/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားအိမ်ခေါင်းချွဲနှင့်-မျိုးအောင်နိုင်မှုအခြေအနေ

သားအိမ်ခေါင်းချွဲနှင့် မျိုးအောင်နိုင်မှုအခြေအနေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

1. အဖြူရောင်သားအိမ်ခေါင်းချွဲ - မျိုးပွားမှုကောင်း

       ရာသီပြီးတဲ့နောက် သားအိမ်ခေါင်းချွဲများလာတာကို သတိထားမိပါလိမ့်မယ်။ ရက်အနည်းငယ်အကြာမှာ ပိုပြီးစိုစွတ်လာမယ်။ ပိုပြီးချောမွတ်လာပါမယ်။ အဖြူရောင် ကြက်ဥနှစ်လိုပုံစံမျိုးရှိတဲ့ သားအိမ်ခေါင်းချွဲဟာ မျိုးဥအောင်ဖို့အကောင်းဆုံးပါပဲ။ စေးကပ်တဲ့သားအိမ်ခေါင်းချွဲဟာ သုတ်ကောင်လေးတွေ သားအိမ်ခေါင်းထဲသို့ ပိုမိုလွယ်ကူစွာ၀င်ရောက်စေပါတယ်။ ပုံမှာပြထားတဲ့အတိုင်း ကြက်ဥအစိမ်းရဲ့ အနှစ်လိုဖြူနေပြီး ဆွဲဆန့်လိုက်လို့ အလယ်မှာပြတ်တောက်မသွားဘဲ2 cm အရှည်ရှိမယ့် သားအိမ်ခေါင်းချွဲမျိုးဖြစ်ပါတယ်။

 

2. အရည်ကျဲကျဲသားအိမ်ခေါင်းချွဲ-မျိုးပွားနိုင်မှုအကောင်းဆုံး

          သားအိမ်ခေါင်းချွဲဟာပိုမိုစိုစွတ်လာပြီး၊ ပိုမိုအရည်ကျဲစိုစွတ်လာမယ်ဆိုရင် သားဥကြွေဖို့ နီးတဲ့ရက်ပါ။ ဒီအချိန်ဟာ ရာသီစက်၀န်းရဲ့ အလယ်ဖြစ်ပါတယ်။ ထိုကဲ့သို့ သားအိမ်ခေါင်းချွဲမျိုးဟာလည်း သုတ်ပိုးတွေကိုသားအိမ်ခေါင်းထဲ ချောမွေ့စွာ၀င်ရောက်စေဖို့ကူညီပါတယ်။ အဲဒီလိုအရည်ကျဲတဲ့ သားအိမ်ခေါင်းချွဲဖြစ်မယ်ဆိုရင် သင့်ရဲ့အတွင်းခံမှာဆီးသွားထားသလို စိုစွတ်နေပါလိမ့်မယ်။

 

3. ဝါကျင့်ကျင့်  သားအိမ်ခေါင်းချွဲ - မျိုးပွားနိုင်မှုမကောင်း

          သားဥကြွေပြီးနောက် သားအိမ်ခေါင်းချွဲဟာစိုနေမှာ၊ ချွဲနေမှာတော့မဟုတ်ပါဘူး။ ဝါကျင့်ကျင့် သားအိမ်ခေါင်းချွဲဟာ မျိုးပွားမှုမကောင်းပါဘူ။ ဘာကြောင့်လဲဆိုတော့ ဒီချွဲမျိုးဟာသုတ်ပိုးကောင်ရဲ့ သွားလာမှုကိုအဟန့်အတားဖြစ်စေလို့ပါ။ အဖြူရောင်ခပ်ထူထူပျစ်ပျစ် (သို့မဟုတ်) အဝါရောင်ခပ်ထူထူပျစ်ပျစ်ရှိတတ်ပါတယ်။

 

4. စေးကပ်သောသားအိမ်ခေါင်းချွဲ - မျိုးပွားနိုင်မှုမကောင်း

          ရာသီလာတာအတော်လေးကြာပြီးတဲ့နောက် သားအိမ်ခေါင်းချွဲဟာစေးကပ်လာပါမယ်။ အဲဒီသားအိမ်ခေါင်းချွဲဟာ ကလေးရဖို့ ခက်ခဲဆုံးပါ။ သားအိမ်ခေါင်းချွဲဟာထူခဲပြီး ကော်အနှစ်လိုဖြစ်နေတဲ့ ဒီလိုအချိန်မှာသုတ်ကောင်တွေ သားအိမ်ခေါင်းထဲကို၀င်ရောက်ဖို့ ခက်ခဲသွားပါပြီ။

 

CMS (www.drmyanmar.com)