အမျိုးသမီးတို့ ကျန်းမာရေး
(Zawgyi)
အမ်ဳိးသမီးတို႔ က်န္းမာေရးအတြက္ မိန္းမကိုယ္သန႔္ရွင္းေရးနဲ႔ ပတ္သက္လို႔ လုပ္သင့္တာ၊ ေရွာင္သင့္တာေလးေတြ ေျပာျပေပးသြားမယ္ေနာ္။
အမ်ိဳးသမီးေတြရဲ႕ မိန္းမကိုယ္ဆိုတာ သူ႕ဟာသူ သန႔္ရွင္းေနတယ္ဆိုေပမယ့္ ကိုယ္က ဘာမွမလုပ္ဘဲ ထိုင္ေနလို႔ေတာ့ မျဖစ္ပါဘူး။ ကိုယ့္ရဲ႕တစ္ကိုယ္ရည္သန႔္ရွင္းေရးကို ဂ႐ုစိုက္မွသာ အမ်ိဳးသမီး မ်ိဳးပြားအဂၤါရပ္ေတြ က်န္းမာသန္စြမ္းမွာေပါ့။ ဒီေတာ့ လုပ္ရမွာေတြ၊ မလုပ္ရမွာေတြကို ၾကည့္ၾကည့္ၾကရေအာင္။
လုပ္သင့္တာ : ေရေႏြးေႏြးနဲ႔ ဆပ္ျပာအေပ်ာ့ေလးနဲ႔ မိန္းမကိုယ္ကို မွန္မွန္ေဆးေၾကာေပးပါ။ pH ပမာဏညီမွ်တဲ့ ဆပ္ျပာမ်ိဳးကိုပဲ သုံးပါ။
မလုပ္သင့္တာ : ေရခ်ိဳးဆပ္ျပာရည္တို႔၊ အေမႊးပါတဲ့ ဆပ္ျပာတို႔ကို မသုံးပါနဲ႔။
လုပ္သင့္တာ : ေရေတြ စိုထိုင္းမေနေအာင္ ပုဝါအႏုေလးနဲ႔ ေျခာက္ေအာင္ သုတ္ေပးပါ။
မလုပ္သင့္တာ : အနာေတြ ျဖစ္ေလာက္ေအာင္ေတာ့ ပုဝါၾကမ္းၾကမ္းႀကီးနဲ႔ မသုတ္ပါနဲ႔။
လုပ္သင့္တာ : ဆီးခုံေမႊးကို ကပ္ေၾကးအေသးေလးနဲ႔ တိတိေပးပါ။
မလုပ္သင့္တာ : လုံးလုံးရိတ္ပစ္တာ၊ ဖေေယာင္းကပ္ခြာ ခြာတာမ်ိဳး မလုပ္ပါနဲ႔။
လုပ္သင့္တာ : ဓမၼတာလာေနစဥ္မွာ ေကာ္တြန္အတြင္းခံေတြ၊ ေပါ့ေပါ့ပါးပါးအဝတ္အစားေတြသာ ဝတ္ေပးပါ။
မလုပ္သင့္တာ : ႏိုင္လြန္လို ျပဳျပင္ထားတဲ့ပိတ္စမ်ိဳးေတြ မဝတ္ပါနဲ႔။
pH Care 1

လုပ္သင့္တာ : ယားယံလာရင္ အဝတ္သန႔္သန႔္ေလးနဲ႔ သုတ္ေပးပါ။
မလုပ္သင့္တာ : အနီကြက္ေတြ ျဖစ္လာႏိုင္တာမို႔ ကုတ္တာ၊ ဖဲ့တာ မလုပ္ပါနဲ႔။
လုပ္သင့္တာ: လစဥ္သုံးကို ၄ ၊ ၅ နာရီျခား တစ္ခါ လဲေပးပါ။
မလုပ္သင့္တာ: ေန႔တိုင္း အျဖဴခံအပါး မခံပါနဲ႔။
လုပ္သင့္တာ : မိန္းမကိုယ္သုတ္ပုဝါကို ေရွ႕ကေနာက္ကို သုတ္ေပးပါ။
မလုပ္သင့္တာ: မိန္းမကိုယ္သုတ္ပုဝါနဲ႔ မိန္းမကိုယ္အတြင္းထဲထိ မသုတ္ပါနဲ႔။
လုပ္သင့္တာ : မိန္းမကိုယ္ ယားယံလာတာေတြရွိရင္ ဆရာဝန္နဲ႔ျပပါ။
မလုပ္သင့္တာ : ေဆးဆိုင္က အလြယ္တကူ ေဆးဝယ္ေသာက္တာမ်ိဳး မလုပ္ပါနဲ႔။
Dr. Mya Phoo Ngon (www.drmyanmar.com)
