အမျိုးသမီးတိုင်း မပေါ့ဆသင့်တဲ့ကိစ္စများ
မိန်းမကိုယ်ကျန်းမာရေးကို ပေါ့ပေါ့တန်တန်သဘော မထားသင့်ပါဘူး။ တကယ်လို့ တစ်ခုခု ချို့ယွင်းနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။
>> မိန်းမကိုယ် ကျန်းမာရေးကို ထိခိုက်စေတဲ့အရာတွေ
● ကိုယ်ဝန်ဆောင်တာနဲ့ မီးဖွားတဲ့အခါ
မိန်းမကိုယ် စုတ်ပြဲတာတို့၊ ကလေးမွေးရင်း တစ်ခါတလေ မွေးလမ်းကြောင်း ချဲ့လိုက်ရတာမျိုး ရှိတတ်ပါတယ်။ ကလေးမွေးပြီးတဲ့ အခါ မိန်းမကိုယ် ကြွက်သားတွေ လျော့ရဲလာပြီး မိန်းမကိုယ် ကျယ်လာတာမျိုး ဖြစ်တတ်ပါတယ်။
● ဟော်မုန်းတွေ
ဟော်မုန်း level တွေကလည်း မိန်းမကိုယ်ကျန်းမာရေးကို သက်ရောက်မှု ရှိပါတယ်။ ကလေးနို့တိုက်နေတဲ့ အချိန်နဲ့ သွေးဆုံးချိန်မှာ အီစထရိုဂျင်ပမာဏက ကျသွားကြောင့် မိန်းမကိုယ်အမြှေးတွေကို ပါးလွှာစေပြီး နာကျင်မှုဖြစ်ပေါ်စေပါတယ်။
● လိင်ဆက်ဆံခြင်း
အကာအကွယ်မဲ့ ဆက်ဆံခြင်းကြောင့် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ ဖြစ်စေပါတယ်။ သာမန်မဟုတ်တဲ့ ပြင်းထန်တဲ့နည်းလမ်းတွေနဲ့ ဆက်ဆံခြင်းကလည်း မိန်းမကိုယ်ကို အနာတရ ဖြစ်စေပါတယ်။
● စိတ်ကျန်းမာရေး
စိတ်ကျရောဂါနဲ့ တခြားစိတ်ရောဂါတွေ၊ အတိတ်မှာ လိင်အကြမ်းဖက်မှု ခံရဖူးတာတွေကြောင့်လည်း လိင်ဆက်ဆံရာမှာ နာကျင်တာ၊ အဆင်မပြေတာတွေကို ဖြစ်စေပါတယ်။
pH Care 1

● အခြားရောဂါတွေနဲ့ ကုသမှုတွေ
သားအိမ်ထူတာ၊ မိန်းမရောဂါ စတာတွေကလည်း လိင်ဆက်ဆံရာမှာ နာကျင်မှုကို ဖြစ်စေပါတယ်။ အရင်က ခွဲစိတ်ဖူးတာ၊ တချို့ကင်ဆာ ကုသမှုတွေကြောင့်လည်း နာကျင်စေပါတယ်။ ရောဂါကြောင့် ပိုးသတ်ဆေး အသောက်များရင်လည်း မိန်းမကိုယ် မှိုဆွဲတဲ့ရောဂါကို ဖြစ်စေတတ်ပါတယ်။
>> ရောဂါလက္ခဏာတွေ
1. မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့အရောင်၊ အနံ့ရှိတဲ့အရည်တွေ ကာလရှည်ဆင်းတာ
2. မိန်းမကိုယ်နီရဲ ယားယံတာ
3. ပုံမှန်မဟုတ်ဘဲ သွေးဆင်းတာ၊ လိင်ဆက်ဆံ ပြီးတိုင်း ဒါမှမဟုတ် သွေးဆုံးပြီးမှ သွေးပြန်ဆင်းတာ
4. မိန်းမကိုယ်မှာ အလုံးအကြိတ် စမ်းမိတာ
5. လိင်ဆက်ဆံရာမှာ နာကျင်တာ
ဘယ်ရောဂါမဆို မဖြစ်ခင်မှာ ကြိုတင်ကာကွယ်တာက ပိုကောင်းတာမို့ ပုံမှန်စစ်ဆေးမှုကို ခံယူပါ။ သင့်ရဲ့ မိန်းမကိုယ်နဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ပြသတိုင်ပင်ရမှာကိုလည်း မရှက်ပါနဲ့။
