အမျိုးသမီးငယ်တို့ အမြဲတက်ကြွလှုပ်ရှားနေစေဖို့
ကောင်းမွန်ပြည့်စုံတဲ့ အစာအာဟာရဟာ လူတွေရဲ့ကျန်းမာရေးနဲ့ တက်ကြွလှုပ်ရှားမှုအတွက် အရေးပါပါတယ်။ လူတွေရဲ့အာဟာရဓာတ်လိုအပ်မှုဟာ အမျိုးသား၊ အမျိုးသမီး၊ လှုပ်ရှားမှု စတာတွေပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် ကွာခြားနိုင်ပါတယ်။ လူကိုယ်ခန္ဓာမှာ လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေ အများကြီး ရှိပါတယ်။
ဒီ Micronutrients လို့ခေါ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေဟာ ကိုယ်ခန္ဓာရဲ့ လုပ်ငန်းဆောင်တာအမျိုးမျိုးနဲ့ ဓာတ်ပြုမှုအမျိုးမျိုးတို့အတွက် အရေးပါပါတယ်။ အပေါ်မှာဆိုခဲ့သလိုပဲ ဒီဗီတာမင်နဲ့သတ္တုဓာတ်တွေဟာလည်း တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေ ကွာခြားနိုင်ပါတယ်။ ဒီထဲမှာမှ တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးတွေအတွက် ထိပ်ဆုံးက လိုအပ်တဲ့ ဓာတ် ၃ မျိုးကတော့ သံဓာတ်၊ ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင်ဒီတို့ပဲ ဖြစ်ပါတယ်။
Feroglobin IA 1

● သံဓာတ်
သံဓာတ်ဟာ ကိုယ်ခန္ဓာရဲ့ဖြစ်စဉ်အမျိုးမျိုးအတွက် အရေးပါပါတယ်။ သူ့ကို အဓိကသိကြတာကတော့ ကိုယ်ခန္ဓာမှာ အောက်စီဂျင် သယ်ယူပို့ဆောင်ပေးနိုင်တဲ့ အစွမ်းရှိတာကိုပါပဲ။ ဒါကြောင့် အမြဲလှုပ်ရှားနေရတဲ့ အမျိုးသမီးတွေအတွက် သံဓာတ်က အရေးပါလာတာပေါ့။ အမျိုးသမီးတိုင်းဟာ ဓမ္မတာသွေးဆုံးရှုံးမှုကြောင့် လတိုင်း သံဓာတ်ဆုံးရှုံးနေတတ်ပါတယ်။ ဒါကိုပြန်လည်မဖြည့်တင်းဘူးဆိုရင် ကြာလာတဲ့အခါ သံဓာတ်ချို့တဲ့ သွေးအားနည်းရောဂါ ဖြစ်လာနိုင်ပါတယ်။
အသက် ၁၉ နှစ်အထက် အမျိုးသမီးတစ်ယောက်ရဲ့ တစ်နေ့တာ သံဓာတ်လိုအပ်ချက်ဟာ 18mg ဖြစ်ပါတယ်။ အသက် ၅၁ နှစ်နောက်ပိုင်းမှာတော့ လိုအပ်ချက်ဟာ တစ်နေ့ကို 8mg အထိ လျော့ကျသွားပါတယ်။ ဒါပေမဲ့ လေ့လာချက်တွေအရတော့ လှုပ်ရှားမှု အမြဲပြုလုပ်နေရတဲ့ အမျိုးသမီးတွေအတွက်တော့ ၃၀-၇၀% ပိုလိုအပ်နိုင်တယ်လို့ သိရပါတယ်။ သံဓာတ်ကြွယ်ဝတဲ့အစားအစာတွေကတော့ အနီရောင်အသားများ၊ အသည်း၊ ဟင်းနုနွယ်၊ သံဓာတ်ဖြည့်စွက်ထားတဲ့ အစားအသောက်တွေပါပဲ။
Feroglobin IA 2

● ကယ်လ်စီယမ်ဓာတ်
ကယ်လ်စီယမ်ဓာတ်ဟာ အရိုးကျန်းမာရေးနဲ့ ကြွက်သားညှစ်အားအတွက် အရေးပါတာကြောင့် တက်ကြွလှုပ်ရှားတဲ့ အမျိုးသမီးငယ်တွေအတွက် အရေးပါပါတယ်။ ကယ်လ်စီယမ် မလုံလောက်တဲ့အခါ အရိုးသိပ်သည်းဆ နည်းလာတာမျိုး ဖြစ်တတ်ပါတယ်။
ကိုယ်ခန္ဓာမှာ ကယ်လ်စီယမ်ဓာတ် လျော့နည်းလာတဲ့အခါ အရိုးထဲက ကယ်လ်စီယမ်တွေကို စွဲထုတ်ယူသုံးတာမို့ အရိုးပါးပြီး အရိုးကျိုးလွယ်တာတွေ ဖြစ်လာတတ်ပါတယ်။ အသက် ၁၉ နှစ် အထက်အမျိုးသမီးငယ်တွေမှာ တစ်နေ့တာ ကယ်လ်စီယမ်လိုအပ်မှုက ၁၀၀၀ mg ရှိပြီး အသက် ၅၁ နောက်ပိုင်းမှာတော့ ၁၂၀၀၀ mg လောက်ထိ လိုအပ်လာနိုင်ပါတယ်။ ကယ်လ်စီယမ်ကို နို့၊ ဒိန်ချဉ်၊ ချိစ် စတာတွေကနေ ရရှိနိုင်ပါတယ်။
● ဗီတာမင်ဒီ
ဗီတာမင်ဒီကို ကယ်လ်စီယမ်နဲ့ ဖော့စဖိတ်ဓာတ် စုပ်ယူမှုအတွက် လိုအပ်ပါတယ်။ အသက် ၁၈ နှစ်အထက်မှာ ဗီတာမင်ဒီ လိုအပ်ချက်ဟာ 5mg/day ဖြစ်ပြီး အသက် ၅၁ နှစ်အကျော်မှာ 10mg/day နဲ့ အသက် ၇၁ နှစ်အကျော်မှာ 15mg/day လိုအပ်လာပါတယ်။ ဗီတာမင်ဒီကို နေရောင်ကနေ အဓိကရရှိပြီး ဥအမျိုးမျိုး၊ အဆီများငါး၊ ဗီတာမင်ဒီ ဖြည့်စွက်ထားတဲ့အစားအသောက်တွေကနေလည်း ရရှိနိုင်ပါတယ်။
Dr. Mya Phoo Ngon (www.drmyanmar.com)






























