အဖြူဆင်းခြင်းနှင့် အမျိုးသမီးတို့ ကျန်းမာရေး
မိန်းကလေးတွေမှာ မိန်းမကိုယ်ကနေ အဖြူဆင်းတာဟာ များသောအားဖြင့် သဘာဝပဲ ဖြစ်ပါတယ်။ သဘာဝအရ ရာသီသွေးတစ်ခုနဲ့တစ်ခုရဲ့ ကြားကာလ (သားဥကြွေချိန်) မှာ မိန်းမကိုယ်ကနေ အဖြူ (သို့) ဖြူဝါဝါ အရောင်ရှိတဲ့ အရည်ကျဲ (သို့) အပျစ် ဆင်းတတ်ပါတယ်။ ရာသီမမှန်တတ်တဲ့သူတွေ (ကြားပေါက်ဆင်းတတ်တဲ့သူတွေ) မှာတော့ ရာသီသွေးရောင် အနည်းငယ်ပါတတ်ပါတယ်။
(၁) ပန်းရောင်/နီရဲရဲအရောင်/အညိုရောင်ဖြစ်နေလျှင်
ကြားပေါက်ဆင်းတတ်တဲ့သူတွေမှာတော့ ရာသီသွေးနဲ့ ရောသွားလို့ ဆင်းတာ ဖြစ်နိုင်ပါတယ်။ သန္ဓေတားဟော်မုန်းဆေးများ စတင်သုံးစွဲသည့်ကာလမှာလည်း ဖြစ်တတ်ပါတယ်။ ရက်သတ္တပတ်ကြာအောင်ထိ ဆက်တိုက်ဆင်းနေမယ် ဆိုရင်တော့ မျိုးပွားအင်္ဂါ အလုံးအကျိတ်၊ ကင်ဆာတွေ ဟုတ် မဟုတ် စစ်ဆေးကြည့်သင့်ပါတယ်။
(၂) အဖြူအဖတ်များ ဆင်းပြီး ယားယံခြင်းရှိလျှင်
Candida ပိုးကြောင့်ဖြစ်တဲ့ Yeast လို့ခေါ်တဲ့ မှိုရောဂါတစ်မျိုးကြောင့် အဖြစ်များပါတယ်။ စိုစွတ်ပြီး မသန့်ရှင်းတဲ့ အဝတ်တွေမှာ ပေါက်ပွားပါတယ်။ မိန်းမကိုယ်ပူလောင် ယားယံခြင်းကို ဖြစ်စေပါတယ်။ သန့်ရှင်းခြောက်သွေ့အောင်ထားပြီး မှိုပိုးသတ်ဆေးနဲ့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။
(၃) အဝါရောင်ဆင်းပြီး ယားယံ နာကျင်မှုရှိခဲ့လျှင်
အဝါရောင်ဆင်းတာဟာ ပုံမှန်ဖြစ်နိုင်သော်လည်း ယားယံနာကျင်မှုပါ ရှိခဲ့ရင်တော့ ဂနိုရောဂါ (Gonorrhea) နဲ့ Trichomoniasis ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေလည်း ဖြစ်နိုင်ပါတယ်။
pH Care 1

(၄) အစိမ်းရောင်/မီးခိုးဖျော့ရောင်နဲ့ အမြှုပ်ထပြီး အနံ့ဆိုးဝါးလျှင်
ဘက်တီးရီးယားပိုး Trichomoniasis ကြောင့်လည်း ဖြစ်နေတတ်ပါသေးတယ်။ အဖြစ်အများဆုံးရောဂါဖြစ်ပြီး ပျောက်ကင်းဖို့ အလွယ်ဆုံးရောဂါလည်း ဖြစ်ပါတယ်။ ရောဂါလက္ခဏာမပေါ်တာမျိုးလည်း ရှိတတ်ပြီး မကုသဘဲ ထားရင်တော့ ပြင်းထန်တဲ့ရောဂါမျိုး ဖြစ်သွားနိုင်ပါတယ်။
(၅) စိမ်းဝါရောင်ဖြစ်ပြီး ခါးကိုက်၊ ဆီးကျဉ်ခဲ့လျှင်
