/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အဖြစ်များဆုံးကိစ္စများနှင့်-ပျိုမေတို့၏မိန်းမကိုယ်

အဖြစ်များဆုံးကိစ္စများနှင့် ပျိုမေတို့၏မိန်းမကိုယ်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

●   မိန်းမကိုယ် ရောင်ရမ်းခြင်း
ပိုးဝင်ပြီး ရောင်ရမ်းတာ၊ ဒါမှမဟုတ် သွေးဆုံးတာ၊ ဒါမှမဟုတ် မိန်းမကိုယ်အတွင်း သဘာဝအတိုင်း ရှိနေတဲ့ ပိုးမွှားလေးတွေ အကြောင်းတစ်ခုခုကြောင့် နည်းသွားတာ၊ ပျက်စီးသွားတာတွေကြောင့် ဖြစ်တတ်ပါတယ်။ လက္ခဏာတွေကတော့ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရောင်၊ အနံ ရှိတဲ့ အရည်တွေ ဆင်းမယ်၊ ယားမယ်၊ နာမယ်။

●   မိန်းမကိုယ် ကျယ်လာတာ၊ လျော့ရဲလာတာ
ကလေးကို ရိုးရိုးမွေးထားတဲ့လူတွေမှာ အဖြစ်များပါတယ်။ အဲလို မိန်းမတွေရဲ့ သုံးပုံ တစ်ပုံဟာ လိင်ဆက်ဆံတဲ့ အခါမှာ ခံစားမှု မရှိတော့ပါဘူး။
အသက်ကြီးလာလို့၊ သွေးဆုံးတဲ့အခါမှာ အီစထရိုဂျင် ကျသွားရင်လည်း မိန်းမကိုယ် လျော့ရဲလာတတ်ပါတယ်။

●   သားအိမ်၊ ဆီးအိမ်၊ ဝမ်းအိမ်တွေ ကျွံတာ
မိန်းမကိုယ် ကြွက်သားတွေ အားနည်းလာပြီး သားအိမ်တွေ ၊ ဆီး၊ ဝမ်းအိမ်တွေကို မထိန်းထားနိုင်တော့ဘဲ ကျွံ့ကြလာတာ ဖြစ်ပါတယ်။ ဆီးမထိန်းနိုင်တာ၊ ဆီးထွက်ကျတာ၊ မိန်းမကိုယ် ဖောင်းလာတာတို့ ဖြစ်တတ်ပါတယ်။

●   လိင်ဆက်ဆံရာမှာ ဖြစ်ပေါ်တဲ့ ပြဿနာတွေ
လိင်ဆက်ဆံရာမှာ နာကျင်တာဟာ မိန်းမကိုယ်ကြွက်သားတွေ တင်းမာနေလို့ ဖြစ်နိုင်ပါတယ်။ သွေးဆုံးပြီးနောက် မိန်းမကိုယ် ခြောက်သွေ့တာကလည်း လိင်ဆက်ဆံရာမှာ နာကျင်စေပါတယ်။

pH Care 1

●   လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ
မိန်းမကိုယ်မှာ ရေယုန်ပေါက်တာ၊ ဆီးပူ ညောင်းကျ၊ ကြွက်နို့၊ ကာလသားရောဂါနဲ့ အခြားရောဂါတွေ အများကြီး ဖြစ်နိုင်ပါတယ်။ လက္ခဏာတွေကတော့ နာကျင်မယ်၊ မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့ အရည်တွေ ဆင်းမယ်၊ အနာတွေ ပေါက်ပါမယ်။

●   အခြားရောဂါတွေ
မိန်းမကိုယ်မှာ ရေအိတ်ဖြစ်နေတာမျိုးဆို tampon သုံးရတာ အဆင်မပြေတာ၊ လိင်ဆက်ဆံရင် နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ မိန်းမကိုယ်ကင်ဆာကတော့ ရှားပေမဲ့ အစပိုင်းမှာ လိင်ဆက်ဆံပြီးတိုင်း သွေးထွက်တာ၊ သွေးဆုံးပြီးတော့မှ သွေးပြန်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။

>>   မိန်းမကိုယ်ကို ကျန်းမာအောင် ဘာတွေလုပ်လို့ရလဲ?
1.   မိန်းမကိုယ် ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေ လုပ်ပါ။
2.   အိမ်ထောင်ဘက်၊ ချစ်သူအပေါ် သစ္စာရှိပါ၊ လိင်ဆက်ဆံဖော်များရင် ကွန်ဒုံး သုံးပါ။
3.   သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး၊ အသည်းရောင် အသားဝါရောဂါ ကာကွယ်ဆေး စတာတွေ ထိုးပါ။
4.   ကိုယ်သောက်နေတဲ့ ဆေးတွေ၊ ဘေးထွက်ဆိုးကျိုးတွေကို သိအောင် လုပ်ထားပါ။
5.   အရက်၊ ဆေးလိပ်တွေက လိင်စွမ်းဆောင်ရည်သာမက စိတ်ကျန်းမာရေး၊ ကိုယ်ကျန်းမာရေးကိုပါ ထိခိုက်စေလို့ တတ်နိုင်သလောက် ရှောင်ပါ။

Dr. Htar (www.drmyanmar.com)

pH Care 2

(Zawgyi)

