အတွင်းခံမှာ အရောင်တွေ စွန်းနေပါလား
အတွင်းခံအမည်းကို အဝတ်လျှော်စက်ထဲက ထုတ်လိုက်ချိန်မှာ အတွင်းခံခွကြားက အရောင်ပြောင်းနေတာ သတိထားမိလား?
အမျိုးသမီးမိန်းမကိုယ်မှာ အရောင်ပြောင်းစေ၊ ဆွေးစေနိုင်တဲ့ အစွမ်းသတ္တိ ရှိပါတယ်။
ရာသီတွေ၊ မသန့်ရှင်းတာတွေကြောင့် မဟုတ်ပါဘူးနော်။
ဘယ်လိုဖြစ်ရတာလဲ?
တိုတိုပြောရရင် အက်ဆစ်အဖြူတွေကြောင့် ဖြစ်တယ်။
မိန်းမကိုယ်ထဲက pH ဟာ အက်ဆစ်ဘက်ကို ရောက်တယ်။ ပိုးဝင်တာမျိုးတွေကို ရှောင်ရှားနိုင်ဖို့ မိန်းမကိုယ် pH ဟာ ၃.၈ - ၄.၅ လောက်မှာ ရှိနေတယ်။ ဒီလိုအနေအထားရောက်ဖို့ lactobacilli လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးက ထိန်းပေးထားတယ်။
အကယ်၍ pH သာ တက်လာခဲ့ရင် အက်ဆစ်ဓာတ် တက်လာပြီး Lactobacilli အကောင်ရေ လျော့သွားတဲ့အတွက် တခြားပိုးတွေ ပိုများလာပါလိမ့်မယ်။
အမျိုးသားတွေနဲ့မတူဘဲ အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဟာ အလိုအလျောက် ပိုးသတ်နိုင်စွမ်းရှိတဲ့ အက်ဆစ်ဓာတ်ပါတဲ့အရည်တွေ ထုတ်ပေးနိုင်ပါတယ်။
ဒီအချွဲတွေဟာ သားအိမ်ခေါင်းကနေ ထွက်လာတာဖြစ်ပြီး အမျိုးသမီးတွေရဲ့ ဓမ္မတာစက်ဝန်းနဲ့ လိုက်ပြောင်းလဲနေပါတယ်။
ဒီအရည်တွေဟာ နောက်ဆုံးအတွင်းခံမှာ အဆုံးသတ်ရတော့တာပါပဲ။
>> စိတ်ပူစရာရှိမလားလို့ မေးချင်နေပြီမလား?
တကယ်တော့ ဒီလိုအရည်မှာ အက်ဆစ်ဓာတ်ပါတာဟာ အတွင်းခံ ခဏခဏလဲလု့ိ အဆင်မပြေတာလေးကလွဲရင် ခန္ဓာကိုယ်ရဲ့ ကျန်းမာရေးဖြစ်စဉ်တစ်ခုပါပဲနော်။
ဒီအရည်တွေ ထွက်နေမှသာ မိန်းမကိုယ်လမ်းကြောင်းတစ်လျှောက် ပိုးမဝင်ဘဲ သန့်ရှင်းနေမှာပေါ့။
ပြီးတော့ ဒီအကျိုးပြု ဘက်တီးရီးယားတွေ မရှိတော့ဘူးဆိုရင် ဘက်တီးရီးယားပိုးတွေ ဝင်တာ၊ မှက်ခရုပေါက်တာ၊ ရောင်ရမ်းတာတွေ ဖြစ်လာနိုင်တယ်။
>> ဒါဆိုရင် အတွင်းခံတွေ မစွန်းအောင် ဘယ်လိုလုပ်လို့ရမလဲ?
တကယ်တော့ ဘာမှလုပ်လို့မရဘူး။
လေဝင်လေထွက်ကောင်းမယ့် အတွင်းခံမျိုးကို ပြောင်းဝတ်တာ၊ အစွန်းတွေ ပိုသိသာမယ့် အမည်းလို အရောင်တွေကို ရှောင်တာမျိုး လုပ်လို့ရတယ်။
ပြီးတော့ အရည်တွေ မထွက်တော့အောင်လို့ ဆိုပြီးတော့ အမွေးနံ့များတဲ့ဆပ်ပြာတွေ၊ ဂျယ်လ်တွေ၊ ပိုးသတ်ရည်တွေနဲ့ မိန်းမကိုယ်အထဲကို ဆေးတာတွေ မလုပ်ရဘူးနော်။
မိန်းမကိုယ်နားတစ်ဝိုက်ကို ရိုးရိုးအမွေးနံ့မပါတဲ့ ဆပ်ပြာမျိုးနဲ့ပဲ ဆေးပါ။ အထဲထဲထိ ဆေးတာမျိုးလည်း မလိုပါဘူး။
အဖြူတွေကို အမျိုးသမီး Panty liner နဲ့ ခံတာမျိုးကလည်း မှိုပိုးဝင်တာ၊ ယားယံထိခိုက်မိတာမျိုးတွေ ဖြစ်စေနိုင်လို့ မလုပ်သင့်ပါဘူး။
Dr. Emerald (www.drmyanmar.com)




























