သွေးဆုံးခါနီးအချိန်နှင့် သွေးဆုံးချိန်
သွေးဆုံးတယ်ဆိုတာက အသက်အရွယ် ရလာတဲ့အခါမှာ တွေ့ကြုံရတဲ့ သဘာဝဖြစ်စဉ်တစ်ခုပါ။ အသက် ၄၀ ကျော်လာတဲ့ အချိန်ကနေစပြီး ရာသီမလာတော့တဲ့အထိ အီစရိုဂျင်ဟော်မုန်းထွက်တာလည်း နည်းနည်းလာပါတယ်။ ရာသီမလာတော့တာ ၁၂ လ ရှိသွားပြီဆိုရင်တော့ သွေးဆုံးပြီလို့ သတ်မှတ်ပါတယ်။ သဘာဝအတိုင်း သွေးဆုံးတဲ့ဖြစ်စဉ်မှာ သွေးဆုံးကာနီး၊ သွေးဆုံးစဉ်နဲ့ သွေးဆုံးပြီးချိန်ဆိုပြီး အဆင့် ၃ ဆင့်ရှိပါတယ်။
လူအများစုက သွေးဆုံးကာနီးအချိန်နဲ့ သွေးဆုံးချိန်ကို မှားတတ်ပါတယ်။ သွေးဆုံးကာနီးဆိုတာက သွေးဆုံးဖို့အတွက် စပြီးပြောင်းလဲလာတဲ့ အချိန်ဖြစ်ပြီး ဒီအချိန်မှာ ကြုံတွေ့ရမယ့် လက္ခဏာအချို့ကတော့-
● အပူဒဏ်ခံစားရခြင်းး
● ညဘက်ညဘက် ချွေးထွက်ခြင်း
● မိန်းမကိုယ်လမ်းကြောင်း ခြောက်သွေ့ခြင်း
တို့ဖြစ်ကြပါတယ်။
သွေးဆုံးကာနီးအချိန်မှာ ခန္ဓာကိုယ်က အီစရိုဂျင်ထွက်တာ စပြီးနည်းလာပါတယ်။ ဒါက သွေးဆုံးကာနီးအချိန်ရဲ့နောက်ဆုံး တစ်နှစ်၊ နှစ်နှစ်လောက်အထိ ဆက်ပြီးဖြစ်နေပါတယ်။ သွေးဆုံးကာနီးအဆင့်က သွေးဆုံးတဲ့အဆင့်ကိုမဝင်ခင် ၁၀ နှစ်လောက်ကတည်းက စပြီးဖြစ်လာပါတယ်။ ဒါက အသက် ၄၀ ပိုင်းမှာစပြီး အဖြစ်များပေမယ့် အချို့အမျိုးသမီးတွေမှာ အသက် ၃၀ ပိုင်းကတည်းက စပြီးခံစားရတတ်ပါတယ်။
၁၂ လဆက်တိုက် ရာသီမလာတော့တာကို သွေးဆုံးတယ်လို့ သတ်မှတ်ပြီး ဒါပြီးရင်တော့ သွေးဆုံးပြီးတဲ့အဆင့်ကို ဝင်ရောက်လာ ပါပြီ။ သားဥအိမ်ခွဲစိတ်ပြီး ဖယ်ရှားထားတဲ့သူတွေမှာလည်း သွေးဆုံးတာကို ရုတ်တရက် ခံစားရနိုင်ပါတယ်။
>> ကြာချိန်
သွေးဆုံးကာနီးလက္ခဏာတွေက ပျမ်းမျှ ၄ နှစ်လောက် ကြာပါတယ်။ သွေးဆုံးချိန်နဲ့ သွေးဆုံးပြီးချိန်တွေမှာတော့ ဒီအဆင့်မှာ ခံစားရတဲ့လက္ခဏာတွေ ဖြည်းဖြည်းချင်း သက်သာသွားပါတယ်။
အပူဒဏ်မခံနိုင်ခြင်းက သွေးဆုံးခါနီးခံစားရတဲ့အဖြစ်များတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။ လေ့လာမှုတစ်ခုအရ အတန်အသင့်ကနေ ပြင်းထန်တဲ့အပူဒဏ်မခံနိုင်ခြင်းတွေက သွေးဆုံးခါနီးကို ကျော်လွန်သွားရင်လည်း ဆက်ဖြစ်နေပြီးတော့ 10 နှစ် လောက်အထိ ကြာနိုင်တယ်လို့ ဆိုပါတယ်။ သုတေသီတွေက အသားမည်းတဲ့အမျိုးသမီးတွေနဲ့ ကိုယ်အလေးချိန်ပုံမှန်ရှိတဲ့ အမျိုးသမီးတွေက အပူဒဏ် မခံစားနိုင်မှုကို အသားဖြူတဲ့သူနဲ့ အဝလွန်တဲ့သူတွေထက်ပိုပြီး ကြာကြာခံစားရလေ့ရှိတယ်လို့ တွေ့ရှိခဲ့ပါတယ်။