Dr. Htar (www.drmyanmar.com)
pH Care 2

(Zawgyi)
မိန္းမကိုယ္က်န္းမာေရးကို ေပါ့ေပါ့တန္တန္သေဘာ မထားသင့္ပါဘူး။ တကယ္လို႔ တစ္ခုခု ခ်ိဳ႕ယြင္းေနၿပီဆိုတာနဲ႔ ဆရာဝန္နဲ႔ တိုင္ပင္သင့္ပါတယ္။
>> မိန္းမကိုယ္ က်န္းမာေရးကို ထိခိုက္ေစတဲ့အရာေတြ
● ကိုယ္ဝန္ေဆာင္တာနဲ႔ မီးဖြားတဲ့အခါ
မိန္းမကိုယ္ စုတ္ၿပဲတာတို႔၊ ကေလးေမြးရင္း တစ္ခါတေလ ေမြးလမ္းေၾကာင္း ခ်ဲ႕လိုက္ရတာမ်ိဳး ရွိတတ္ပါတယ္။ ကေလးေမြးၿပီးတဲ့ အခါ မိန္းမကိုယ္ ႂကြက္သားေတြ ေလ်ာ့ရဲလာၿပီး မိန္းမကိုယ္ က်ယ္လာတာမ်ိဳး ျဖစ္တတ္ပါတယ္။
● ေဟာ္မုန္းေတြ
ေဟာ္မုန္း level ေတြကလည္း မိန္းမကိုယ္က်န္းမာေရးကို သက္ေရာက္မႈ ရွိပါတယ္။ ကေလးႏို႔တိုက္ေနတဲ့ အခ်ိန္နဲ႔ ေသြးဆုံးခ်ိန္မွာ အီစထ႐ိုဂ်င္ပမာဏက က်သြားေၾကာင့္ မိန္းမကိုယ္အေျမႇးေတြကို ပါးလႊာေစၿပီး နာက်င္မႈျဖစ္ေပၚေစပါတယ္။
● လိင္ဆက္ဆံျခင္း
အကာအကြယ္မဲ့ ဆက္ဆံျခင္းေၾကာင့္ လိင္ကတစ္ဆင့္ ကူးစက္တဲ့ေရာဂါေတြ ျဖစ္ေစပါတယ္။ သာမန္မဟုတ္တဲ့ ျပင္းထန္တဲ့နည္းလမ္းေတြနဲ႔ ဆက္ဆံျခင္းကလည္း မိန္းမကိုယ္ကို အနာတရ ျဖစ္ေစပါတယ္။
● စိတ္က်န္းမာေရး
စိတ္က်ေရာဂါနဲ႔ တျခားစိတ္ေရာဂါေတြ၊ အတိတ္မွာ လိင္အၾကမ္းဖက္မႈ ခံရဖူးတာေတြေၾကာင့္လည္း လိင္ဆက္ဆံရာမွာ နာက်င္တာ၊ အဆင္မေျပတာေတြကို ျဖစ္ေစပါတယ္။
● အျခားေရာဂါေတြနဲ႔ ကုသမႈေတြ
သားအိမ္ထူတာ၊ မိန္းမေရာဂါ စတာေတြကလည္း လိင္ဆက္ဆံရာမွာ နာက်င္မႈကို ျဖစ္ေစပါတယ္။ အရင္က ခြဲစိတ္ဖူးတာ၊ တခ်ိဳ႕ကင္ဆာ ကုသမႈေတြေၾကာင့္လည္း နာက်င္ေစပါတယ္။ ေရာဂါေၾကာင့္ ပိုးသတ္ေဆး အေသာက္မ်ားရင္လည္း မိန္းမကိုယ္ မႈိဆြဲတဲ့ေရာဂါကို ျဖစ္ေစတတ္ပါတယ္။
>> ေရာဂါလကၡဏာေတြ
1. မိန္းမကိုယ္ကေန ပုံမွန္မဟုတ္တဲ့အေရာင္၊ အနံ႔ရွိတဲ့အရည္ေတြ ကာလရွည္ဆင္းတာ
2. မိန္းမကိုယ္နီရဲ ယားယံတာ
3. ပုံမွန္မဟုတ္ဘဲ ေသြးဆင္းတာ၊ လိင္ဆက္ဆံ ၿပီးတိုင္း ဒါမွမဟုတ္ ေသြးဆုံးၿပီးမွ ေသြးျပန္ဆင္းတာ
4. မိန္းမကိုယ္မွာ အလုံးအႀကိတ္ စမ္းမိတာ
5. လိင္ဆက္ဆံရာမွာ နာက်င္တာ
ဘယ္ေရာဂါမဆို မျဖစ္ခင္မွာ ႀကိဳတင္ကာကြယ္တာက ပိုေကာင္းတာမို႔ ပုံမွန္စစ္ေဆးမႈကို ခံယူပါ။ သင့္ရဲ႕ မိန္းမကိုယ္နဲ႔ ပတ္သက္ၿပီး ဆရာဝန္နဲ႔ ျပသတိုင္ပင္ရမွာကိုလည္း မရွက္ပါနဲ႔။
Dr. Htar (www.drmyanmar.com)






























