/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးများတွင်-သားသမီးမရနိုင်ခြင်း၏-လက္ခဏာအချို့

အမျိုးသမီးများတွင် သားသမီးမရနိုင်ခြင်း၏ လက္ခဏာအချို့

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

        မိမိရဲ့အသက်အရွယ်အရ 6 လမှ 1 နှစ်အထိ ကိုယ်၀န်တားဆေးမသုံးဘဲ အတူနေတာတောင်မှ ကိုယ်၀န်မရဘူးဆိုရင် သနေ္ဓမအောင်ခြင်း၊ သားသမီးရရန်ခက်ခဲခြင်းဖြစ်နေပါပြီ။ အချို့သော ကျန်းမာရေးအခြေအနေတွေက ကိုယ်၀န်ရဖို့ ခက်ခဲစေတတ်ပါတယ်။ တခါတရံမှာတော့ အကြောင်းရင်းရှာမတွေ့တာလည်းရှိပါတယ်။

အမျိုးသမီးများတွင်ဖြစ်တတ်သော သနေ္ဓမအောင်ခြင်း၊ သားသမီးမရနိုင်ခြင်းရဲ့ လက္ခဏာအချို့

        အမျိုးသမီးများတွင် ရာသီစက်၀န်းပြောင်းလဲခြင်းနှင့် သားဥကြွေမှုပြောင်းလဲခြင်းတွေဟာ သားသမီးမရနိုင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။

1. ပုံမှန်မဟုတ်သောသွေးဆင်းမှု၊ ပုံမှန်ထက်ရာသီသွေးဆင်းမှုနည်းခြင်း၊ များခြင်း

2. ရာသီစက်၀န်းမမှန်ခြင်း။ (လစဉ်၊ လတိုင်းရာသီသွေးစီးဆင်းမှုမရှိခြင်း)

3. ရာသီစက်၀န်းပျောက်ကွယ်ခြင်း။ (လုံး၀ရာသီမပေါ်ခြင်း (သို့) ရုတ်တရက် ရာသီရပ်သွားခြင်း)

4. ရာသီလာစဉ်ပြင်းထန်စွာခံစားရခြင်း။ (ရာသီလာစဉ် ခါးနာခြင်း၊ ဆီးစပ်ကိုက်ခြင်း၊ ကြွက်သားနာကျင်ခြင်း)

                  အမျိုးသမီးများ သနေ္ဓမအောင်တာဟာ ဟော်မုန်း မညီမျှတဲ့ပြဿနာကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဟော်မုန်းမညီမျှတဲ့ လက္ခဏာတွေကတော့ -

1. အရေပြားပြောင်းလဲမှု (၀က်ခြံအလွန်အမင်းထွက်ခြင်း)

2. လိင်ဆက်ဆံလိုတဲ့ဆန္ဒပြောင်းလဲခြင်း

3. နှုတ်ခမ်း၊ မေးစေ့၊ ရင်ဘတ်ရှိအမွှေးအမျှင်များပေါက်လာခြင်း

4. ဆံပင်ပါးခြင်း၊ ထိပ်ပြောင်ခြင်း

5. ၀လာခြင်း

6. လိင်ဆက်ဆံစဉ် အလွန်အမင်းနာကျင်ခြင်း တို့ဖြစ်ပါတယ်။

 

www.drmyanmar.com