/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးမျိုးပွားအင်္ဂါ-ပိုးဝင်ခြင်းဆိုတာ

အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်ခြင်းဆိုတာ ...

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်ခြင်းဆိုတာ သားအိမ်၊ သားဥပြွန်နဲ့ သားဥအိမ်တွေ ပိုးဝင်တာကို ဆိုလိုပါတယ်။

>>  ဒီလိုအမျိုးသမီးမျိုးပွားအင်္ဂါပိုးဝင်တဲ့အခါ ...

ရောဂါလက္ခဏာတွေက အပျော့စားဖြစ်ပြီး သိပ်မသိသာလှပါဘူး။ များသောအားဖြင့် -
●  တင်ပါးဆုံအောက်ပိုင်း (သို့) ဗိုက်အောက်ပိုင်းမှာ နာကျင်ခြင်း
●  အမျိုးသားနဲ့အတူနေချိန်မှာ တင်ပါးဆုံအတွင်းပိုင်းထဲက နာခြင်း၊ သက်သောင့်သက်သာမရှိခြင်း
●  ဆီးသွားချိန် နာကျင်ခြင်း
●  ဓမ္မတာအချိန်တွေကြားနဲ့ အမျိုးသားနဲ့အတူနေပြီးချိန်မှာ သွေးဆင်းခြင်း
●  ဓမ္မတာသွေးဆင်းများခြင်း
●  ဓမ္မတာလာချိန် အလွန်နာကျင်ခြင်း
●  အဝါရောင်၊ အစိမ်းရောင် (သို့) အနံ့နံတဲ့အဖြူများဆင်းခြင်း
စတာတွေ ဖြစ်နိုင်ပါတယ်။

Dolfenal 2022 IA 1

>>  တချို့လူတွေမှာ -
●  ဗိုက်အရမ်းနာခြင်း
●  အဖျားတက်ခြင်း
●  နေမကောင်းခြင်း
စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

>>  ဘယ်အချိန်မှာ ဆရာဝန်နဲ့ပြဖို့လိုမလဲ?
ဒီလို အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်တဲ့လက္ခဏာတွေ ရှိလာတာနဲ့ ဆရာဝန်နဲ့ပြဖို့ လိုအပ်ပါတယ်။ ဗိုက်အရမ်း နာကျင်နေရင်တော့ ချက်ချင်းဆရာဝန်နဲ့ပြပါ။

>>  ဘာကြောင့် အမျိုးသမီးမျိုးပွားအင်္ဂါ ပိုးဝင်ရသလဲ?
များသောအားဖြင့် မိန်းမကိုယ်သို့ သားအိမ်ခေါင်းကတစ်ဆင့် အပေါ်က အင်္ဂါအစိတ်အပိုင်းတွေဆီကို ဘက်တီးရီးယားပိုး ဝင်ရောက်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။
များသောအားဖြင့်တော့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ gonorrhoea၊ chlamydia စတဲ့ ဘက်တီးရီးယားပိုးတွေကြောင့် ဖြစ်တတ်ပါတယ်။ mycoplasma genitalium ဆိုတဲ့ ပိုးကြောင့်လည်း ဖြစ်နိုင်သလို မိန်းမကိုယ်အတွင်း ပုံမှန်နေလေ့ရှိတဲ့ ပိုးတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

Dolfenal 2022 IA 2

>>  ကုသမှုတွေကတော့  -
စောစောစီးစီးသိခဲ့ရင်တော့ ပိုးသတ်ဆေး ၁၄ ရက်လောက်သောက်ပြီး ကုသနိုင်ပါတယ်။ ဝမ်းဗိုက်နဲ့ တင်ပါးဆုံတစ်ဝိုက် နာကျင်ကိုက်ခဲတာတွေ သက်သာဖို့အတွက် ပါရာစီတမော ပါဝင်တဲ့ ဆေး (သို့) အိုင်ဗျူပရိုဖန်ပါဝင်တဲ့ Dolfenal လို ဆေးဝါးမျိုးကိုပါ ထည့်သွင်းသောက်သုံးပေးရပါတယ်။ အရေးကြီးတဲ့အချက်ကတော့ ပိုးသတ်ဆေးကို ရက်ပြည့်အောင် သောက်ပေးပြီး ဒီအတောအတွင်းမှာ အမျိုးသားနဲ့အတူနေတာကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ကိုယ်နဲ့ လက်ရှိအတူနေနေတဲ့အမျိုးသားကိုလည်း ပိုး ရှိ၊ မရှိ စစ်ဆေးကြည့်ပြီး ကုသဖို့ လိုအပ်ပါတယ်။

>>  နောက်ဆက်တွဲတွေအနေနဲ့ ...
သားဥပြွန်မှာ အမာရွတ်ဖြစ်ပြီး ကျဉ်းသွားနိုင်ပြီး သားဥလေးဟာ သားဥပြွန်ကိုဖြတ်ပြီး သားအိမ်ဆီကို မရောက်နိုင်တော့ပါဘူး။ ဒီအခါမှာ သန္ဓေသားလေးဟာ သားအိမ်ထဲမရောက်ဘဲ သားဥပြွန်မှာ နေရာလွဲမှား သန္ဓေတည်လာနိုင်ပါတယ်။ ကုသမှုနှောင့်နှေးတဲ့အခါ ကလေးမရနိုင်တာမျိုးလည်း ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ ကုသမှု သေချာခံယူရင်တော့ ဒီလိုဖြစ်နိုင်ခြေနည်းပါတယ်။

>>  ဘယ်လိုကာကွယ်ကြမလဲ?
အဓိကကတော့ ကွန်ဒုံးအသုံးပြုပြီး အတူနေခြင်းဖြင့် ကာကွယ်နိုင်ပါတယ်။ ကိုယ့်မှာ ရောဂါပိုး ဝင်နေပြီထင်ရင်တော့ ဆရာဝန်နဲ့ပြသပြီး ကုသမှုခံယူပါ။

Dr. Mya Phoo Ngon (www.drmyanmar.com)