အသက် ၅၅ နှစ်မတိုင်ခင်မှာ သွေးဆုံးနိုင်ပါတယ်။ အသက် ၄၅ နှစ်မတိုင်ခင် သွေးဆုံးတာကို စောတယ်လို့ သတ်မှတ်ပါတယ်။ အသက် ၄၀ နှင့် ၄၀ မတိုင်ခင် သွေးဆုံးတာကိုတော့ အရွယ်မတိုင်ခင် သွေးဆုံးတယ်လို့ ခေါ်ပါတယ်။ အရွယ်မတိုင်ခင် သွေးဆုံးရတဲ့ အကြောင်းအရင်းတွေကတော့ သားအိမ်ခွဲစိတ်ထုတ်ထားခြင်း၊ ကင်ဆာဓာတ်ကင်ခြင်းနဲ့ အခြားအခြေအနေတွေ၊ ကုသမှုတွေကြောင့် သားဥအိမ်ထိခိုက်ခြင်းတို့ ဖြစ်ပါတယ်။
Menopace 1
>> လက္ခဏာများ
သွေးဆုံးကာနီးအချိန်မှာ ရာသီလာတာ ပုံမမှန်ခြင်းတွေကို ခံံစားရနိုင်ပါတယ်။ သွေးဆုံးကာနီးနဲ့ သွေးဆုံးမယ့်အချိန်တွေမှာ ခံစားရတဲ့လက္ခဏာ အကြိမ်ရေ၊ ပြင်းထန်မှုနဲ့ ကြာချိန်တွေက တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ အဖြစ်အများဆုံး လက္ခဏာတွေကတော့ -
● အပူဒဏ်ကို ခံစားရခြင်း - မျက်နှာနဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းတွေမှာ ရုတ်တရက် အပူလှိုင်းဖြတ်သွားသလိုမျိုး ခံစားရနိုင်စေပါတယ်။ ဒီခံစားချက်က စက္ကန့်အနည်းငယ်ကနေပြီး မိနစ်အတော်ကြာတဲ့အထိ ခံစားရနိုင်ပါတယ်။ ဒီလို ပူတဲ့ခံစားချက်က တစ်နေ့ကို အကြိမ်များစွာ ကြုံရနိုင်သလို တစ်လကို အကြိမ်အနည်းငယ်လည်း ကြုံရနိုင်ပါတယ်။
● ညဘက်ချွေးထွက်ခြင်း - ညဘက်ချွေးတွေထွက်ပြီး နိုးလာစေကာ နောက်နေ့မှာ ပင်ပန်းနွမ်းနယ်မှုကို ခံစားရစေပါတယ်။
● အအေးဒဏ်ကို ခံစားရခြင်း - အပူဒဏ်ခံစားရပြီးနောက်မှာ ခန္ဓာကိုယ်တစ်ခုလုံး တုန်လာ၊ ခြေဖျားတွေ အေးစက်လာတာကို ခံစားရနိုင်ပါတယ်။
● မွေးလမ်းကြောင်း အပြောင်းအလဲများ - မွေးလမ်းကြောင်း ခြောက်သွေ့ခြင်း၊ လိင်ဆက်ဆံလျှင် အဆင်မပြေခြင်း၊ လိင်ဆက်ဆံလိုစိတ် ကျဆင်းခြင်း၊ ဆီးသွားလိုပါက ချက်ချင်းသွားရခြင်းတွေက သွေးဆုံးချိန်မှာဖြစ်တတ်တဲ့ မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်းဆိုင်ရာလက္ခဏာတွေ ဖြစ်ပါတယ်။
● စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲများ - အနည်းငယ်စိတ်ကျခြင်း၊ စိတ်အတက်အကျမြန်ခြင်း၊ စိတ်တိုစိတ်ဆတ်ခြင်းတို့ ဖြစ်ကြပါတယ်။
● အိပ်မပျော်ခြင်း - ညဘက်ချွေးထွက်ခြင်းကြောင့် အိပ်မပျော်တာတွေ ကြုံတွေ့ရနိုင်ပါတယ်။
>> သွေးဆုံးကာနီး ကြုံရတတ်တဲ့ အခြားလက္ခဏာတွေကတော့ -
● ရင်သားများ နာကျင်ခြင်း
● ရာသီသွေးဆင်းများခြင်း (သို့) နည်းခြင်း
● သွေးဆုံးခါနီး ခံစားရသောလက္ခဏာများ ပိုဆိုးလာခြင်း
● အသားအရေ၊ မျက်လုံးနှင့် ပါးစပ်များ ခြောက်သွေ့ခြင်း
>> အချို့အမျိုးသမီးတွေက အောက်ပါလက္ခဏာတွေကိုလည်း ခံစားရလေ့ရှိပါတယ်။
● ခေါင်းကိုက်ခြင်း
● နှလုံးခုန်မြန်ခြင်း
● ကြွက်သားနှင့် အဆစ်များ နာကျင်ကိုက်ခဲခြင်း
● မှတ်ဉာဏ်ပိုင်းဆိုင်ရာနှင့် အာရုံစူးစိုက်မှုပြသနာများ
● အမွေးများ ကျွတ်ခြင်း၊ ပါးလာခြင်း
● ကိုယ်အလေးချိန် တက်လာခြင်း
အထက်ပါ ထပ်ပြီးခံစားရတဲ့ လက္ခဏာတွေထဲက တစ်ခုခုကို ခံစားရပါက အခြားအကြောင်းအရင်းကြောင့်လားဆိုတာကို စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့ ပြသတိုင်ပင်သင့်ပါတယ်။
Dr. Mya Myo Myo Swe (www.drmyanmar.com)
Menopace 2
(Zawgyi)
ေသြးဆုံးတယ္ဆိုတာက အသက္အရြယ္ ရလာတဲ့အခါမွာ ေတြ႕ႀကဳံရတဲ့ သဘာဝျဖစ္စဥ္တစ္ခုပါ။ အသက္ ၄၀ ေက်ာ္လာတဲ့ အခ်ိန္ကေနစၿပီး ရာသီမလာေတာ့တဲ့အထိ အီစ႐ိုဂ်င္ေဟာ္မုန္းထြက္တာလည္း နည္းနည္းလာပါတယ္။ ရာသီမလာေတာ့တာ ၁၂ လ ရွိသြားၿပီဆိုရင္ေတာ့ ေသြးဆုံးၿပီလို႔ သတ္မွတ္ပါတယ္။ သဘာဝအတိုင္း ေသြးဆုံးတဲ့ျဖစ္စဥ္မွာ ေသြးဆုံးကာနီး၊ ေသြးဆုံးစဥ္နဲ႔ ေသြးဆုံးၿပီးခ်ိန္ဆိုၿပီး အဆင့္ ၃ ဆင့္ရွိပါတယ္။
လူအမ်ားစုက ေသြးဆုံးကာနီးအခ်ိန္နဲ႔ ေသြးဆုံးခ်ိန္ကို မွားတတ္ပါတယ္။ ေသြးဆုံးကာနီးဆိုတာက ေသြးဆုံးဖို႔အတြက္ စၿပီးေျပာင္းလဲလာတဲ့ အခ်ိန္ျဖစ္ၿပီး ဒီအခ်ိန္မွာ ႀကဳံေတြ႕ရမယ့္ လကၡဏာအခ်ိဳ႕ကေတာ့-
● အပူဒဏ္ခံစားရျခင္းး
● ညဘက္ညဘက္ ေခြၽးထြက္ျခင္း
● မိန္းမကိုယ္လမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း
တို႔ျဖစ္ၾကပါတယ္။
