/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတို့-တစ်ကိုယ်ရည်-သန့်ရှင်းရေးအတွက်

အမျိုးသမီးတို့ တစ်ကိုယ်ရည် သန့်ရှင်းရေးအတွက် ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

>>    ကိုယ်လက်လှုပ်ရှား အားကစားလုပ်တဲ့ မမတွေအတွက် -

●        လေ့ကျင့်ခန်း လုပ်ပြီးတိုင်း ရေချိုးပါ။

●        မိန်းမကိုယ်ကို ရေနိုင်နိုင်နဲ့ ဆေးချပစ်ပါ။

●        ချွေးနဲ့ရောပြီ အနံ့ဆိုးထွက်တာလည်း ရှိတတ်တာမို့ပါ။

●        အားကစားလုပ်ပြီးတဲ့အခါ ချွေးတွေ တအားထွက်လာပြီး အတွင်းခံထဲမှာ၊ ပေါင်ခြံမှာ ပိုးတွေအောင်းနေလေ့ ရှိပါတယ်။ ချွေး သိပ်စိုလာရင် အတွင်းခံကို လဲလှယ်ပါ။

 

>>    ရာသီလာတဲ့အခါ ဘာတွေလိုက်နာသင့်လဲ?

●        သန့်ရှင်းပြီး စိတ်ချရတဲ့ အခုအခံ ဂွမ်းထုပ်လေးတွေ သုံးပါ။

●        မကြာခဏ လဲလှယ်ပေးပါ။

●        ရာသီလာတာ များပြီး စိုတာ ကြာသွားရင် ရာသီသွေးညှီနံ့က အပြင်ကို ထွက်လာတာတွေ ကြုံကြရပါတယ်။ ဒါကြောင့် ဂရုတစိုက်နဲ့ လဲလှယ်ပေးစေလိုတာ ဖြစ်ပါတယ်။

 

>>    အန္တရာယ်ကင်း အိမ်တွင်းကုထုံးလေးတစ်ခုအကြောင်း

●        ပန်းသီးရှာလကာရည်နဲ့ ရေနဲ့ရောပြီး စိမ်ပေး၊ ထိုင်ပေးတာကလည်း ပိုးသေစေတဲ့ အန္တရာယ်ကင်း အိမ်တွင်းကုထုံးပါတဲ့။ ဘက်တီးရီးယားတွေ ငြိမ်သွားစေပြီး အနံ့ထွက် သက်သာစေပါတယ်။

●        တခြား ဆပ်ပြာရည်တွေ၊ ဆေးရည်တွေထက် ပန်းသီးရှာလကာရည်ကိုတော့ ညွှန်းပါတယ်။ အနံ့ဆိုးထွက်တာအတွက် အကောင်းဆုံး သဘာ၀ကုထုံးတစ်ခုလို့ ဆိုကြပါတယ်။

 

>>    သန့်ရှင်းမှုသာ ထာ၀စဉ်

●        အောက်ခံဘောင်းဘီတွေကို မှန်မှန် လျှော်ဖွပ်ပါ။

●        နေပူကြဲကြဲမှာ ခြောက်အောင်လှန်းပါ။

●        ခါပြီး မီးပူတိုက်ပါ။ ပြီးမှ သိမ်းပါ။  သုံးပါ။

●        အောက်ခံဘောင်းဘီတွေကို စုတ်လာတာ၊ ရိလာတာဆိုရင် ပစ်လိုက်ပြီး အရည်အသွေး ကောင်းတဲ့ ချည်သားအသစ်ကို ဝယ်ပါ။

          နောက်ဆုံးအနေနဲ့ ချည်သားအေးအေး ချောင်ချောင် အတွင်းခံ သုံးခြင်းဟာ အနံ့ဆိုး ထွက်တာကို အထိုက်အလျောက် ကာကွယ်နိုင်ပါတယ်။

          မိန်းမကိုယ် အနံ့ဆိုးတွေ ကင်းစင်ရေး သဘာ၀ကျကျ နည်းလမ်းတွေကို အမျိုးသမီးလေးတွေ လိုက်နာဖို့ ပညာပေးလိုက်ရပါတယ်။

ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)