/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/သားဥအိမ်ထဲက-စုံစီနဖာအိတ်

သားဥအိမ်ထဲက စုံစီနဖာအိတ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

      Dermoid Cyst of Ovary လို့ခေါ်တဲ့ သားဥအိမ်ထဲမှာ အိတ်တည်တာကို တချိန်က တောရွာတွေမှာ စုန်းပြုစားတယ်ဆိုပြီး ထင်ကြပါတယ်။ ဒီအိတ်ဟာ အရည်၊ ဆံချည်မျှင်၊ သွား၊ အရိုး၊ သိုင်းရွိုက် စသည်ဖြင့် တစ်သျှူးမျိုးစုံပါဝင်တဲ့ အိတ်ဖြစ်ပါတယ်။ ဒါက သားဥအိမ်ထဲမှာကျန်ရှိနေတဲ့ မျိုးရိုးဗီဇဆဲလ်တစ်မျိုးကြောင့်ဖြစ်တာပါ။ ဒါကြောင့် ရင့်မှည့်တဲ့ တစ်သျှူးအဖြစ် ကြီးထွားနိုင်တဲ့ဆဲလ်မျိုးစုံပါဝင်ပါတယ်။

     ဘယ်အသက်အရွယ်မှာမဆိုဖြစ်နိုင်ပေမယ့် ကလေးမွေးဖွားနိုင်တဲ့အရွယ်မှာတော့ အဖြစ်အများဆုံးပါပဲ။ ပျမ်းမျှအားဖြင့် အသက် 30 ၀န်းကျင်အရွယ်တွေမှာ အဖြစ်များပါတယ်။ Dermoid cyst က တစ်စင်တီမီတာ (လက်မဝက်ထက်သေး) ကနေပြီး 45 စင်တီမီတာ (17 လက်မ) လောက်အထိ အရွယ်အစားရှိနိုင်ပါတယ်။ ဒီအိတ်ကြောင့် သားဥအိမ်ကို လိန်သွားစေပြီး သွေးထောက်ပံ့မှုပြတ်တောက်သွားစေနိုင်ပါတယ်။ အိတ်ကြီးလေလေ ပေါက်ကွဲပြီး အထဲကဟာတွေ လွင့်စင်ထွက်ပြီး ၀မ်းဗိုက်အတွင်းရှိ တစ်နေရာရာကိုကပ်ခြင်း၊ အောင့်ခြင်းများဖြစ်နိုင်ချေများလေလေဖြစ်ပါတယ်။  ကံကောင်းတာတစ်ခုကတော့ ဒီအိတ်တွေရဲ့ 98% လောက်က ကင်ဆာမဟုတ်တဲ့အိတ်တွေသာ ဖြစ်ပြီး 2% လောက်ကသာ ကင်ဆာဖြစ်နိုင်ပါတယ်။

     ဗိုက်ခွဲပြီး အိတ်ကိုဖယ်ထုတ်ခြင်း (သို့) မှန်ပြောင်းမှတဆင့် ဖယ်ထုတ်ခြင်းက အကောင်းဆုံး ကုထုံးဖြစ်ပါတယ်။ ဒီအိတ်ကြောင့် သားဥအိမ်လိန်သွားရင်တော့ အရေးပေါ်ဖြစ်ပြီး ချက်ချင်းကုသမှုခံယူရပါမယ်။

www.drmyanmar.com