Chlamydia နဲ့ ဂနိုရောဂါ (Gonorrhea) ကဲ့သို့သော လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေမှာ တွေ့ရတတ်ပါတယ်။အများစုမှာ ရောဂါလက္ခဏာ မပြတတ်ပါဘူး။ ပိုးသတ်ဆေးနဲ့ ပျောက်ကင်းနိုင်သော်လည်း သင်ကိုယ်တိုင်ရော သင့်အဖော်ပါ အမြစ်ပြတ်ပျောက်ကင်းအောင် ကုသဖို့ လိုအပ်ပါတယ်။
(၆) မီးခိုးဖျော့ရောင် အရည်ကျဲကျဲနဲ့ ငါးညှီနံ့ နံလျှင်
အသက် (၁၅) နှစ်ကနေ (၄၄) နှစ်အတွင်း အဖြစ်အများဆုံးပါ။ Bacteria Vaginosis လို့ခေါ်ပြီး မိန်းမကိုယ်တွင်းမှာရှိတဲ့ ရောဂါကာကွယ်ပေးတဲ့ ဘက်တီးရီးယားတွေ သေသွားပြီး ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားတွေ ဝင်လာလို့ ဖြစ်ရခြင်းပဲ ဖြစ်ပါတယ်။ ပိုးသတ်ဆေးနဲ့ ကုသနိုင်ပါတယ်။
မိန်းမကိုယ်သန့်ရှင်းဖို့ တစ်ကိုယ်ရည်ကျန်းမာရေးကို ဂရုစိုက်ဖို့ အရေးအကြီးဆုံးပါပဲ။ နေ့စဉ်သုံးစွဲနေတဲ့ အသုံးအဆောင်တွေကို သန့်ရှင်းစွာထားခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။
ဒေါက်တာနေလွင်ထူး (www.drmyanmar.com)
pH Care 2

(Zawgyi)
မိန္းကေလးေတြမွာ မိန္းမကိုယ္ကေန အျဖဴဆင္းတာဟာ မ်ားေသာအားျဖင့္ သဘာဝပဲ ျဖစ္ပါတယ္။ သဘာဝအရ ရာသီေသြးတစ္ခုနဲ႔တစ္ခုရဲ႕ ၾကားကာလ (သားဥေႂကြခ်ိန္) မွာ မိန္းမကိုယ္ကေန အျဖဴ (သို႔) ျဖဴဝါဝါ အေရာင္ရွိတဲ့ အရည္က်ဲ (သို႔) အပ်စ္ ဆင္းတတ္ပါတယ္။ ရာသီမမွန္တတ္တဲ့သူေတြ (ၾကားေပါက္ဆင္းတတ္တဲ့သူေတြ) မွာေတာ့ ရာသီေသြးေရာင္ အနည္းငယ္ပါတတ္ပါတယ္။
(၁) ပန္းေရာင္/နီရဲရဲအေရာင္/အညိဳေရာင္ျဖစ္ေနလွ်င္
ၾကားေပါက္ဆင္းတတ္တဲ့သူေတြမွာေတာ့ ရာသီေသြးနဲ႔ ေရာသြားလို႔ ဆင္းတာ ျဖစ္ႏိုင္ပါတယ္။ သေႏၶတားေဟာ္မုန္းေဆးမ်ား စတင္သုံးစြဲသည့္ကာလမွာလည္း ျဖစ္တတ္ပါတယ္။ ရက္သတၱပတ္ၾကာေအာင္ထိ ဆက္တိုက္ဆင္းေနမယ္ ဆိုရင္ေတာ့ မ်ိဳးပြားအဂၤါ အလုံးအက်ိတ္၊ ကင္ဆာေတြ ဟုတ္ မဟုတ္ စစ္ေဆးၾကည့္သင့္ပါတယ္။
(၂) အျဖဴအဖတ္မ်ား ဆင္းၿပီး ယားယံျခင္းရွိလွ်င္
