/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတိုင်း-လုပ်သင့်တဲ့-ကျန်းမာရေး-ကြိုတင်စစ်ဆေးချက်တွေ

အမျိုးသမီးတိုင်း လုပ်သင့်တဲ့ ကျန်းမာရေး ကြိုတင်စစ်ဆေးချက်တွေ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အမျိုးသမီးတွေအနေနဲ့ မိမိကိုယ်ကိုမိမိ ကျန်းမာအသက်ရှည်အောင် နေမယ်ဆိုရင်တော့ ကြိုကြိုတင်တင် စစ်ဆေးထားဖို့ လိုအပ်တာလေးတွေ တင်ပြပေးလိုက်ပါတယ်။

 

●        သားအိမ်ခေါင်းကင်ဆာ စစ်ဆေးခြင်း

          အသက် 21 ကနေ 60 ထိ အမျိုးသမီးတွေ တိုင်းလုပ်သင့်တာသားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်းပါ။ ပျိုပျိုမေတို့၊ မမတို့၊ အန်တီတို့ အကုန်စစ်ဖြစ်အောင် စစ်စေချင်ပါတယ်။ ပြီးရင် အခါအားလျော်စွာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ထိုးနှံသင့်ပါတယ်။ နောက်ကျမှ အချိန်လွန်မှ ကင်ဆာ မဖြစ်ချင်ကြဘူး မဟုတ်လား။

 

●        ရင်သား စစ်ဆေးပါ

          ရင်သားကို နေ့စဉ် ရေချိုးရင်း အကျိတ်အဖု ရှိ/မရှိ လက်ဝါးလေးနဲ့  ပုံမှန်စစ်ဆေးသလို တီဘီဓာတ်မှန်၊ အထူးရင်သားဓာတ်မှန်တွေနဲ့လည်း စစ်ဆေးသင့်ပါတယ်။ ခြောက်လတစ်ခါလောက် စစ်ဆေးပါ။ ကင်ဆာကျိတ် သံသယ အဖုအလုံး ရှိနေခဲ့ရင် စောစောစီးစီး ခွဲစိတ်ဖယ်ထုတ်ခြင်းဖြင့် နောက်ပိုင်းပြဿနာတွေကို ရှောင်နိုင်အောင် ဖြစ်ပါတယ်။

 

●        အူမကြီးကင်ဆာ စစ်ဆေးခြင်း

          အနောက်နိုင်ငံတွေမှာ ခေတ်စားပါတယ်။ အထူးသံလိုက်ဓာတ်မှန် သို့မဟုတ် မှန်ပြောင်းနဲ့ စစ်ဆေးတာပါ။ မိသားစုထဲမှာ အူကင်ဆာရှိသူ မျိုးရိုးပါနေခဲ့ရင် ဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးကြည့်နိုင်ပါတယ်။ ကြိုသိရတာပေါ့။

 

●        သားအိမ်နဲ့ သားဥအိမ်ကင်ဆာ စစ်ဆေးခြင်း

          အဝလွန်သူအမျိုးသမီးတွေ အပျိုကြီးတွေ စစ်သင့်ပါတယ်။ ပထမ အာထရာဆောင်းဓာတ်မှန်နဲ့ စစ်ဆေးပြီး ဒုတိယသွေးတစ်မျိုး ထပ်မံစစ်ဆေးပြီး ရောဂါရှာဖွေကြည့်တာ ဖြစ်ပါတယ်။

 

●        သွေးတိုး၊ ဆီးချို ရှာဖွေစစ်ဆေးခြင်းကိုတော့ သုံးလတစ်ခါ ပြုလုပ်ပေးပါတဲ့။ သွေးပေါင်ချိန်တာ၊ ဆီးချို၊ သွေးချို စစ်ဆေးတာကို ဆေးခန်းတိုင်းမှာ ပြုလုပ်နိုင်ပါတယ်။

 

●        အသည်းရောင် အသားဝါ ဘီပိုး၊ စီပိုး စစ်ဆေးခြင်းကိုလည်း လုပ်သင့်ပါတယ်။ ဘီပိုး၊ စီပိုး ရှိနေခြင်းဟာ နောက်ပိုင်း ဆိုးဝါးတဲ့ အသည်းရောဂါတွေကို ဦးတည်နေတတ်လို့ စောစော ကြိုသိကုသမှု ခံယူပါ။

 

●        အရိုး သိပ်သည်းဆ စစ်ဆေးပါ။

          အရိုးသိပ်သည်းဆကို အသက် 35 မှ စတင်စစ်သင့်ပါတယ်။ သွေးဆုံးစောတဲ့ အမျိုးသမီးတွေ သားအိမ် ထုတ်ထားရသူတွေ ဓာတ်ကင်ထားရသူတွေ စစ်ဆေးသင့်ပါတယ်။ လိုအပ်သလို ဖြည့်စွက်ဆေးဝါး သောက်သုံးနိုင်အောင် ဖြစ်ပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)