/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အမျိုးသမီးလေးတွေကို-စိတ်ညစ်ညူးစေတဲ့-အချိန်

အမျိုးသမီးလေးတွေကို စိတ်ညစ်ညူးစေတဲ့ အချိန်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

အမျိုးသမီးတို့မှာ ရာသီလာခါနီးလေလေစိတ်ညစ်ရလေပါပဲ။ ရာသီကြောင့် ခါးနာ တာကတစ်မျိုး ရာသီမလာခင်လက္ခဏာတွေက အနှောက်အယှက်ပေးတာကတစ်ဖုံ။ ဘာလို့များ ဖြစ်ရပါလိမ့်နော်။

အရွယ်ရောက်ပြီး မိန်းကလေးအများစုဟာ ရာသီမလာခင်လက္ခဏာများ ခံစားရ နိုင်ပြီး ရာသီမလာခင် ရက်တွေမှာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို သိသိသာသာ ခံစားရတတ်ပါတယ်။ မျိုးဥကြွေပြီးကာလမှာ စတင်ခံစားရတတ်ပြီး ရာသီလာတာနဲ့ ထိုလက္ခဏာများ ပျောက်ကွယ်သွားတတ်ပါတယ်။

အဖြစ်အများဆုံးရာသီမလာခင်လက္ခဏာတွေကတော့

- စိတ်တိုလွယ်ခြင်း

- ဒေါသကြီးခြင်း

- စိတ်ကျခြင်း

- တငိုငိုတရယ်ရယ်ဖြစ်ခြင်း

- အလွန်အမင်းစိတ်ထိခိုက်လွယ်ခြင်း

- စိတ်ပူပန်ခြင်း၊ စိတ်ဂဏာမငြိမ်ဖြစ်ခြင်း

- ဝမ်းနည်းလိုက်ရန်လိုလိုက် တစ်လှည့်စီဖြစ်ခြင်း

pH Care 1

ဒါတွေဖြစ်ပေါ်ရခြင်းအကြောင်းကိုအတိအကျမသိရှိရပေမယ့်ရာသီလာစဉ်ဖြစ်ပေါ်တဲ့ Estrogen ဟော်မုန်းအတက်အကျများကြောင့်ဖြစ်ကြောင်း ယူဆကြပါတယ်။ Estrogen ဟော်မုန်းဟာ ရာသီစက်ဝန်းပြီးတဲ့ အချိန်မှာ တဖြည်းဖြည်းချင်းနည်းပါး သွားပြီးနောက် နှစ်ပတ်အကြာတွင် ပြန်လည်မြင့်တက်လာပါတယ်။ ထို့နောက် ရုတ်ချည်းပြန်ကျသွားပြီး နောက်ထပ်ရာသီမလာခင်မှာ တဖြည်းဖြည်းပြန်တက်လာပါတယ်။

 

ရာသီလာနေစဉ် အမျိူးသမီး ၃-၈ ရာနှုန်းလောက်ဟာ သာမာန်ထက် ပိုမိုပြင်းထန် သောရာသီမလာခင်လက္ခဏာများကို ခံစားတတ်ရလေ့ ရှိပါတယ်။ ထိုအခြေအနေကို Premenstual Dysphoric Disorder (PMDD) လို့ခေါ်ပြီး အနည်းဆုံး အောက်ပါ လက္ခဏာ ၅ မျိုးတွေ့ရတတ်ပါတယ်။

- အလွန်ဝမ်းနည်းပြီး လောကကြီးကို စိတ်ပျက်နေခြင်း မိမိကိုယ်ကိုသေကြောင်း ကြံနိုင်တဲ့အထိ ဆိုးရွားနိုင်ပါတယ်။

- မိမိရင်နှီးချစ်ခင်သူများအပေါ်ကိုတောင် စိတ်တိုဒေါသထွက်နေခြင်း၊ ဒေါသတကြီး အော်ဟစ်ခြင်း

- စိတ်ဖိစီးခြင်း၊ ပူပန်ခြင်း

- အလွန်တရာလန့်ခြင်း

- စိတ်တက်လိုက်ကျလိုက်ဖြစ်ခြင်း

- ငိုခြင်း

- နေ့စဉ်လုပ်ငန်းဆောင်တာများအပြင် ချစ်သူ/အိမ်ထောင်ဖက်ကိုပါ စိတ်မဝင်စား ခြင်း

- တွေးတောမရ အာရုံစိုက်မရဖြစ်ခြင်း

- စိတ်ကို မထိမ်းချူပ်နိုင်ခြင်း

- ပင်ပန်းနွမ်းနယ်ခြင်း

- အားအင်ကုန်ခမ်းခြင်း

- အစားနဲ့ပါးစပ်မပြတ်တမ်းစားခြင်းစတဲ့ လက္ခဏာများကိုတွေ့ရမှာဖြစ်ပါတယ်။

ကဲပျိူမေတို့ရေ သင့်မှာရာသီမလာခင်လက္ခဏာတွေဖြစ်ပေါ်နေပြီဆိုရင် သက်သာ အောင်ပြုလုပ်နိုင်မယ့်နည်းလမ်းတွေ အများကြီးရှိတာမို့ သားဖွားမီးယပ်အထူးကုဆရာဝန်နဲ့ အမြန်ဆုံးသွားရောက် ဆွေးနွေးသင့်ပါတယ်နော်။