pH Care 2

(Unicode)
အမျိုးသမီးတို့ ကျန်းမာရေးအတွက် မိန်းမကိုယ်သန့်ရှင်းရေးနဲ့ ပတ်သက်လို့ လုပ်သင့်တာ၊ ရှောင်သင့်တာလေးတွေ ပြောပြပေးသွားမယ်နော်။
အမျိုးသမီးတွေရဲ့ မိန်းမကိုယ်ဆိုတာ သူ့ဟာသူ သန့်ရှင်းနေတယ်ဆိုပေမယ့် ကိုယ်က ဘာမှမလုပ်ဘဲ ထိုင်နေလို့တော့ မဖြစ်ပါဘူး။ ကိုယ့်ရဲ့တစ်ကိုယ်ရည်သန့်ရှင်းရေးကို ဂရုစိုက်မှသာ အမျိုးသမီး မျိုးပွားအင်္ဂါရပ်တွေ ကျန်းမာသန်စွမ်းမှာပေါ့။ ဒီတော့ လုပ်ရမှာတွေ၊ မလုပ်ရမှာတွေကို ကြည့်ကြည့်ကြရအောင်။
လုပ်သင့်တာ : ရေနွေးနွေးနဲ့ ဆပ်ပြာအပျော့လေးနဲ့ မိန်းမကိုယ်ကို မှန်မှန်ဆေးကြောပေးပါ။ pH ပမာဏညီမျှတဲ့ ဆပ်ပြာမျိုးကိုပဲ သုံးပါ။
မလုပ်သင့်တာ : ရေချိုးဆပ်ပြာရည်တို့၊ အမွှေးပါတဲ့ ဆပ်ပြာတို့ကို မသုံးပါနဲ့။
လုပ်သင့်တာ : ရေတွေ စိုထိုင်းမနေအောင် ပုဝါအနုလေးနဲ့ ခြောက်အောင် သုတ်ပေးပါ။
မလုပ်သင့်တာ : အနာတွေ ဖြစ်လောက်အောင်တော့ ပုဝါကြမ်းကြမ်းကြီးနဲ့ မသုတ်ပါနဲ့။
လုပ်သင့်တာ : ဆီးခုံမွှေးကို ကပ်ကြေးအသေးလေးနဲ့ တိတိပေးပါ။
မလုပ်သင့်တာ : လုံးလုံးရိတ်ပစ်တာ၊ ဖေယောင်းကပ်ခွာ ခွာတာမျိုး မလုပ်ပါနဲ့။
လုပ်သင့်တာ : ဓမ္မတာလာနေစဉ်မှာ ကော်တွန်အတွင်းခံတွေ၊ ပေါ့ပေါ့ပါးပါးအဝတ်အစားတွေသာ ဝတ်ပေးပါ။
မလုပ်သင့်တာ : နိုင်လွန်လို ပြုပြင်ထားတဲ့ပိတ်စမျိုးတွေ မဝတ်ပါနဲ့။
လုပ်သင့်တာ : ယားယံလာရင် အဝတ်သန့်သန့်လေးနဲ့ သုတ်ပေးပါ။
မလုပ်သင့်တာ : အနီကွက်တွေ ဖြစ်လာနိုင်တာမို့ ကုတ်တာ၊ ဖဲ့တာ မလုပ်ပါနဲ့။
လုပ်သင့်တာ: လစဉ်သုံးကို ၄ ၊ ၅ နာရီခြား တစ်ခါ လဲပေးပါ။
မလုပ်သင့်တာ: နေ့တိုင်း အဖြူခံအပါး မခံပါနဲ့။
လုပ်သင့်တာ : မိန်းမကိုယ်သုတ်ပုဝါကို ရှေ့ကနောက်ကို သုတ်ပေးပါ။
မလုပ်သင့်တာ: မိန်းမကိုယ်သုတ်ပုဝါနဲ့ မိန်းမကိုယ်အတွင်းထဲထိ မသုတ်ပါနဲ့။
လုပ်သင့်တာ : မိန်းမကိုယ် ယားယံလာတာတွေရှိရင် ဆရာဝန်နဲ့ပြပါ။
မလုပ်သင့်တာ : ဆေးဆိုင်က အလွယ်တကူ ဆေးဝယ်သောက်တာမျိုး မလုပ်ပါနဲ့။
Dr. Mya Phoo Ngon (www.drmyanmar.com)




























