အမျိုးသမီးများနဲ့ သားဥအိမ်ကင်ဆာ
အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ကင်ဆာရောဂါတွေထဲ သားဥအိမ်ကင်ဆာဟာလည်း အဖြစ်များတဲ့ ကင်ဆာတစ်မျိုး ဖြစ်လာပါတယ်။ သားဥအိမ်ကင်ဆာ ဖြစ်နိုင်ခြေရှိသူတွေထဲမှာ မျိုးရိုးဗီဇ (BRCA1/BRCA2) မူမမှန်ဖြစ်တာ၊ မိသားစုကင်ဆာမျိုးရိုးရှိတာ စတာတွေလည်း ပါဝင်နေပါသေးတယ်။ ကင်ဆာရဲ့ အစောပိုင်းကာလတွေမှာ ဘာရောဂါလက္ခဏာမှမပြဘဲလည်း လာတတ်ပါတယ်။
>> ဖြစ်လေ့ရှိတဲ့ ရောဂါလက္ခဏာတွေကတော့ -
● အသက်ရှူမဝခြင်း
● ဗိုက်အောင့်ခြင်း၊ ဗိုက်ကြီးဖောင်းလာခြင်း
● ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
● ဆီးမကြာခဏသွားခြင်း
● ဝမ်းချုပ်ခြင်း
● ဆီးခုံ၊ နောက်ကျောနဲ့ ဗိုက်နာခြင်း
● နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်သွားတတ်ခြင်း
● လေပွခြင်း
● ဓမ္မတာမမှန်ခြင်း စတာတွေ ဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေ ကြုံတွေ့လာရပါက မပေါ့မဆဘဲ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ စမ်းသပ်စစ်ဆေးမှု ခံယူပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























