/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/လစဉ်တိုင်းမှာ-နာကျင်ကိုက်ခဲမှုတွေ-ခံစားနေရလို့-စိတ်ညစ်နေပြီလား

လစဉ်တိုင်းမှာ နာကျင်ကိုက်ခဲမှုတွေ ခံစားနေရလို့ စိတ်ညစ်နေပြီလား

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

ရာသီလာစဉ် ကိုက်ခဲမှုများဟာ အဖြစ်များလေ့ရှိတဲ့အတွက် အမျိုးသမီးတိုင်းနီးပါး ခံစားဖူးကြပါလိမ့်မယ်။
ရာသီလာစဉ်မှာ ဝမ်းဗိုက်ကြွက်သားများ နာကျင်ရာကနေ ခါးနှင့်ပေါင်များတွင်ပါ ကိုက်ခဲမှုများဖြစ်ပေါ်ခြင်းကို ရာသီကြောင့် ကိုက်ခဲခြင်းလို့ သတ်မှတ်ထားပါတယ်။

>>  ဘာကြောင့် ဖြစ်ပေါ်ရသလဲ?
●  သားအိမ်ရှိ ကြွက်သားနံရံတွေ ညှစ်ခြင်းကြောင့် ရာသီလာစဉ် နာကျင်ကိုက်ခဲတတ်ပါတယ်။
●  သာမန်အချိန်တွေမှာတော့ သားအိမ်ညှစ်ခြင်းဟာ ညင်သာတတ်တဲ့အတွက် နာကျင်မှုကို ခံစားရလေ့ မရှိပါဘူး။
●  ရာသီလာစဉ်မှာတော့ သားအိမ်ကြွက်သားတွေဟာ ပြင်းထန်စွာ ညှစ်လေ့ရှိတဲ့အတွက် နာကျင်ခြင်းကို ခံစားရတတ်ပါတယ်။
●  အချို့အမျိုးသမီးတွေမှာတော့ Prostaglandin လို့ခေါ်တဲ့ ဓာတ်တွေ ပိုမိုစုပုံနေတတ်တာမို့ အခြားအမျိုးသမီးတွေထက်ပိုပြီး နာကျင်မှုကို ခံစားရတတ်ပါတယ်။
●  သားအိမ်အသားလုံးတည်ခြင်း၊ သားအိမ်တစ်သျှူးများဟာ မျိုးဥအိမ်/သားဥပြွန်စတဲ့ သားအိမ်ပြင်ပတွင်ရှိနေခြင်း၊ တင်ပဆုံကွင်းတွင်းပိုးဝင်ခြင်းစတဲ့ အခြေအနေများတွင်လည်း ရာသီလာစဉ် ကိုက်ခဲခြင်းကို ရင်ဆိုင်ရတတ်ပါတယ်။
●  သားအိမ်ထဲတွင် သားသမီးမရအောင်ထည့်သော IUD ပစ္စည်းကြောင့်လည်း နာကျင်ခြင်းနှင့်အတူ ရာသီမမှန်ခြင်း၊ ရာသီစက်ဝန်း တစ်ခုနှင့်တစ်ခုကြား သွေးဆင်းခြင်း၊ အနံ့ဆိုးများဆင်းခြင်း၊ လိင်ဆက်ဆံစဉ် နာကျင်ခြင်းတို့ကို ခံစားရတတ်ပါတယ်။

Dolfenal 1

>>  ရာသီလာစဉ် နာကျင်ခြင်းကို သက်သာစေမယ့် နည်းလမ်းများကတော့ -
(၁)  အကိုက်အခဲပျောက်ဆေးသောက်ခြင်း
(၂)  ဆေးလိပ်ဖြတ်ခြင်း
(၃  ရေနွေးအိတ်ကပ်ခြင်း
(၄)  ရေနွေးဖြင့် ရေစိမ်ချိုးခြင်း
(၅)  နှိပ်နယ်ခြင်း
(၆)  ယောဂကဲ့သို့ ကြွက်သားပျော့ပျောင်းစေမယ့် လှုပ်ရှားမှုများ ပြုလုပ်ခြင်း
(၇)  ဆရာဝန်ညွှန်ကြားချက်ဖြင့် သန္ဓေတားဆေးများ သောက်ခြင်း
အထက်ပါနည်းလမ်းများဖြင့် မသက်သာပါက ဆရာဝန်နှင့်တိုင်ပင်ပြီး အာထရာဆောင်းရိုက်ခြင်း၊ သွေးနှင့်ဆီးစစ်ဆေးခြင်းတို့ကို ပြုလုပ်ပြီး အဖြေရှာပြီး နောက်ခံအကြောင်းရင်းကို ရှာဖွေရမှာ ဖြစ်ပါတယ်။
ရာသီလာစဉ် နာကျင်ကိုက်ခဲခြင်းကြောင့်တော့ မျိုးပွားမှုကို ထိခိုက်စေမှာ မဟုတ်ပေမယ့် တင်ပဆုံကွင်းအတွင်းပိုးဝင်ခြင်း၊ သားအိမ်ပြင်ပတွင် သားအိမ်တစ်သျှူးများရှိခြင်း စတဲ့ နောက်ခံအကြောင်းရင်းများရှိပါက သားသမီးမရနိုင်တဲ့အခြေအနေနှင့် ရင်ဆိုင်ရတတ်တာမို့ စောစီးစွာ ကုသမှုခံယူဖို့ လိုပါတယ်။

www.drmyanmar.com

Dolfenal 2

(Zawgyi)