●   မိန္းမကိုယ္ ေရာင္ရမ္းျခင္း
ပိုးဝင္ၿပီး ေရာင္ရမ္းတာ၊ ဒါမွမဟုတ္ ေသြးဆုံးတာ၊ ဒါမွမဟုတ္ မိန္းမကိုယ္အတြင္း သဘာဝအတိုင္း ရွိေနတဲ့ ပိုးမႊားေလးေတြ အေၾကာင္းတစ္ခုခုေၾကာင့္ နည္းသြားတာ၊ ပ်က္စီးသြားတာေတြေၾကာင့္ ျဖစ္တတ္ပါတယ္။ လကၡဏာေတြကေတာ့ မိန္းမကိုယ္ကေန ပုံမွန္မဟုတ္တဲ့ အေရာင္၊ အနံ ရွိတဲ့ အရည္ေတြ ဆင္းမယ္၊ ယားမယ္၊ နာမယ္။

●   မိန္းမကိုယ္ က်ယ္လာတာ၊ ေလ်ာ့ရဲလာတာ
ကေလးကို ႐ိုး႐ိုးေမြးထားတဲ့လူေတြမွာ အျဖစ္မ်ားပါတယ္။ အဲလို မိန္းမေတြရဲ႕ သုံးပုံ တစ္ပုံဟာ လိင္ဆက္ဆံတဲ့ အခါမွာ ခံစားမႈ မရွိေတာ့ပါဘူး။
အသက္ႀကီးလာလို႔၊ ေသြးဆုံးတဲ့အခါမွာ အီစထ႐ိုဂ်င္ က်သြားရင္လည္း မိန္းမကိုယ္ ေလ်ာ့ရဲလာတတ္ပါတယ္။

●   သားအိမ္၊ ဆီးအိမ္၊ ဝမ္းအိမ္ေတြ ကြၽံတာ
မိန္းမကိုယ္ ႂကြက္သားေတြ အားနည္းလာၿပီး သားအိမ္ေတြ ၊ ဆီး၊ ဝမ္းအိမ္ေတြကို မထိန္းထားႏိုင္ေတာ့ဘဲ ကြၽံ႕ၾကလာတာ ျဖစ္ပါတယ္။ ဆီးမထိန္းႏိုင္တာ၊ ဆီးထြက္က်တာ၊ မိန္းမကိုယ္ ေဖာင္းလာတာတို႔ ျဖစ္တတ္ပါတယ္။

●   လိင္ဆက္ဆံရာမွာ ျဖစ္ေပၚတဲ့ ျပႆနာေတြ
လိင္ဆက္ဆံရာမွာ နာက်င္တာဟာ မိန္းမကိုယ္ႂကြက္သားေတြ တင္းမာေနလို႔ ျဖစ္ႏိုင္ပါတယ္။ ေသြးဆုံးၿပီးေနာက္ မိန္းမကိုယ္ ေျခာက္ေသြ႕တာကလည္း လိင္ဆက္ဆံရာမွာ နာက်င္ေစပါတယ္။

●   လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ
မိန္းမကိုယ္မွာ ေရယုန္ေပါက္တာ၊ ဆီးပူ ေညာင္းက်၊ ႂကြက္ႏို႔၊ ကာလသားေရာဂါနဲ႔ အျခားေရာဂါေတြ အမ်ားႀကီး ျဖစ္ႏိုင္ပါတယ္။ လကၡဏာေတြကေတာ့ နာက်င္မယ္၊ မိန္းမကိုယ္ကေန ပုံမွန္မဟုတ္တဲ့ အရည္ေတြ ဆင္းမယ္၊ အနာေတြ ေပါက္ပါမယ္။

●   အျခားေရာဂါေတြ
မိန္းမကိုယ္မွာ ေရအိတ္ျဖစ္ေနတာမ်ိဳးဆို tampon သုံးရတာ အဆင္မေျပတာ၊ လိင္ဆက္ဆံရင္ နာက်င္တာေတြ ျဖစ္တတ္ပါတယ္။ မိန္းမကိုယ္ ကင္ဆာကေတာ့ ရွားေပမဲ့ အစပိုင္းမွာ လိင္ဆက္ဆံၿပီးတိုင္း ေသြးထြက္တာ၊ ေသြးဆုံးၿပီးေတာ့မွ ေသြးျပန္ဆင္းတာေတြ ျဖစ္တတ္ပါတယ္။

>>   မိန္းမကိုယ္ကို က်န္းမာေအာင္ ဘာေတြ လုပ္လို႔ရလဲ?
1.   မိန္းမကိုယ္ ႂကြက္သားသန္မာေစတဲ့ ေလ့က်င့္ခန္းေတြ လုပ္ပါ။
2.   အိမ္ေထာင္ဘက္၊ ခ်စ္သူအေပၚ သစၥာရွိပါ၊ လိင္ဆက္ဆံေဖာ္မ်ားရင္ ကြန္ဒုံး သုံးပါ။
3.   သားအိမ္ေခါင္းကင္ဆာ ကာကြယ္ေဆး၊ အသည္းေရာင္ အသားဝါေရာဂါ ကာကြယ္ေဆး စတာေတြ ထိုးပါ။
4.   ကိုယ္ေသာက္ေနတဲ့ ေဆးေတြ၊ ေဘးထြက္ဆိုးက်ိဳးေတြကို သိေအာင္ လုပ္ထားပါ။
5.   အရက္၊ ေဆးလိပ္ေတြက လိင္စြမ္းေဆာင္ရည္သာမက စိတ္က်န္းမာေရး၊ ကိုယ္က်န္းမာေရးကိုပါ ထိခိုက္ေစလို႔ တတ္ႏိုင္သေလာက္ ေရွာင္ပါ။

Dr. Htar (www.drmyanmar.com)