လေပြေနုသွေး(ဆေး၂) (www.drmyanmar.com)

pH Care 2

အမ်ဳိးသမီးတို႔မွာ ရာသီလာခါနီးေလေလစိတ္ညစ္ရေလပါပဲ။ ရာသီေၾကာင့္ ခါးနာ တာကတစ္မ်ဳိး ရာသီမလာခင္လကၡဏာေတြက အေနွာက္အယွက္ေပးတာကတစ္ဖံု။ ဘာလို႔မ်ား ျဖစ္ရပါလိမ့္ေနာ္။

အရြယ္ေရာက္ၿပီး မိန္းကေလးအမ်ားစုဟာ ရာသီမလာခင္လကၡဏာမ်ား ခံစားရ ႏုိင္ၿပီး ရာသီမလာခင္ ရက္ေတြမွာ စိတ္ပိုင္းဆိုင္ရာေျပာင္းလဲမႈေတြကုို သိသိသာသာ ခံစားရတတ္ပါတယ္။ မ်ဳိးဥေၾကြၿပီးကာလမွာ စတင္ခံစားရတတ္ၿပီး ရာသီလာတာနဲ႔ ထိုလကၡဏာမ်ား ေပ်ာက္ကြယ္သြားတတ္ပါတယ္။

အျဖစ္အမ်ားဆံုးရာသီမလာခင္လကၡဏာေတြကေတာ့

- စိတ္တိုလြယ္ျခင္း

- ေဒါသႀကီးျခင္း

- စိတ္က်ျခင္း

- တငိုငိုတရယ္ရယ္ျဖစ္ျခင္း

- အလြန္အမင္းစိတ္ထိခိုက္လြယ္ျခင္း

- စိတ္ပူပန္ျခင္း၊ စိတ္ဂဏာမၿငိမ္ျဖစ္ျခင္း

- ၀မ္းနည္းလိုက္ရန္လိုလိုက္ တစ္လွည့္စီျဖစ္ျခင္း

 

ဒါေတြျဖစ္ေပၚရျခင္းအေၾကာင္းကိုအတိအက်မသိရွိရေပမယ္ ့ရာသီလာစဥ္ျဖစ္ေပၚတဲ့ Estrogen ေဟာ္မုန္းအတက္အက်မ်ားေၾကာင့္ျဖစ္ေၾကာင္း ယူဆၾကပါတယ္။ Estrogen ေဟာ္မုန္းဟာ ရာသီစက္၀န္းၿပီးတဲ့ အခ်ိန္မွာ တျဖည္းျဖည္းခ်င္းနည္းပါး သြားၿပီးေနာက္ နွစ္ပတ္အၾကာတြင္ ျပန္လည္ျမင့္တက္လာပါတယ္။ ထို႔ေနာက္ ရုတ္ခ်ည္းျပန္က်သြားၿပီး ေနာက္ထပ္ရာသီမလာခင္မွာ တျဖည္းျဖည္းျပန္တက္လာပါတယ္။

 

ရာသီလာေနစဥ္ အမ်ိဴးသမီး ၃-၈ ရာႏႈန္းေလာက္ဟာ သာမာန္ထက္ ပိုမိုျပင္းထန္ ေသာရာသီမလာခင္လကၡဏာမ်ားကို ခံစားတတ္ရေလ့ ရွိပါတယ္။ ထိုအေျခအေနကို Premenstual Dysphoric Disorder (PMDD) လို႔ေခၚၿပီး အနည္းဆံုး ေအာက္ပါ လကၡဏာ ၅ မ်ဳိးေတြ႕ရတတ္ပါတယ္။

- အလြန္၀မ္းနည္းၿပီး ေလာကႀကီးကို စိတ္ပ်က္ေနျခင္း မိမိကုိယ္ကိုေသေၾကာင္း ႀကံႏိုင္တဲ့အထိ ဆိုးရြားနိုင္ပါတယ္။

- မိမိရင္ႏွီးခ်စ္ခင္သူမ်ားအေပၚကိုေတာင္ စိတ္တိုေဒါသထြက္ေနျခင္း၊ ေဒါသတႀကီး ေအာ္ဟစ္ျခင္း

- စိတ္ဖိစီးျခင္း၊ ပူပန္ျခင္း

- အလြန္တရာလန္႔ျခင္း

- စိတ္တက္လိုက္က်လိုက္ျဖစ္ျခင္း

- ငိုျခင္း

- ေန႕စဥ္လုပ္ငန္းေဆာင္တာမ်ားအျပင္ ခ်စ္သူ/အိမ္ေထာင္ဖက္ကိုပါ စိတ္မ၀င္စား ျခင္း

- ေတြးေတာမရ အာရံုစိုက္မရျဖစ္ျခင္း

- စိတ္ကို မထိမ္းခ်ဴပ္နုိင္ျခင္း

- ပင္ပန္းႏြမ္းနယ္ျခင္း

- အားအင္ကုန္ခမ္းျခင္း

- အစားနဲ႔ပါးစပ္မျပတ္တမ္းစားျခင္းစတဲ့ လကၡဏာမ်ားကိုေတြ႔ရမွာျဖစ္ပါတယ္။

ကဲပ်ိဴေမတို႔ေရ သင့္မွာရာသီမလာခင္လကၡဏာေတြျဖစ္ေပၚေနၿပီဆိုရင္ သက္သာ ေအာင္ျပဳလုပ္နုိင္မယ့္နည္းလမ္းေတြ အမ်ားႀကီးရွိတာမို႔ သားဖြားမီးယပ္အထူးကုဆရာ၀န္နဲ႔ အျမန္ဆံုးသြားေရာက္ ေဆြးေႏြးသင့္ပါတယ္ေနာ္။

ေလေျပနုေသြး(ေဆး၂) (www.drmyanmar.com)