ရာသီလာစဥ္ ကိုက္ခဲမႈမ်ားဟာ အျဖစ္မ်ားေလ့ရွိတဲ့အတြက္ အမ်ိဳးသမီးတိုင္းနီးပါး ခံစားဖူးၾကပါလိမ့္မယ္။
ရာသီလာစဥ္မွာ ဝမ္းဗိုက္ႂကြက္သားမ်ား နာက်င္ရာကေန ခါးႏွင့္ေပါင္မ်ားတြင္ပါ ကိုက္ခဲမႈမ်ားျဖစ္ေပၚျခင္းကို ရာသီေၾကာင့္ ကိုက္ခဲျခင္းလို႔ သတ္မွတ္ထားပါတယ္။

>>  ဘာေၾကာင့္ ျဖစ္ေပၚရသလဲ?
●  သားအိမ္ရွိ ႂကြက္သားနံရံေတြ ညႇစ္ျခင္းေၾကာင့္ ရာသီလာစဥ္ နာက်င္ကိုက္ခဲတတ္ပါတယ္။
●  သာမန္အခ်ိန္ေတြမွာေတာ့ သားအိမ္ညႇစ္ျခင္းဟာ ညင္သာတတ္တဲ့အတြက္ နာက်င္မႈကို ခံစားရေလ့ မရွိပါဘူး။
●  ရာသီလာစဥ္မွာေတာ့ သားအိမ္ႂကြက္သားေတြဟာ ျပင္းထန္စြာ ညႇစ္ေလ့ရွိတဲ့အတြက္ နာက်င္ျခင္းကို ခံစားရတတ္ပါတယ္။
●  အခ်ိဳ႕အမ်ိဳးသမီးေတြမွာေတာ့ Prostaglandin လို႔ေခၚတဲ့ ဓာတ္ေတြ ပိုမိုစုပုံေနတတ္တာမို႔ အျခားအမ်ိဳးသမီးေတြထက္ပိုၿပီး နာက်င္မႈကို ခံစားရတတ္ပါတယ္။
●  သားအိမ္အသားလုံးတည္ျခင္း၊ သားအိမ္တစ္သွ်ဴးမ်ားဟာ မ်ိဳးဥအိမ္/သားဥႁပြန္စတဲ့ သားအိမ္ျပင္ပတြင္ရွိေနျခင္း၊ တင္ပဆုံကြင္းတြင္းပိုးဝင္ျခင္းစတဲ့ အေျခအေနမ်ားတြင္လည္း ရာသီလာစဥ္ ကိုက္ခဲျခင္းကို ရင္ဆိုင္ရတတ္ပါတယ္။
●  သားအိမ္ထဲတြင္ သားသမီးမရေအာင္ထည့္ေသာ IUD ပစၥည္းေၾကာင့္လည္း နာက်င္ျခင္းႏွင့္အတူ ရာသီမမွန္ျခင္း၊ ရာသီစက္ဝန္း တစ္ခုႏွင့္တစ္ခုၾကား ေသြးဆင္းျခင္း၊ အနံ႔ဆိုးမ်ားဆင္းျခင္း၊ လိင္ဆက္ဆံစဥ္ နာက်င္ျခင္းတို႔ကို ခံစားရတတ္ပါတယ္။

>>  ရာသီလာစဥ္ နာက်င္ျခင္းကို သက္သာေစမယ့္ နည္းလမ္းမ်ားကေတာ့ -
(၁)  အကိုက္အခဲေပ်ာက္ေဆးေသာက္ျခင္း
(၂)  ေဆးလိပ္ျဖတ္ျခင္း
(၃  ေရေႏြးအိတ္ကပ္ျခင္း
(၄)  ေရေႏြးျဖင့္ ေရစိမ္ခ်ိဳးျခင္း
(၅)  ႏွိပ္နယ္ျခင္း
(၆)  ေယာဂကဲ့သို႔ ႂကြက္သားေပ်ာ့ေပ်ာင္းေစမယ့္ လႈပ္ရွားမႈမ်ား ျပဳလုပ္ျခင္း
(၇)  ဆရာဝန္ၫႊန္ၾကားခ်က္ျဖင့္ သေႏၶတားေဆးမ်ား ေသာက္ျခင္း
အထက္ပါနည္းလမ္းမ်ားျဖင့္ မသက္သာပါက ဆရာဝန္ႏွင့္တိုင္ပင္ၿပီး အာထရာေဆာင္း႐ိုက္ျခင္း၊ ေသြးႏွင့္ဆီးစစ္ေဆးျခင္းတို႔ကို ျပဳလုပ္ၿပီး အေျဖရွာၿပီး ေနာက္ခံအေၾကာင္းရင္းကို ရွာေဖြရမွာ ျဖစ္ပါတယ္။
ရာသီလာစဥ္ နာက်င္ကိုက္ခဲျခင္းေၾကာင့္ေတာ့ မ်ိဳးပြားမႈကို ထိခိုက္ေစမွာ မဟုတ္ေပမယ့္ တင္ပဆုံကြင္းအတြင္းပိုးဝင္ျခင္း၊ သားအိမ္ျပင္ပတြင္ သားအိမ္တစ္သွ်ဴးမ်ားရွိျခင္း စတဲ့ ေနာက္ခံအေၾကာင္းရင္းမ်ားရွိပါက သားသမီးမရႏိုင္တဲ့အေျခအေနႏွင့္ ရင္ဆိုင္ရတတ္တာမို႔ ေစာစီးစြာ ကုသမႈခံယူဖို႔ လိုပါတယ္။

www.drmyanmar.com