သွေးဆုံးတဲ့လက္ခဏာကို သဘာဝအတိုင်း သက်သာအောင် ပြုလုပ်နည်းများ
အမျိုးသမီးတစ်ယောက်နဲ့တစ်ယောက် သွေးဆုံးတဲ့လက္ခဏာကို ကြုံတွေ့ရပုံခြင်း မတူညီကြပါဘူး။ တချို့က မသိလိုက် မသိဘာသာဘဲ ပြီးသွားပေမယ့် တချို့က အရမ်းခံစားရတတ်ပါတယ်။ ဒါတွေဟာ မျိုးရိုး၊ ရောဂါအခံ၊ စိတ်ဖိစီးမှု၊ ကိုယ်အလေးချိန်၊ သွေးတိုးရောဂါ ရှိ/မရှိ၊ အရက်၊ ဆေးလိပ်သောက်တတ်တဲ့ အကျင့်စတာတွေနဲ့ ဆိုင်ပါတယ်။ ကျန်းမာရေးကောင်းမွန်တဲ့ အမျိုးသမီးတွေကတော့ သက်သက်သာသာပဲ ကျော်ဖြတ်နိုင်ကြပါတယ်။
Menopace 1
>> သွေးဆုံးချိန်ဝေဒနာတွေကို သက်သာအောင်လုပ်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတွေကတော့ -
● အလေးချိန်မတိုးအောင် ထိန်းထားပါ။
အထူးသဖြင့် ခါးတစ်ဝိုက် အလေးချိန်တက်လာတာ၊ တစ်နည်း ဗိုက်ပူလာတာဟာ အသည်းကို ဝန်ပိစေလို့ မီးယပ်ပူထတာကို ပိုဆိုးစေပါတယ်။
● အသည်းကျန်းမာရေးကို ဂရုစိုက်ပါ။
ကျန်းမာရေးနဲ့ညီညွတ်အောင် စားပြီး အသည်းအားဆေးတွေ သောက်ပါ။ အသည်းကို ထိခိုက်စေတဲ့အရာတွေကို ရှောင်ကြဉ်ပါ။
● ဟော်မုန်းညီအောင် ထိန်းညှိပါ။
သွေးဆုံးချိန်မှာ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေပါတဲ့ အားဆေးမျိုးတွေ သောက်ပါ။ အာဟာရစုံအောင် စားသောက်ပါ။
Menopace 2
● စိတ်ဖိစီးမှုတွေကို လျှော့ချပါ။
စိတ်ဖိစီးမှုတွေက မီးယပ်ပူထတာ၊ ညဘက် ချွေးထွက်တာ၊ စိတ်ခံစားချက် အတက်အကျမြန်တာနဲ့ ညဘက် အိပ်မပျော်တာတွေကို ပိုဆိုးစေပါတယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်ပြီး စိတ်ပျော်အောင်နေပါ။ မိသားစုကလည်း တတ်နိုင်သမျှ စိတ်ချမ်းသာအောင်ထားပြီး အားပေးပါ။
● သွေးပေါင်ချိန်ကို ထိန်းပါ။
သွေးတိုးတာက မီးယပ်ရောဂါကို ပိုဆိုးစေပါတယ်။ လေ့ကျင့်ခန်းလုပ်တာ၊ အလေးချိန်လျှော့တာ၊ အစားအသောက်ပုံစံ ပြောင်းလဲတာ၊ စိတ်ဖိစီးမှုတွေ လျှော့ချတာတွေကလည်း သွေးပေါင်ကို ထိန်းပေးပါတယ်။
Dr. Htar (www.drmyanmar.com)






























