/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးတို့-အဖြူဆင်းခြင်းကို-ကာကွယ်ဖို့

အမျိုးသမီးတို့ အဖြူဆင်းခြင်းကို ကာကွယ်ဖို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

(Zawgyi)

    အမ်ဳိးသမီးတစ္ေယာက္ဟာ တစ္သက္မွာတစ္ႀကိမ္ေတာ့ မိန္းမကိုယ္မႈိစြဲတဲ့ျပႆနာနဲ႔ အျဖဴဆင္းျခင္းကို ႀကဳံေတြ႕ရတတ္ပါတယ္။ အမ်ားစုဟာ မၾကာမၾကာ ပိုးဝင္တာမ်ဳိးေတာင္ ရွိတတ္ပါတယ္။

>>    မိန္းမကိုယ္မႈိစြဲတဲ့ လကၡဏာေတြ
1.    မိန္းမကိုယ္ ႏႈတ္ခမ္းသားႏွင့္ မိန္းမကိုယ္ အတြင္းပိုင္း ယားယံျခင္း
2.    အမ်ိဳးသားႏွင့္ အတူေနစဥ္ (သို႔) ဆီးသြားစဥ္ မိန္းမကိုယ္အတြင္း အလြန္အမင္းပူေနျခင္း
3.    မိန္းမကိုယ္ ႏႈတ္ခမ္းသားမ်ား နီရဲေရာင္ရမ္းျခင္း
4.    မိန္းမကိုယ္အတြင္းပိုင္း နာျခင္း၊ ေရာင္ျခင္း၊ ရဲျခင္း
5.    မိန္းမကိုယ္မွ ေရကဲ့သုိ႔ အရည္ၾကည္မ်ားဆင္းျခင္း
6.    ခ်ိစ္ကဲ့သို႔ ထူထူထဲထဲ အျဖဴေရာင္အႏွစ္မ်ား (အနံ႔မရွိ) ဆင္းျခင္း
    ဒီလိုအေနရခက္လွတဲ့ မိန္းမကိုယ္မႈိစြဲျပႆနာ မျဖစ္ရေလေအာင္ ဒီနည္းလမ္းေလးေတြကို က်င့္သုံးေပးသင့္ပါတယ္။

pH Care 1

>>    မိန္းမကိုယ္မႈိစြဲတာကို သက္သာေစဖို႔
●    ခ်ည္သားအတြင္းခံကိုသာ ဝတ္ဆင္ပါ။ ဒါမွ မိန္းမကိုယ္လည္း ေလဝင္ေလထြက္ ရွိမွာေပါ့။ ႏိုင္လြန္လို ေလေတြ ပိတ္ေလွာင္ႏိုင္တဲ့ အတြင္းခံမ်ိဳးကို မ၀တ္ပါနဲ႔။
●    အခ်ိဳ႕ေသာေခ်ာဆီမ်ိဳးကို မသုံးသင့္ပါ။ အမ်ိဳးသားနဲ႔ အတူေနလို႔ မိန္းမကိုယ္ေျခာက္ေသြ႕ေနရင္ ေရပါတဲ့ေခ်ာဆီမ်ိဳးကို သုံးေပးပါ။ တျခားအမ်ဳိးအစားေတြက မႈိပိုးပြားတာကို အားေပးတာေၾကာင့္ပါ။
●    တစ္ကိုယ္ရည္ သန႔္ရွင္းေရးကို အားေပးပါ။ ေန႔စဥ္သံုး အမ်ိဳးသမီးသန္႔စင္ေဆးရည္ေတြကို သံုးလုိ႔ရပါတယ္။ အိမ္သာတက္ၿပီးရင္ ေရွ႕ကေနေနာက္ကို ေဆးေပးျခင္းျဖင့္ ဝမ္းမွာပါတဲ့ ပိုးမႊားေတြ မိန္းမကိုယ္ကို မေရာက္လာမွာပါ။
●    ဒိန္ခ်ဥ္စားပါ။ တစ္ေန႔ကို ဒိန္ခ်ဥ္တစ္ခြက္ စားေပးျခင္းက ပိုးသတ္ေဆးေတြ ေသာက္လိုက္ၿပီးေနာက္ မႈိပိုးျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။ ဒါေပမဲ့ မႈိပိုးကိုေတာ့ ဒိန္ခ်ဥ္က မသတ္ႏိုင္ပါဘူးေနာ္။
●    မိန္းမကိုယ္တစ္ဝိုက္ကို ေရေမႊးပါတဲ့ ေရခ်ဳိးအသုံးအေဆာင္ေတြ၊ ေပါင္ဒါေတြ မလိမ္းပါနဲ႔။ ယားယံၿပီး မႈိပိုးေတြ ေပါက္လာေစႏိုင္ပါတယ္။
●    မိန္းမကိုယ္အတြင္းထဲထိ ေဆးေၾကာတာမ်ဳိး မလုပ္ပါနဲ႔။ အတြင္းထိ ေဆးေၾကာတာက မိန္းမကိုယ္ရဲ႕ သဘာဝအကာရံအလႊာကို ဖယ္ရွားပစ္တဲ့အတြက္ မႈိပိုးေတြကို ပိုအားေပးပါတယ္။
    မႈိပိုးဝင္တဲ့လကၡဏာေတြ ေတြ႕ေနရၿပီဆိုရင္ ဆရာဝန္နဲ႔ျပၿပီး ေဆးေသာက္ဖို႔ လိုပါတယ္။ မႈိပိုးဝင္တာ ဟုတ္၊ မဟုတ္ကို ဆရာဝန္က ေသခ်ာစစ္ေဆးေပးပါလိမ့္မယ္။ ဒါ့ေၾကာင့္ ကိုယ့္ဘာသာ အိမ္မွာ ထင္သလို မကုပါနဲ႔။ တျခား မိန္းမကိုယ္ ပိုးဝင္တာေတြ၊ လိင္မွတစ္ဆင့္ ကူးစက္ေရာဂါေတြဟာလည္း ဒီလိုလကၡဏာေတြနဲ႔ပဲ လာႏိုင္လို႔ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)

pH Care 2

(Unicode)

