အမျိုးသမီးတွေမှာ ကြုံရတတ်တဲ့ မိန်းမကိုယ်ယားယံခြင်း
မိန်းမကိုယ်ယားယံတာကို အမျိုးသမီး တော်တော်များများ ကြုံဖူးတတ်ကြပါတယ်။ တစ်ခါတလေ ယားယံတာလောက်က ကိစ္စမရှိပါဘူး။ တောက်လျှောက်ယားယံနေပြီး ညဘက်တွေမှာပါ ညအိပ်မရလောက်အောင် ယားယံနေပြီဆိုရင်တော့ ပြဿနာဖြစ်လာပါတယ်။
>> ဒီလို မိန်းမကိုယ်ယားယံမှုကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေက ဘာတွေလဲ?
● ပိုးဝင်ခြင်း
ဥပမာအားဖြင့် မှိုစွဲခြင်း၊ တုတ်ထိုးခြင်း၊ ဝဲပေါက်ခြင်း၊ ကြွက်နို့လိုမျိုး လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေဖြစ်ခြင်း စတာတွေကြောင့် ဖြစ်တတ်ပါတယ်။
● မိန်းမကိုယ် ဓာတ်မတည့်ခြင်း
မိန်းမကိုယ် ယားယံစေတတ်တဲ့ အဓိက အကြောင်းရင်းတစ်ချက်ပဲ ဖြစ်ပါတယ်။ ခရင်မ်လိမ်းဆေးတွေ၊ ဆပ်ပြာ၊ ရေမွှေး၊ ချွေးထွက်သန်ခြင်း၊ ကွန်ဒုံး၊ အတွင်းခံ၊ တစ်ရှူး၊ အဝတ်လျှော်ဆပ်ပြာ၊ တန်ပွန်၊ လစဉ်သုံး pad စတာတွေနဲ့ ဓာတ်မတည့်ဘဲ ယားယံတာ ဖြစ်နိုင်ပါတယ်။
Dolfenal 2022 IA 1

● အရေပြားပြဿနာများ
နှင်းခူ၊ ကြွပ်ပွေးအစရှိတဲ့ ယားယံတတ်တဲ့ အရေပြားရောဂါတွေကြောင့်လည်း ယားယံနိုင်ပါတယ်။
● ဆီး၊ ဝမ်းမထိန်းနိုင်ခြင်း
ဆီး၊ ဝမ်းမထိန်းနိုင်သူတွေမှာ စိုစွတ်မှုကြောင့် ယားယံမှုတွေ ဖြစ်နိုင်ပါတယ်။
● သွေးဆုံးခြင်း
သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင်နည်းခြင်းကြောင့် မိန်းမကိုယ်ပါးလွှာပြီး ခြောက်သွေ့လာတတ်ပါတယ်။
● ကိုယ်ဝန်ဆောင်ခြင်း
မိန်းမကိုယ်ပြင်ပသွေးကြောတွေ ကျယ်လာခြင်းကြောင့်ယားယံနိုင်သလို အဖြူအဆင်း များလာတာကြောင့်လည်း ယားယံတတ်ပါတယ်။
● တစ်ကိုယ်လုံးယားယံခြင်း
သိုင်းရွိုက်ရောဂါ၊ သွေးရောဂါ၊ ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ စတဲ့ ရောဂါတွေကြောင့် တစ်ကိုယ်လုံး ယားယံရာကနေ မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။
Dolfenal 2022 IA 2

● ဆီးချိုသွေးချိုရောဂါရှိခြင်း
အထူးသဖြင့် ဆီးချိုသွေးချိုရောဂါကို ကောင်းကောင်းမထိန်းနိုင်တဲ့အခါ မိန်းမကိုယ် ယားယံတတ်ပါတယ်။
● မိန်းမကိုယ်ကင်ဆာ
အဖြစ်နည်းပေမယ့် အကျိတ်အဖုငယ်အပြင် ယားယံတာနဲ့ လာတတ်ပါတယ်။
● စိတ်ဖိစီးမှုများခြင်း
စိတ်ဖိစီးမှုများခြင်းကလည်း မိန်းမကိုယ် ယားယံ့စေတတ်ပါတယ်။
>> ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?
ယားယံတာဟာ လုံးဝမပျောက်ဘဲ ဆက်တိုက်ဖြစ်နေတယ်၊ ခရင်မ်လိမ်းဆေး လိမ်းပေမယ့် မသက်သာဘူးဆိုရင် မရှက်ဘဲ ဆရာဝန်နဲ့ သွားပြပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























