/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သက်လတ်ပိုင်းကို-ဝင်လာတဲ့-အမျိုးသမီးတွေ-ဘယ်လိုအရေပြားပြဿနာတွေ

သက်လတ်ပိုင်းကို ဝင်လာတဲ့ အမျိုးသမီးတွေ ဘယ်လိုအရေပြားပြဿနာတွေ ကြုံတွေ့ရတတ်သလဲ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အသက် ၃၀ အတွင်း ဝင်လာတာနဲ့ အမျိုးသမီးတွေတင်မက အမျိုးသားတွေပါ အပြောင်းအလဲတွေ စတင်ဖြစ်ပေါ်လာပါတော့တယ်နော်။ အပြင်ပိုင်းတင်မကပါဘူး။ အတွင်းစိတ်သဏ္ဌာန်ပါ မာကြောတင်းမာလာတာကြောင့် ဘေးပတ်ဝန်းကျင်က လူတွေကတောင် အရင်တုန်းကလောက် ရယ်ရယ်မောမော မရှိတော့သလိုပဲလိုများ ပြောနေကြပြီလား?

          အသက် ၃၀ တွင်းဟာ တကယ်တော့ အတော်နေလို့ကောင်းတဲ့ အသက်အရွယ် အပိုင်းအခြားပါ။ အချစ််ရေးရာလည်း ငြိမ်သက်နေပြီဖြစ်သလို အလုပ်အကိုင်လည်းအခြေကျ၊ ငွေရေးကြေးရေးလေးလည်း အဆင်ပြေပြီး ဘဝကြီးမှာ နေပျော်လာတဲ့အရွယ်ဆိုလည်း ဟုတ်တာပေါ့။ ဒါပေမဲ့လည်း ၃၀ တွင်းဆိုတာ ကိုယ့်ရဲ့အသားအရေ၊ ကိုယ်ခန္ဓာနဲ့ အသွင်အပြင်တွေ ပြောင်းလဲလာပြီဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိတဲ့အရွယ်လည်း ဖြစ်နေပြန်ပါတယ်။

Bio-Oil 1

>>    အသက် ၃၀ တွင်းမှာ အရေပြားပြဿနာ

●        မျက်လုံးဘေးက အရေးအကြောင်းလေးတွေကစလို့ အရေးအကြောင်းလေးတွေ ပေါ်စပြုလာပြီပေါ့။

●        တစ်ခါတလေ ကံမကောင်းအကြောင်းမလှဘဲ ဆယ်ကျော်သက်အရွယ်ကတည်းက ပျောက်သွားတဲ့ ဝက်ခြံတွေ ပြန်ပေါ်လာတာ၊ တစ်ခါမှမပေါက်ဖူးဘဲ အခုမှ ထပေါက်တာတွေ ဖြစ်လာတတ်ပါတယ်။ ဟော်မုန်း အပြောင်းအလဲကြောင့်ပေါက်တဲ့ လူကြီးဝက်ခြံပေါ့။

●        အရင်တုန်းက နေရောင်ခံခဲ့သမျှဒဏ်တွေကလည်း အခုမှ အမည်းစက်တွေနဲ့ အသားအရေ မညီမညာတွေ ဖြစ်လာတော့တာပေါ့။

●        အရင်က ထူထူထဲထဲ ဆံနွယ်လေးတွေကလည်း ပါးလျလာပါတော့တယ်။

          အဓိကပြဿနာအရင်းခံကတော့ ဟော်မုန်းပါပဲ။ အမျိုးသားတွေထက်စာရင် အမျိုးသမီးတွေမှာ ပိုသိသာတာပေါ့။ အဓိကဟော်မုန်းအပြောင်းအလဲတွေဟာ အသက် ၃၀ ဝန်းကျင်လောက်မှာ စဖြစ်ပါတယ်။ အမျိုးသမီးဟော်မုန်းတွေ တဖြည်းဖြည်း လျော့နည်းလာတဲ့အခါ ဆံပင်တွေ ပါးလျလာပြီး အရေပြားပြဿနာတွေ ဖြစ်လာတာပေါ့။ ကြီးထွားဟော်မုန်းပမာဏလည်း လျော့နည်းလာတဲ့အတွက် ကော်လဂျင်ထုတ်လုပ်မှုလည်း နည်းပါးလာပြီး အရေပြားတွေ လျော့တွဲလာပါတော့တယ်။ အသက် ၁၈ နှစ်အရွယ်မှာ ကြီးထွာဟော်မုန်းပမာဏက ၉၀၀ ဝန်းကျင်ရှိပေမယ့် အသက် ၃၀ လောက်မှာ ၂၀၀ လောက်ကို လျော့ကျသွားပါတယ်။ အမျိုးသားတွေမှာလည်း အမျိုးသားဟော်မုန်း တက်စတိုစတီရုန်းနဲ့ DHT ပမာဏ လျော့နည်းလာတာကြောင့် အရေပြားပြဿနာတွေ မကြုံတွေ့ရပေမယ့်လည်း ထိပ်ပြောင်လာပါတယ်။

          ဟော်မုန်းပမာဏ အပြောင်းအလဲကြောင့် အသက် ၃၀ အရွယ်မှာ လူတိုင်းအပြောင်းအလဲတွေ ကြုံတွေ့ရပေမယ့် နေပူခံလွန်းသူတွေ၊ အရက်သောက်သူ၊ ဆေးလိပ်သောက်သူ၊ လေ့ကျင့်ခန်း ပုံမှန်မလုပ်သူတွေနဲ့ ကျန်းမာရေးနဲ့ ညီညီညွတ်ညွတ် မစားသူတွေမှာတော့ ပိုပြီးအပြောင်းအလဲများတာကို တွေ့ရမှာပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio-Oil 2

(Unicode)



Dr. Mya Phoo Ngon (www.drmyanmar.com)