    အမျိုးသမီးတစ်ယောက်ဟာ တစ်သက်မှာတစ်ကြိမ်တော့ မိန်းမကိုယ်မှိုစွဲတဲ့ပြဿနာနဲ့ အဖြူဆင်းခြင်းကို ကြုံတွေ့ရတတ်ပါတယ်။ အများစုဟာ မကြာမကြာ ပိုးဝင်တာမျိုးတောင် ရှိတတ်ပါတယ်။

>>    မိန်းမကိုယ်မှိုစွဲတဲ့ လက္ခဏာတွေ
1.    မိန်းမကိုယ် နှုတ်ခမ်းသားနှင့် မိန်းမကိုယ် အတွင်းပိုင်း ယားယံခြင်း
2.    အမျိုးသားနှင့် အတူနေစဉ် (သို့) ဆီးသွားစဉ် မိန်းမကိုယ်အတွင်း အလွန်အမင်းပူနေခြင်း
3.    မိန်းမကိုယ် နှုတ်ခမ်းသားများ နီရဲရောင်ရမ်းခြင်း
4.    မိန်းမကိုယ်အတွင်းပိုင်း နာခြင်း၊ ရောင်ခြင်း၊ ရဲခြင်း
5.    မိန်းမကိုယ်မှ ရေကဲ့သို့ အရည်ကြည်များဆင်းခြင်း
6.    ချိစ်ကဲ့သို့ ထူထူထဲထဲ အဖြူရောင်အနှစ်များ (အနံ့မရှိ) ဆင်းခြင်း
    ဒီလိုအနေရခက်လှတဲ့ မိန်းမကိုယ်မှိုစွဲပြဿနာ မဖြစ်ရလေအောင် ဒီနည်းလမ်းလေးတွေကို ကျင့်သုံးပေးသင့်ပါတယ်။

>>    မိန်းမကိုယ်မှိုစွဲတာကို သက်သာစေဖို့
●    ချည်သားအတွင်းခံကိုသာ ဝတ်ဆင်ပါ။ ဒါမှ မိန်းမကိုယ်လည်း လေဝင်လေထွက် ရှိမှာပေါ့။ နိုင်လွန်လို လေတွေ ပိတ်လှောင်နိုင်တဲ့ အတွင်းခံမျိုးကို မဝတ်ပါနဲ့။
●    အချို့သောချောဆီမျိုးကို မသုံးသင့်ပါ။ အမျိုးသားနဲ့ အတူနေလို့ မိန်းမကိုယ်ခြောက်သွေ့နေရင် ရေပါတဲ့ချောဆီမျိုးကို သုံးပေးပါ။ တခြားအမျိုးအစားတွေက မှိုပိုးပွားတာကို အားပေးတာကြောင့်ပါ။
●    တစ်ကိုယ်ရည် သန့်ရှင်းရေးကို အားပေးပါ။ နေ့စဉ်သုံး အမျိုးသမီးသန့်စင်ဆေးရည်တွေကို သုံးလို့ရပါတယ်။ အိမ်သာတက်ပြီးရင် ရှေ့ကနေနောက်ကို ဆေးပေးခြင်းဖြင့် ဝမ်းမှာပါတဲ့ ပိုးမွှားတွေ မိန်းမကိုယ်ကို မရောက်လာမှာပါ။
●    ဒိန်ချဉ်စားပါ။ တစ်နေ့ကို ဒိန်ချဉ်တစ်ခွက် စားပေးခြင်းက ပိုးသတ်ဆေးတွေ သောက်လိုက်ပြီးနောက် မှိုပိုးဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မှိုပိုးကိုတော့ ဒိန်ချဉ်က မသတ်နိုင်ပါဘူးနော်။
●    မိန်းမကိုယ်တစ်ဝိုက်ကို ရေမွှေးပါတဲ့ ရေချိုးအသုံးအဆောင်တွေ၊ ပေါင်ဒါတွေ မလိမ်းပါနဲ့။ ယားယံပြီး မှိုပိုးတွေ ပေါက်လာစေနိုင်ပါတယ်။
●    မိန်းမကိုယ်အတွင်းထဲထိ ဆေးကြောတာမျိုး မလုပ်ပါနဲ့။ အတွင်းထိ ဆေးကြောတာက မိန်းမကိုယ်ရဲ့ သဘာဝအကာရံအလွှာကို ဖယ်ရှားပစ်တဲ့အတွက် မှိုပိုးတွေကို ပိုအားပေးပါတယ်။
    မှိုပိုးဝင်တဲ့လက္ခဏာတွေ တွေ့နေရပြီဆိုရင် ဆရာဝန်နဲ့ပြပြီး ဆေးသောက်ဖို့ လိုပါတယ်။ မှိုပိုးဝင်တာ ဟုတ်၊ မဟုတ်ကို ဆရာဝန်က သေချာစစ်ဆေးပေးပါလိမ့်မယ်။ ဒါ့ကြောင့် ကိုယ့်ဘာသာ အိမ်မှာ ထင်သလို မကုပါနဲ့။ တခြား မိန်းမကိုယ် ပိုးဝင်တာတွေ၊ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေဟာလည်း ဒီလိုလက္ခဏာတွေနဲ့ပဲ လာနိုင်လို့ပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)