အမျိုးသမီးများကို ဒုက္ခပေးသော “တင်ပဆုံအတွင်းရောင်ရမ်းရောဂါ”
တင်ပဆုံအတွင်းရောင်ရမ်းရောဂါဟာ မိန်းမကိုယ် သို့မဟုတ် သားအိမ်အဝတွင်းရှိ ဘက်တီးရီးယားတွေဟာ အမျိုးသမီးမျိုးပွားအင်္ဂါတွေဖြစ်တဲ့ သားအိမ်၊ သားဥပြွန်နှင့် မျိုးဥအိမ်တွေဆီ ပျံ့နှံ့ရာကနေ ဖြစ်ပေါ်လာပါတယ်။
ကောင်းစွာမကုသဘူးဆိုရင်တော့ ကလေးမရနိုင်ခြင်းနှင့် အခြားဆိုးကျိုးတွေကိုပါ ဖြစ်စေပါတယ်။
>> ဖြစ်စေသော အကြောင်းရင်းများ
● ဘက်တီးရီးယားပိုးများ ဝင်ရောက်ခြင်း
● လိင်ကတစ်ဆင့် ကူးစက်ခြင်း
● ရာသီလာစဉ် (သို့) ကလေးမီးဖွားစဉ် ပိုးဝင်းခြင်း
● ကိုယ်ဝန်ဖျက်ချရာကနေ ပိုးဝင်းခြင်း
Dolfenal 1

>> လက္ခဏာများ
● ပုံမှန်မဟုတ်သော မိန်းမကိုယ်သွေးဆင်းခြင်းများ
(လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း၊ ရာသီသွေးများများဆင်းခြင်း)
● ဗိုက်အောက်ပိုင်းနာကျင်ခြင်း
● လိင်ဆက်ဆံစဉ်နာကျင်ခြင်း
● ခါးနာခြင်း
● မိန်းမကိုယ်မှ အနံ့အသက်မကောင်းသော အရည်ဆင်းခြင်း
● ဆီးသွားရင် ပူခြင်း၊ နာခြင်း
● ချမ်းတုန်ခြင်း၊ ဖျားခြင်း၊ ပျို့အန်ခြင်း
>> နောက်ဆက်တွဲဆိုးကျိုးများ
● ကလေးမရခြင်း
● နေရာမှားပြီး ကိုယ်ဝန်တည်ခြင်း
● တင်ပါးဆုံကွင်းတစ်ဝိုက်တွင် နာတာရှည်နာကျင်ခြင်း
Dolfenal 2

>> ဘယ်လိုလူတွေမှာ အဖြစ်များလဲ?
● အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
● လိင်ဆက်ဆံဖော်တစ်ယောက်ထက်ပိုခြင်း
● မိမိလိင်ဆက်ဆံဖော်တွင် လိင်ဆက်ဆံဖော်တစ်ယောက်ထက်ပိုခြင်း
● လိင်ဆက်ဆံမှုများသော အသက် ၂၅ နှစ်အောက်အရွယ်ဖြစ်ခြင်း
● မကြာသေးမီက သားအိမ်ခြစ်ခြင်း သို့မဟုတ် သားအိမ်မှန်ပြောင်းကြည့်ခြင်း ပြုလုပ်ထားသူများ
>> ဘယ်လိုကာကွယ်ကြမလဲ?
● လိင်ဆက်ဆံဖော် တစ်ယောက်တည်းထားရှိခြင်းက အန္တရာယ်အကင်းဆုံးဖြစ်ပါတယ်။
● လိင်ဆက်ဆံဖော်တစ်ယောက်ထက်ပိုပါက ကွန်ဒုံးစွပ်ခြင်း၊ လိင်ကတစ်ဆင့်ကူးသောရောဂါများကို ပုံမှန်စစ်ဆေးခြင်းတို့ ပြုလုပ်သင့်ပါတယ်။
● ဘက်တီးရီးယားပိုးမွှားများ ဝင်ရောက်ခြင်းမှ ကာကွယ်ရန် မိန်းမကိုယ်သန့်စင်ဆေးရည်များ အသုံးပြုနိုင်ပါတယ်။ ဒါပေမဲ့ မိန်းမကိုယ်မွေးလမ်းကြောင်းအတွင်းထဲထိ ဆေးကြောတာမျိုးကိုတော့ ရှောင်ကြဉ်ရပါမယ်။
တင်ပဆုံအတွင်းရောင်ရမ်းရောဂါ (PID) ရောဂါရှိသည်ဟု မိမိကိုယ်ကို သံသယရှိတာနှင့် တစ်ပြိုင်နက် ကလေးမရနိုင်တော့တာမျိုး မဖြစ်စေဖို့ သားဖွားမီးယပ်ဆရာဝန်နှင့် တိုင်ပင်ပြီး ကုသမှုချက်ချင်း ခံယူသင့်ပါတယ်။






