Candida ပိုးေၾကာင့္ျဖစ္တဲ့ Yeast လို႔ေခၚတဲ့ မႈိေရာဂါတစ္မ်ိဳးေၾကာင့္ အျဖစ္မ်ားပါတယ္။ စိုစြတ္ၿပီး မသန႔္ရွင္းတဲ့ အဝတ္ေတြမွာ ေပါက္ပြားပါတယ္။ မိန္းမကိုယ္ပူေလာင္ ယားယံျခင္းကို ျဖစ္ေစပါတယ္။ သန႔္ရွင္းေျခာက္ေသြ႕ေအာင္ထားၿပီး မႈိပိုးသတ္ေဆးနဲ႔ ကုသမႈခံယူရမွာ ျဖစ္ပါတယ္။
(၃) အဝါေရာင္ဆင္းၿပီး ယားယံ နာက်င္မႈရွိခဲ့လွ်င္
အဝါေရာင္ဆင္းတာဟာ ပုံမွန္ျဖစ္ႏိုင္ေသာ္လည္း ယားယံနာက်င္မႈပါ ရွိခဲ့ရင္ေတာ့ ဂႏိုေရာဂါ (Gonorrhea) နဲ႔ Trichomoniasis ကဲ့သို႔ေသာ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြလည္း ျဖစ္ႏိုင္ပါတယ္။
(၄) အစိမ္းေရာင္/မီးခိုးေဖ်ာ့ေရာင္နဲ႔ အျမႇဳပ္ထၿပီး အနံ႔ဆိုးဝါးလွ်င္
ဘက္တီးရီးယားပိုး Trichomoniasis ေၾကာင့္လည္း ျဖစ္ေနတတ္ပါေသးတယ္။ အျဖစ္အမ်ားဆုံးေရာဂါျဖစ္ၿပီး ေပ်ာက္ကင္းဖို႔ အလြယ္ဆုံးေရာဂါလည္း ျဖစ္ပါတယ္။ ေရာဂါလကၡဏာမေပၚတာမ်ိဳးလည္း ရွိတတ္ၿပီး မကုသဘဲ ထားရင္ေတာ့ ျပင္းထန္တဲ့ေရာဂါမ်ိဳး ျဖစ္သြားႏိုင္ပါတယ္။
(၅) စိမ္းဝါေရာင္ျဖစ္ၿပီး ခါးကိုက္၊ ဆီးက်ဥ္ခဲ့လွ်င္
Chlamydia နဲ႔ ဂႏိုေရာဂါ (Gonorrhea) ကဲ့သို႔ေသာ လိင္မွတစ္ဆင့္ ကူးစက္တတ္တဲ့ေရာဂါေတြမွာ ေတြ႕ရတတ္ပါတယ္။အမ်ားစုမွာ ေရာဂါလကၡဏာ မျပတတ္ပါဘူး။ ပိုးသတ္ေဆးနဲ႔ ေပ်ာက္ကင္းႏိုင္ေသာ္လည္း သင္ကိုယ္တိုင္ေရာ သင့္အေဖာ္ပါ အျမစ္ျပတ္ေပ်ာက္ကင္းေအာင္ ကုသဖို႔ လိုအပ္ပါတယ္။
(၆) မီးခိုးေဖ်ာ့ေရာင္ အရည္က်ဲက်ဲနဲ႔ ငါးညႇီနံ႔ နံလွ်င္
အသက္ (၁၅) ႏွစ္ကေန (၄၄) ႏွစ္အတြင္း အျဖစ္အမ်ားဆုံးပါ။ Bacteria Vaginosis လို႔ေခၚၿပီး မိန္းမကိုယ္တြင္းမွာရွိတဲ့ ေရာဂါကာကြယ္ေပးတဲ့ ဘက္တီးရီးယားေတြ ေသသြားၿပီး ေရာဂါျဖစ္ေစတဲ့ ဘက္တီးရီးယားေတြ ဝင္လာလို႔ ျဖစ္ရျခင္းပဲ ျဖစ္ပါတယ္။ ပိုးသတ္ေဆးနဲ႔ ကုသႏိုင္ပါတယ္။
မိန္းမကိုယ္သန႔္ရွင္းဖို႔ တစ္ကိုယ္ရည္က်န္းမာေရးကို ဂ႐ုစိုက္ဖို႔ အေရးအႀကီးဆုံးပါပဲ။ ေန႔စဥ္သုံးစြဲေနတဲ့ အသုံးအေဆာင္ေတြကို သန႔္ရွင္းစြာထားျခင္းျဖင့္ ကာကြယ္ႏိုင္ပါတယ္။
ေဒါက္တာေနလြင္ထူး (www.drmyanmar.com)






























