/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/လတစ်လရဲ့-စိတ်အပင်ပန်းဆုံးအချိန်တွေကို-အခက်အခဲမရှိ-ကျော်ဖြတ်ဖို့

လတစ်လရဲ့ စိတ်အပင်ပန်းဆုံးအချိန်တွေကို အခက်အခဲမရှိ ကျော်ဖြတ်ဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတိုင်းဟာ ရာသီစက်ဝန်းနဲ့လိုက်ပြီး ဟော်မုန်းအပြောင်းအလဲ၊ ကိုယ်စိတ်အပြောင်းအလဲတွေ ဖြစ်တတ်ကြပါတယ်။ အထူးသဖြင့် ရာသီမလာခင် ရက်ပိုင်းလောက်မှာ အသိသာဆုံးပေါ့။ ဒီရာသီမလာခင် လက္ခဏာတွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီတတ်ပါဘူး။ ယေဘုယျအားဖြင့်တော့ ရင်သားလေးနာကျင်တာ၊ ဗိုက်အောင့်တာ၊ လေပွတာလောက်ပဲ ဖြစ်တတ်ပေမယ့် အများစုမှာ ဒီထက်ပိုဆိုးလေ့ရှိပါတယ်။ တချို့မှာ စိတ်အပြောင်းအလဲတွေဖြစ်ပြီး စိတ်မကြည်တာ၊ အလိုမကျတာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုလက္ခဏာတွေဟာ အလုပ်မှာ၊ အိမ်မှာ ထိခိုက်မှုတွေရှိလာနိုင်သလို မိသားစု၊ သူငယ်ချင်း၊ ချစ်သူရည်းစားတွေကြားမှာလည်း အထင်လွဲမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ကိုယ့်ဟော်မုန်း၊ ကိုယ့်ခံစားချက်တွေကို မထိန်းချုပ်နိုင်လို့ စိတ်ပင်ပန်းရတတ်ပါတယ်။

Dolfenal 1

>>  ဒါကို သက်သာစေဖို့ ဘာတွေလုပ်ပေးနိုင်သလဲ?
1.  သူငယ်ချင်းမိတ်ဆွေ အမျိုးသမီးတွေနဲ့ စကားပြောပါ။
ကိုယ့်အချင်းချင်း မျှဝေပြောဆိုခြင်းဖြင့် ဒီလိုတွေခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ကြောင်း သိနိုင်တဲ့အပြင် တစ်ခုခု ပုံမမှန်တာတွေ့ရင်လည်း ဆရာဝန်နဲ့ စကားပြောဖို့ လိုပါတယ်။

2.  ကောင်းကောင်းစားပေးပါ။
ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပေးတာက ရာသီမလာခင်လက္ခဏာတွေကို သက်သာစေနိုင်ပြီး ဆားများတဲ့ အစားအသောက်တွေက ဗိုက်ပွဗိုက်ကယ်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အသင့်စားတွေ၊ အကြော်အလှော်တွေကိုရှောင်ပြီး အသီးအရွက်တွေ၊ ပရိုတင်းအသားတွေ များများစားပေးပါ။ သွေးတွင်းအချိုဓာတ်ပမာဏလည်း ညီမျှဖို့လိုတာမို့ ရာသီမလာခင် ရက်ပိုင်းတွေမှာ အချိုရည်တွေ၊ ကော်ဖီတွေ၊ အရက်တွေကို ရှောင်ပေးဖို့လိုပါတယ်။

Dolfenal 2

3.  လေ့ကျင့်ခန်းလုပ်ပါ။
ရာသီမလာခင် လက္ခဏာတွေပေါ်နေချိန်မှာ စွမ်းအင်တွေလည်း လျော့နည်းနေတတ်ပါတယ်။ ဒါပေမဲ့ ဒီအချိန်ဟာ လှုပ်လှုပ်ရှားရှားနေသင့်တဲ့ အချိန်တစ်ခုပါပဲ။ ဒီအချိန်မှာ လှုပ်လှုပ်ရှားရှားနေတာဟာ ကိုယ်ရောစိတ်ပါ လက္ခဏာတွေကို သက်သာစေနိုင်ပြီး စိတ်ဖိစီးမှုတွေကိုပါ လျှော့ချပေးနိုင်ပါတယ်။

4.  တားဆေးကို ပြန်လည်သုံးသပ်ပါ။
တားဆေးဆိုတာ ကိုယ်ခန္ဓာ ဟော်မုန်းအပြောင်းအလဲကို ဖြစ်စေနိုင်တယ်ဆိုပေမယ့် အမျိုးသမီး အတော်များများဟာ နေ့စဉ်ရက်ဆက်သုံးနေရတာမို့ သတိမမူမိတတ်ကြပါဘူး။ တားဆေးတွေရဲ့ ဟော်မုန်းအပြောင်းအလဲတွေဟာ တချို့မှာ ရာသီမလာခင်လက္ခဏာတွေကို သက်သာစေနိုင်ပေမယ့် တချို့မှာတော့ ပိုဆိုးစေနိုင်ပါတယ်။ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ရွေးချယ်စေချင်ပါတယ်။ ရွေးချယ်ရခက်နေရင်လည်း သောက်ဆေးကိုရပ်ပြီး တခြားတားနည်းတစ်မျိုးမျိုးကို စဉ်းစားကြည့်နိုင်ပါတယ်။

Dr. Mya Phoo Ngon (www.drmyanmar.com)