/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားသမီးမရလို့-ဆရာဝန်နဲ့တိုင်ပင်မယ်ဆို-ဘာတွေကြိုတင်ပြင်ဆင်ကြမလဲ

သားသမီးမရလို့ ဆရာဝန်နဲ့တိုင်ပင်မယ်ဆို ဘာတွေကြိုတင်ပြင်ဆင်ကြမလဲ ?

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        သင်ဟာ အသက် 35 နှစ်အောက်ဖြစ်ပြီး ကိုယ်၀န်ရဖို့ကြိုးစားတာ တစ်နှစ်လောက်ရှိပြီဖြစ်ပေမယ့် မအောင် မြင်ဘူးဆိုရင် ဆရာ၀န်နဲ့ဆွေးနွေးကြည့်ပါ။ အသက် 35 နှစ်အထက် အမျိုးသမီးအတွက်တော့ 6 လ လောက် ကြိုးစားပြီးလို့ သားသမီးမရသေးဘူးဆိုရင် ဆရာ၀န်နဲ့ဆွေးနွေးသင့်ပါပြီ။ ဘာကြောင့် ကိုယ်၀န်ဆောင်ဖို့ ခက်ခဲတာလဲဆိုတာသိဖို့ သွေး၊ ဆီးနှင့် အာထရာဆောင်း စစ်ဆေးဖို့နဲ့ သုတ်ပိုးကောင်လေးတွေ သန်စွမ်းမှု ရှိ၊ မရှိ စစ်ဆေးရပါမယ်။ သင့်ရဲ့ဆရာ၀န်က မျိုးပွားမှုဆိုင်ရာအထူးကုနဲ့ပြဖို့ ညွှန်ပို့ပါလိမ့်မယ်။ မျိုးပွားမှုဆိုင်ရာ အထူးကုဟာ သားသမီးမရနိုင်တဲ့သူတွေကို အဓိကထားဆွေးနွေးပေးပါတယ်။ သားသမီးမရနိုင်တဲ့ လက္ခဏာနဲ့ သင့်ရဲ့ရောဂါရာဇ၀င်ကို ဆရာ၀န်ကမေးမြန်းပါလိမ့်မယ်။ ဆရာ၀န်ထံမသွားခင် အောက်ဖော်ပြပါအချက်အလက်တွေကို ရေးမှတ်ပြီး ဆရာ၀န်နဲ့တွေ့မယ့်ရက်ရောက်ရင် အဲဒီမှတ်တမ်းလေးယူသွားပါ။

 

1)   သင်သောက်နေတဲ့ ဆေးစာရင်း၊ ဗိုက်တာမင်တွေ၊ သတ္တုဓာတ်ပါတဲ့ဆေးတွေ၊ ညွှန်းစာနဲ့ပဲဖြစ်ဖြစ်၊ ညွှန်းစာမပါ ဘဲဖြစ်ဖြစ် ၀ယ်သောက်နေတဲ့ဆေးတွေ

2)   အကာအကွယ်မသုံးဘဲ ကြိုးစားခဲ့တဲ့ အကြိမ်ရေ၊ ကလေးရဖို့ကြိုးစားနေတာ ဘယ်လောက်ကြာပြီဆိုတာနဲ့ နောက်ဆုံးကြိုးစားခဲ့တဲ့ရက်စွဲ

3)   သင်သတိထားမိတဲ့ ကလေးမရနိုင်ခြင်းနဲ့ ပတ်သက်တဲ့လက္ခဏာတွေ

4)   မျိုးပွားမှုဆိုင်ရာ အပါအ၀င် အရင်ကခံယူခဲ့ဖူးတဲ့ ခွဲစိတ်ကုသမှုနဲ့ ဆေးကုသမှုရာဇ၀င်တွေ

5)   ဓာတ်ရောင်ခြည်ကုသမှု၊ ဓာတုပစ္စည်းနဲ့ ကုသခံရမှု ရှိ၊ မရှိ

6)   ဆေးလိပ်သောက်သုံးမှု၊ အရက်သောက်သုံးမှု၊ မူးယစ်ဆေးသုံးစွဲမှုအခြေအနေ

7)   လိင်မှတဆင့် ကူးစက်တတ်တဲ့ရောဂါ ရှိ၊ မရှိ

8)   ဆီးချိုရောဂါ၊ လည်ပင်းကြီးရောဂါစတဲ့ နာတာရှည်ရောဂါတွေ သင်နဲ့သင့်မိသားစုမှာ ခံစားနေရမှု အခြေအနေ

 

           သင့်ရဲ့ခန္ဓာကိုယ်ပြောင်းလဲမှုကို ဂရုပြုပါ။ သတိထားမိတဲ့ လက္ခဏာရှိရင် ဘယ်အချိန်ဖြစ်ဖြစ် သင့်ဆရာ ၀န်ကိုပြောပြပါ။ သားသမီးမရနိုင်တဲ့ ပြဿနာကို စောစီးစွာကုသခြင်းဟာ သင့်ရဲ့မျှော်လင့်ချက်တွေကို ပိုပြီးမြန်မြန်ဆန်ဆန် ပြည့်၀လာစေနိုင်ပါတယ်။

 

Cho Thet (www.drmyanmar.com)