အမျိုးသမီးတွေဟာ အမျိုးသားတွေထက် သံဓာတ် ပိုမိုလိုအပ်ပါတယ်
အရွယ်ရောက်ပြီး အမျိုးသမီးများရဲ့ တစ်ဝက်ကျော်ကျော်ဟာ အစားအစာတွေကနေ လုံလောက်တဲ့သံဓာတ်ကို မရရှိကြဘဲ သံဓာတ်ကို ပိုမိုလိုအပ်နေပါတယ်။
သံဓာတ်ဟာဆိုရင် ခန္တာကိုယ်က ဆဲလ်တွေဆီကို အောက်ဆီဂျင် ပို့ဆောင်ပေးတဲ့အတွက် မရှိမဖြစ် လိုအပ်တဲ့သတ္တုဓာတ်တစ်မျိုး ဖြစ်ပါတယ်။
အမျိုးသားများအနေနဲ့ တစ်နေ့ကို သံဓာတ် 10microgram လိုပြီး အမျိုးသမီးများအနေနဲ့ တစ်နေ့ကို 14microgram လိုအပ်ပါတယ်။ အမျိုးသားတွေဟာ အမျိုးသမီးများထက် အနီရောင် အသားစားခြင်း ပိုများတတ်တာမို့ သံဓာတ် ပိုမိုပြည့်ဝတတ်ကြပါသေးတယ်။
အရေးကြီးတဲ့အချက်ကတော့ အမျိုးသမီးတွေဟာ လစဉ်ဓမ္မတာကနေ သံဓာတ်ဆုံးရှုံးမှုလည်း များတတ်ကြတာမို့ သံဓာတ်ကို ပိုမိုလိုအပ်ခြင်း ဖြစ်ပါတယ်။
>> သွေးအားနည်းရောဂါ
သံဓာတ်အားနည်းခြင်းကြောင့် သွေးအားနည်းရောဂါ ဖြစ်ပွားနိုင်ပါတယ်။
မူးဝေခြင်း၊ အားနည်းမောပန်းခြင်း၊ မိုက်ခနဲဖြစ်ခြင်း၊ အသားအရေ ဖြူဖျော့ခြင်း၊ လက်သည်းများ ကျိူးပဲ့လွယ်ခြင်းစတဲ့ လက္ခဏာတွေရှိနေပါက သံဓာတ်နည်းပါးနေပြီ ဖြစ်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သွေးတွင်းသံဓာတ်ပမာဏကို စစ်ဆေးပြီး လိုအပ်ပါက သံဓာတ်အားဖြည့်ဆေးများ သောက်သုံးရမှာ ဖြစ်ပါတယ်။
သံဓာတ်ပြည့်ဝဖို့ အားဆေးတွေ သောက်နေရုံတင်မကသေးပဲ နေ့စဉ် အစားအစာမှာလည်း သံဓာတ်ကြွယ်ဝသော အစာတွေပါအောင် စားပေးဖို့လိုပါမယ်။
ဘာတွေစားပေးသင့်လဲ ဆိုရင်တော့ အစိမ်းရင့်ရောင်အရွက်တွေဖြစ်တဲ့ ဟင်းနုနွယ် ကန်စွန်းရွက် စတာတွေ၊ wholegrains ၊ သစ်သီးနဲ့ အစေ့အဆံတွေအပြင် အနီရောင်အသားတွေ စားပေးသင့်ပါတယ်။ ကော်ဖီ၊ လက်ဖက်ရည် အစရှိတာတွေဟာ သံဓာတ် ပိုမိုဆုံးရှုံးစေနိုင်လို့ ရှောင်သင့်ပါတယ်။
>> သံဓာတ်ပြည့်ဝသော မနက်စာကို ဘယ်လိုဖန်တီးမလဲဆိုရင် -
● ကြက်ဥပြုတ်ကိုချေပြီး မှို၊ ကင်ထားသော ခရမ်းချဉ်သီးနဲ့ ရောစားပြီး အသီးဖျော်ရည် တစ်ခုခုသောက်ပါ။
● သံဓာတ်ပါဝင်သော cereal ကို ဘယ်ရီသီး၊ သစ်သီးဖျော်ရည်ဖြင့် သောက်သုံးနိုင်ပါသေးတယ်။
● ဆာဒင်းငါးနဲ့ အစိမ်းရောင်ဟင်းရွက်သုပ်ကို ကင်ထားသောပေါင်မုန့်နဲ့ စားနိုင်ပါတယ်။
● ငရုတ်ပွသီး၊ မှိုတို့ဖြင့်ကြော်သော ကြက်ဥမွှေကြော်
● အမဲသားကင် သို့မဟုတ် အမဲသားကြော်နဲ့ ခေါက်ဆွဲ
စတာတွေကို စားပေးနိုင်ပါတယ်။
ကဲ ... ပျိုမေတို့ရေ သံဓာတ်ပြည့်ဝနေမှ ပိုမိုကျန်းမာလှပနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ် သံဓာတ်ပြည့်ဝအောင် စားသုံးပေးဖို့ တိုက်တွန်းလိုက်ပါတယ်နော်။
လေပြေနုသွေး (ဆေး-၂) (www.drmyanmar.com)





