ေသြးဆုံးကာနီးအခ်ိန္မွာ ခႏၶာကိုယ္က အီစ႐ိုဂ်င္ထြက္တာ စၿပီးနည္းလာပါတယ္။ ဒါက ေသြးဆုံးကာနီးအခ်ိန္ရဲ႕ေနာက္ဆုံး တစ္ႏွစ္၊ ႏွစ္ႏွစ္ေလာက္အထိ ဆက္ၿပီးျဖစ္ေနပါတယ္။ ေသြးဆုံးကာနီးအဆင့္က ေသြးဆုံးတဲ့အဆင့္ကိုမဝင္ခင္ ၁၀ ႏွစ္ေလာက္ကတည္းက စၿပီးျဖစ္လာပါတယ္။ ဒါက အသက္ ၄၀ ပိုင္းမွာစၿပီး အျဖစ္မ်ားေပမယ့္ အခ်ိဳ႕အမ်ိဳးသမီးေတြမွာ အသက္ ၃၀ ပိုင္းကတည္းက စၿပီးခံစားရတတ္ပါတယ္။
၁၂ လဆက္တိုက္ ရာသီမလာေတာ့တာကို ေသြးဆုံးတယ္လို႔ သတ္မွတ္ၿပီး ဒါၿပီးရင္ေတာ့ ေသြးဆုံးၿပီးတဲ့အဆင့္ကို ဝင္ေရာက္လာ ပါၿပီ။ သားဥအိမ္ခြဲစိတ္ၿပီး ဖယ္ရွားထားတဲ့သူေတြမွာလည္း ေသြးဆုံးတာကို ႐ုတ္တရက္ ခံစားရႏိုင္ပါတယ္။
>> ၾကာခ်ိန္
ေသြးဆုံးကာနီးလကၡဏာေတြက ပ်မ္းမွ် ၄ ႏွစ္ေလာက္ ၾကာပါတယ္။ ေသြးဆုံးခ်ိန္နဲ႔ ေသြးဆုံးၿပီးခ်ိန္ေတြမွာေတာ့ ဒီအဆင့္မွာ ခံစားရတဲ့လကၡဏာေတြ ျဖည္းျဖည္းခ်င္း သက္သာသြားပါတယ္။
အပူဒဏ္မခံႏိုင္ျခင္းက ေသြးဆုံးခါနီးခံစားရတဲ့အျဖစ္မ်ားတဲ့ လကၡဏာတစ္ခု ျဖစ္ပါတယ္။ ေလ့လာမႈတစ္ခုအရ အတန္အသင့္ကေန ျပင္းထန္တဲ့အပူဒဏ္မခံႏိုင္ျခင္းေတြက ေသြးဆုံးခါနီးကို ေက်ာ္လြန္သြားရင္လည္း ဆက္ျဖစ္ေနၿပီးေတာ့ 10 ႏွစ္ ေလာက္အထိ ၾကာႏိုင္တယ္လို႔ ဆိုပါတယ္။ သုေတသီေတြက အသားမည္းတဲ့အမ်ိဳးသမီးေတြနဲ႔ ကိုယ္အေလးခ်ိန္ပုံမွန္ရွိတဲ့ အမ်ိဳးသမီးေတြက အပူဒဏ္ မခံစားႏိုင္မႈကို အသားျဖဴတဲ့သူနဲ႔ အဝလြန္တဲ့သူေတြထက္ပိုၿပီး ၾကာၾကာခံစားရေလ့ရွိတယ္လို႔ ေတြ႕ရွိခဲ့ပါတယ္။
အသက္ ၅၅ ႏွစ္မတိုင္ခင္မွာ ေသြးဆုံးႏိုင္ပါတယ္။ အသက္ ၄၅ ႏွစ္မတိုင္ခင္ ေသြးဆုံးတာကို ေစာတယ္လို႔ သတ္မွတ္ပါတယ္။ အသက္ ၄၀ ႏွင့္ ၄၀ မတိုင္ခင္ ေသြးဆုံးတာကိုေတာ့ အရြယ္မတိုင္ခင္ ေသြးဆုံးတယ္လို႔ ေခၚပါတယ္။ အရြယ္မတိုင္ခင္ ေသြးဆုံးရတဲ့ အေၾကာင္းအရင္းေတြကေတာ့ သားအိမ္ခြဲစိတ္ထုတ္ထားျခင္း၊ ကင္ဆာဓာတ္ကင္ျခင္းနဲ႔ အျခားအေျခအေနေတြ၊ ကုသမႈေတြေၾကာင့္ သားဥအိမ္ထိခိုက္ျခင္းတို႔ ျဖစ္ပါတယ္။
>> လကၡဏာမ်ား
ေသြးဆုံးကာနီးအခ်ိန္မွာ ရာသီလာတာ ပုံမမွန္ျခင္းေတြကို ခံံစားရႏိုင္ပါတယ္။ ေသြးဆုံးကာနီးနဲ႔ ေသြးဆုံးမယ့္အခ်ိန္ေတြမွာ ခံစားရတဲ့လကၡဏာ အႀကိမ္ေရ၊ ျပင္းထန္မႈနဲ႔ ၾကာခ်ိန္ေတြက တစ္ေယာက္နဲ႔တစ္ေယာက္ မတူပါဘူး။ အျဖစ္အမ်ားဆုံး လကၡဏာေတြကေတာ့ -
