အမျိုးသမီးတွေ သတိထားသင့်တဲ့ ကျန်းမာရေးပြဿနာများ
တစ်ခါတလေ အသေးအမွှားလို့ ထင်ရပေမယ့် မပေါ့ဆသင့်တဲ့ လက္ခဏာများကို ဖော်ပြပေးလိုက်ပါတယ်။
♦ ခြေထောက် ကိုက်တာ၊ နာတာကို ဂရုစိုက်သင့်ပါတယ်။ ဒါဟာ သွေးကြောနဲ့ဆိုင်တဲ့ ရောဂါဖြစ်နိုင်သလို သွေးခဲတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
♦ သွေးပေါင် ပုံမှန်ချိန်ပါ၊ သွေးပေါင်တက်တာ၊ သွေးပေါင်ကျတာမျိုးဟာ များသောအားဖြင့် ဘာလက္ခဏာမှ မပြတတ်ပါဘူး။
♦ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်လမ်းလျှောက်ပေးတာမျိုး၊ သင့်တော်တဲ့လေ့ကျင့်ခန်းမျိုး လုပ်ပေးသင့်ပါတယ်။ ဒါဟာ ကလေးမီးဖွားတဲ့နေရာမှာ လွယ်ကူစေသလို မီးဖွားပြီးချိန် ကိုယ်အလေးချိန် ထိန်းတဲ့နေရာမှာလည်း အများကြီး အထောက်အကူပေးပါတယ်။
♦ သားဆက်ခြားနည်းလမ်းကို ဆရာဝန်နဲ့တိုင်ပင်ပြီး ရွေးချယ်ပါ၊ မူမမှန်သွေးဆင်းတာ၊ နာကျင်တာမျိုးတွေရှိခဲ့ရင် မပေါ့ဆဘဲ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
♦ သန့်ရှင်းရေးကို အလေးထားပါ။ သားဆက်ခြားပစ္စည်းတွေ၊ အမျိုးသမီး သန့်စင်ဆေးရည်တွေကို နည်းမှန်၊ လမ်းမှန် သန့်သန့်ရှင်းရှင်း အသုံးပြုပါ။
pH Care 1

♦ သွေးဆုံးတဲ့လက္ခဏာတွေ ပေါ်လာခဲ့ရင် ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ။ သွေးဆုံးချိန်မှာ ဖြစ်ပေါ်တတ်တဲ့ ညဘက်အိပ်မပျော်တာ၊ မိန်းမကိုယ် ခြောက်သွေ့ယားယံတာ၊ ဆီးသွားတဲ့အခါမှာ အခက်အခဲရှိတာစတဲ့ လက္ခဏာမျိုးတွေကို ဖြစ်တတ်တာပဲဆိုပြီး ဒီတိုင်းမနေသင့်ပါဘူး။
♦ ချွေးအရမ်းထွက်တာ၊ ပျို့အန်တာ၊ အသက်ရှူမဝတာ၊ မူးဝေတာ၊ လည်ပင်း၊ မေးရိုး၊ ပခုံး၊ ကျော၊ ညာဘက်လက်မောင်း နာတာမျိုးတွေကို သတိထားရပါမယ်။ ဒီလိုလက္ခဏာတွေဟာ နှလုံးရောဂါရဲ့လက္ခဏာတွေ ဖြစ်နေနိုင်လို့ မပေါ့သင့်ပါ။
♦ သွေးချို၊ ဆီးချိုကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ဆီးချိုရှိတဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နှလုံးရောဂါဖြစ်နိုင် ချေပိုများပါတယ်။ သွေးထဲက သကြားဓာတ်၊ အဆီဓာတ် စတာတွေအပြင် နှလုံးကိုပါ ပုံမှန်စစ်ဆေးပေးသင့်ပါတယ်။
♦ အရိုးပွရောဂါကို ကာကွယ်ဖို့ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ။ ဝလာတဲ့အခါမှာလည်း အရိုးအဆစ်တွေ နာလာတတ်လို့ လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကိုပါ ထိန်းပြီးသား ဖြစ်စေပါတယ်။
