/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သနေ္ဓတားဆေး-သောက်နေတုန်း-ရာသီမပေါ်ရင်-ကိုယ်ဝန်ရှိပြီလား

သနေ္ဓတားဆေး သောက်နေတုန်း ရာသီမပေါ်ရင် ကိုယ်ဝန်ရှိပြီလား?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          သနေ္ဓတားဆေး သောက်နေတုန်းမှာ ရာသီမလာတော့ပေမယ့် ကိုယ်ဝန်ရှိနေပြီလို့ ယူဆလို့မရပါဘူး။ ဆေးသောက်ဖို့ မမေ့ဘဲ ပုံမှန်သောက်နေရင်းတောင်မှ ရာသီပျောက်တာမျိုး ရှိတတ်ပါတယ်။

 

>>    သနေ္ဓတားဆေး သောက်နေရင်း ရာသီမလာပါက ဘယ်လိုလုပ်ရမလဲ?

          ဒီအခြေအနေအတွက် အခြေအနေ အမျိုးမျိုး ရှိနိုင်ပါတယ်။ ဆေးသောက်နေတုန်း ရာသီ လုံးဝမလာတာ၊ နည်းနည်းပဲလာတာတွေ ဖြစ်တတ်ပါတယ်။

•        ဆေးသောက်မပျက်ဘဲနဲ့ တစ်လပဲ ရာသီမလာတာဆိုရင် ကိုယ်ဝန်ရှိတာ မဟုတ်နိုင်ပါဘူး။ ကိုယ်ဝန်ဆောင် လက္ခဏာတွေဖြစ်တဲ့ ပျို့အန်ခြင်း၊ ရင်သားများ နာကျင်ခြင်း၊ ဆီးသွားများခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း စတာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။

•        ဆေးသောက်ပျက်ပျက်၊ မပျက်ပျက် ရာသီ 2 လဆက်တိုက် မလာဘူးဆိုရင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်ကြည့်ပါ။ ဆေးသောက်ဖို့ မေ့နေတယ်ဆိုရင် ဆရာဝန် မညွှန်ကြားဘဲနဲ့ ဆေးသောက် မရပ်လိုက်ပါနဲ့။

•        ဆေးသောက်ဖို့ တစ်ကြိမ် (သို့) တစ်ကြိမ်ထက်ပိုပြီး ပျက်ကွက်ကာ ရာသီလည်း မလာဘူးဆိုရင် ကိုယ်ဝန် ရှိ၊ မရှိ ဆီးစစ်သင့်ပါတယ်။ ကိုယ်ဝန်ရှိတယ်လို့ပြရင် သနေ္ဓတားဆေး သောက်တာကို ချက်ချင်းရပ်လိုက်ပါ။ ကိုယ်ဝန်မရှိဘူး ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အခြားသနေ္ဓတားနည်း တစ်ခုခု ပြောင်းပါ။

Dr. Mya Myo Myo Swe (www.drmyanmar.com)