● အပူဒဏ္ကို ခံစားရျခင္း - မ်က္ႏွာနဲ႔ ခႏၶာကိုယ္အေပၚပိုင္းေတြမွာ ႐ုတ္တရက္ အပူလႈိင္းျဖတ္သြားသလိုမ်ိဳး ခံစားရႏိုင္ေစပါတယ္။ ဒီခံစားခ်က္က စကၠန႔္အနည္းငယ္ကေနၿပီး မိနစ္အေတာ္ၾကာတဲ့အထိ ခံစားရႏိုင္ပါတယ္။ ဒီလို ပူတဲ့ခံစားခ်က္က တစ္ေန႔ကို အႀကိမ္မ်ားစြာ ႀကဳံရႏိုင္သလို တစ္လကို အႀကိမ္အနည္းငယ္လည္း ႀကဳံရႏိုင္ပါတယ္။
● ညဘက္ေခြၽးထြက္ျခင္း - ညဘက္ေခြၽးေတြထြက္ၿပီး ႏိုးလာေစကာ ေနာက္ေန႔မွာ ပင္ပန္းႏြမ္းနယ္မႈကို ခံစားရေစပါတယ္။
● အေအးဒဏ္ကို ခံစားရျခင္း - အပူဒဏ္ခံစားရၿပီးေနာက္မွာ ခႏၶာကိုယ္တစ္ခုလုံး တုန္လာ၊ ေျခဖ်ားေတြ ေအးစက္လာတာကို ခံစားရႏိုင္ပါတယ္။
● ေမြးလမ္းေၾကာင္း အေျပာင္းအလဲမ်ား - ေမြးလမ္းေၾကာင္း ေျခာက္ေသြ႕ျခင္း၊ လိင္ဆက္ဆံလွ်င္ အဆင္မေျပျခင္း၊ လိင္ဆက္ဆံလိုစိတ္ က်ဆင္းျခင္း၊ ဆီးသြားလိုပါက ခ်က္ခ်င္းသြားရျခင္းေတြက ေသြးဆုံးခ်ိန္မွာျဖစ္တတ္တဲ့ မိန္းမကိုယ္နဲ႔ ဆီးလမ္းေၾကာင္းဆိုင္ရာလကၡဏာေတြ ျဖစ္ပါတယ္။
● စိတ္ပိုင္းဆိုင္ရာ အေျပာင္းအလဲမ်ား - အနည္းငယ္စိတ္က်ျခင္း၊ စိတ္အတက္အက်ျမန္ျခင္း၊ စိတ္တိုစိတ္ဆတ္ျခင္းတို႔ ျဖစ္ၾကပါတယ္။
● အိပ္မေပ်ာ္ျခင္း - ညဘက္ေခြၽးထြက္ျခင္းေၾကာင့္ အိပ္မေပ်ာ္တာေတြ ႀကဳံေတြ႕ရႏိုင္ပါတယ္။
>> ေသြးဆုံးကာနီး ႀကဳံရတတ္တဲ့ အျခားလကၡဏာေတြကေတာ့ -
● ရင္သားမ်ား နာက်င္ျခင္း
● ရာသီေသြးဆင္းမ်ားျခင္း (သို႔) နည္းျခင္း
● ေသြးဆုံးခါနီး ခံစားရေသာလကၡဏာမ်ား ပိုဆိုးလာျခင္း
● အသားအေရ၊ မ်က္လုံးႏွင့္ ပါးစပ္မ်ား ေျခာက္ေသြ႕ျခင္း
>> အခ်ိဳ႕အမ်ိဳးသမီးေတြက ေအာက္ပါလကၡဏာေတြကိုလည္း ခံစားရေလ့ရွိပါတယ္။
● ေခါင္းကိုက္ျခင္း
● ႏွလုံးခုန္ျမန္ျခင္း
● ႂကြက္သားႏွင့္ အဆစ္မ်ား နာက်င္ကိုက္ခဲျခင္း
● မွတ္ဉာဏ္ပိုင္းဆိုင္ရာႏွင့္ အာ႐ုံစူးစိုက္မႈျပသနာမ်ား
● အေမြးမ်ား ကြၽတ္ျခင္း၊ ပါးလာျခင္း
● ကိုယ္အေလးခ်ိန္ တက္လာျခင္း
အထက္ပါ ထပ္ၿပီးခံစားရတဲ့ လကၡဏာေတြထဲက တစ္ခုခုကို ခံစားရပါက အျခားအေၾကာင္းအရင္းေၾကာင့္လားဆိုတာကို စစ္ေဆးဖို႔အတြက္ ဆရာဝန္နဲ႔ ျပသတိုင္ပင္သင့္ပါတယ္။
Dr. Mya Myo Myo Swe (www.drmyanmar.com)




























