင့် ဒီလိုဖြစ်ရတယ်ဆိုတာကို မသိပေမယ့် ဒါက ပုံမှန်ဖြစ်လေ့ရှိတဲ့အရာ ဖြစ်ပါတယ်။
4. ပျစ်ခဲပြီး သွေးခဲများနှင့်အတူ ယိုလိုမျိုး ဖြစ်နေခြင်း
နီညိုရောင် သွေးခဲတွေနဲ့အတူ ယိုကဲ့သို့သော သွေးဆင်းခြင်းက ပရိုဂျက်စတုန်းနည်းပြီး အီစရိုဂျင် များတဲ့ အဓိပ္ပာယ်ပါ။ အများအားဖြင့်တော့ ဘာအကြောင်းမှမရှိ၊ ဘာအဓိပ္ပာယ်မှ မသက်ရောက်ပါဘူး။ သို့သော်လည်း သွေးခဲအရွယ်အစားကြီးပါက ဟော်မုန်းမညီမျှလို့ ဖြစ်နိုင်ပါတယ်။ သားအိမ်ထဲမှာ အသားလုံးရှိရင်လည်း ဖြစ်တတ်ပါတယ်။
5. မီးခိုးရောင် (သို့) မီးခိုးနှင့်အနီ ရောထားသောအရောင်
ဒီအရောင် ဆင်းစေတဲ့ အချက် 2 ချက် ရှိပါတယ်။ ကိုယ်ဝန်မရှိဘူးဆိုရင် ဒါက လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါတစ်မျိုးမျိုးကို ပြတာ ဖြစ်နိုင်ပါတယ်။ ရာသီပျောက်နေတယ်ဆိုရင် အစောပိုင်း ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။
6. Cranberry (ဆော့လုပ်သော အနီရောင် ဘယ်ရီသီးအချဉ်) အရောင်
ဒီအရောင်က ကျန်းမာပြီး ကောင်းမွန်တယ်လို့ ဆိုလိုပါတယ်။ သတိထားရမယ့်အချက်က လူတစ်ယောက်အတွက် ပုံမှန်လို့ ယူဆရတဲ့အချက်က တခြားသူမှာ ပုံမှန်မဟုတ်တာ ဖြစ်နိုင်တဲ့အတွက် ဆရာဝန်နဲ့ ပုံမှန်ဆေးစစ်မှုခံယူခြင်းက ကောင်းတဲ့အလေ့အကျင့်ပဲ ဖြစ်ပါတယ်။
7. လိမေ္မာ်ရောင်
လိမေ္မာ်ရောင် ရာသီသွေးက ရောဂါပိုး ဝင်နေတာကို ဆိုလိုပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါ ဆိုရင်တော့ ရာသီသွေး အနံ့ဆိုးပြီး နာကျင်မှုတွေကိုပါ အတူခံစားရနိုင်ပါတယ်
Dr. Mya Myo Myo Swe (www.drmyanmar.com)






























