/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ကျတယ်ဆိုတာ

သားအိမ်ကျတယ်ဆိုတာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

သားအိမ်ကျတယ်ဆိုတာ သားအိမ်က ဖြည်းဖြည်းချင်း အောက်ကိုဆင်းလာပြီး သားအိမ်နံရံတွေ မိနိးမကိုယ်ကနေ ကျွံဆင်းလာတာ ဖြစ်ပါတယ်။
 
>>  သားအိမ်ကျတဲ့အခါ ဘယ်လိုလက္ခဏာတွေ ပြတတ်သလဲ?
●  ခါးအောက်ပိုင်း လေးလေးကြီး ခဲဆွဲထားသလို နာမယ်။
●  သားအိမ်ထဲမှာ၊ မိန်းမကိုယ်မှာ တစ်ခုခု တစ်နေသလို ခံစားရမယ်။
●  နောက်ကြောတက်မယ်။
●  ဆီးသွားရ ခက်မယ်။
●  ဆီးကျန်သလို ခံစားရမယ်။
●  ချောင်းဆိုးတဲ့အခါ၊ နှာချေတဲ့အခါ ဆီးတွေ ထွက်ကျမယ်။

Dolfenal 1

 >>  သားအိမ်ကျတာကို ဘယ်လိုကာကွယ်မလဲ?
●  ကိုယ်ဝန်ဆောင်ချိန်၊ မွေးဖွားပြီးချိန်မှာ တင်ပါးဆုံကြွက်သားတွေကို တောင့်တင်းစေမယ့်လေ့ကျင့်ခန်း လုပ်ပါ။
●  ကလေးမွေးဖွားချိန်မှာ ညှစ်ချိန်မတန်ဘဲ မညှစ်ပါနဲ့။
●  မွေးပြီးတဲ့အခါ ဝမ်းမချုပ်အောင် ကာကွယ်ပါ။
●  သွေးဆုံးပြီးချိန်မှာ လိုအပ်ရင် ဟော်မုန်းအစားထိုး ကုသမှုခံယူပါ။

Dolfenal 2

>>  သားအိမ်ကျတာကို မကုသဘူးဆိုရင် -
●  ကျလာတဲ့သားအိမ်နံရံတွေ စုတ်ပြဲမယ်၊ အနာဖြစ်မယ်။
●  သွေးယိုလာမယ်။
●  သားအိမ်ခေါင်း ထူလာမယ်။
●  ဆီးပိုးဝင်မယ်။
●  သားအိမ် ပိုကျွံကျလာမယ်။
အစပိုင်းဆိုရင်တော့ ကွင်းလေးတွေထည့်ပြီး ပြန်ထိန်းလို့ရပေမယ့် သားအိမ်ကျွံတာ သိပ်ဆိုးတဲ့အခါ ခွဲစိတ်ကုသမှုခံယူရမှာ ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)