Dr. Htar (www.drmyanmar.com)
pH Care 2

(Zawgyi)
တစ္ခါတေလ အေသးအမႊားလို႔ ထင္ရေပမယ့္ မေပါ့ဆသင့္တဲ့ လကၡဏာမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။
♦ ေျခေထာက္ ကိုက္တာ၊ နာတာကို ဂ႐ုစိုက္သင့္ပါတယ္။ ဒါဟာ ေသြးေၾကာနဲ႔ဆိုင္တဲ့ ေရာဂါျဖစ္ႏိုင္သလို ေသြးခဲတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။
♦ ေသြးေပါင္ ပုံမွန္ခ်ိန္ပါ၊ ေသြးေပါင္တက္တာ၊ ေသြးေပါင္က်တာမ်ိဳးဟာ မ်ားေသာအားျဖင့္ ဘာလကၡဏာမွ မျပတတ္ပါဘူး။
♦ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ပုံမွန္လမ္းေလွ်ာက္ေပးတာမ်ိဳး၊ သင့္ေတာ္တဲ့ေလ့က်င့္ခန္းမ်ိဳး လုပ္ေပးသင့္ပါတယ္။ ဒါဟာ ကေလးမီးဖြားတဲ့ေနရာမွာ လြယ္ကူေစသလို မီးဖြားၿပီးခ်ိန္ ကိုယ္အေလးခ်ိန္ ထိန္းတဲ့ေနရာမွာလည္း အမ်ားႀကီး အေထာက္အကူေပးပါတယ္။
♦ သားဆက္ျခားနည္းလမ္းကို ဆရာဝန္နဲ႔တိုင္ပင္ၿပီး ေ႐ြးခ်ယ္ပါ၊ မူမမွန္ေသြးဆင္းတာ၊ နာက်င္တာမ်ိဳးေတြရွိခဲ့ရင္ မေပါ့ဆဘဲ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။
♦ သန႔္ရွင္းေရးကို အေလးထားပါ။ သားဆက္ျခားပစၥည္းေတြ၊ အမ်ိဳးသမီး သန႔္စင္ေဆးရည္ေတြကို နည္းမွန္၊ လမ္းမွန္ သန႔္သန႔္ရွင္းရွင္း အသုံးျပဳပါ။
♦ ေသြးဆုံးတဲ့လကၡဏာေတြ ေပၚလာခဲ့ရင္ ဆရာဝန္နဲ ႔တိုင္ပင္ေဆြးေႏြးပါ။ ေသြးဆုံးခ်ိန္မွာ ျဖစ္ေပၚတတ္တဲ့ ညဘက္အိပ္မေပ်ာ္တာ၊ မိန္းမကိုယ္ ေျခာက္ေသြ႕ယားယံတာ၊ ဆီးသြားတဲ့အခါမွာ အခက္အခဲရွိတာစတဲ့ လကၡဏာမ်ိဳးေတြကို ျဖစ္တတ္တာပဲဆိုၿပီး ဒီတိုင္းမေနသင့္ပါဘူး။
♦ ေခြၽးအရမ္းထြက္တာ၊ ပ်ိဳ႕အန္တာ၊ အသက္႐ွဴမဝတာ၊ မူးေဝတာ၊ လည္ပင္း၊ ေမး႐ိုး၊ ပခုံး၊ ေက်ာ၊ ညာဘက္လက္ေမာင္း နာတာမ်ိဳးေတြကို သတိထားရပါမယ္။ ဒီလိုလကၡဏာေတြဟာ ႏွလုံးေရာဂါရဲ႕လကၡဏာေတြ ျဖစ္ေနႏိုင္လို႔ မေပါ့သင့္ပါ။
♦ ေသြးခ်ိဳ၊ ဆီးခ်ိဳကို ပုံမွန္စစ္ေဆးသင့္ပါတယ္။ ဆီးခ်ိဳရွိတဲ့အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ ႏွလုံးေရာဂါျဖစ္ႏိုင္ ေခ်ပိုမ်ားပါတယ္။ ေသြးထဲက သၾကားဓာတ္၊ အဆီဓာတ္ စတာေတြအျပင္ ႏွလုံးကိုပါ ပုံမွန္စစ္ေဆးေပးသင့္ပါတယ္။
♦ အ႐ိုးပြေရာဂါကို ကာကြယ္ဖို႔ ေလ့က်င့္ခန္း ပုံမွန္လုပ္ေပးပါ။ ဝလာတဲ့အခါမွာလည္း အ႐ိုးအဆစ္ေတြ နာလာတတ္လို႔ ေလ့က်င့္ခန္းလုပ္ျခင္းက ကိုယ္အေလးခ်ိန္ကိုပါ ထိန္းၿပီးသား ျဖစ္ေစပါတယ္။
Dr. Htar (www.drmyanmar.com)






























