အရိုးပွရောဂါကို ကာကွယ်ကြမယ်
အမျိုးသမီးတွေဟာ အစကတည်းက အမျိုးသားတွေထက် အရိုးသိပ်သည်းဆ ပိုနည်းတတ်ကြပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အီစထရိုဂျင်ဟော်မုန်း နည်းနည်းလာတာကြောင့် အရိုးပွနှုန်းက ပိုများလာတတ်ပါတယ်။
ဒါပေမဲ့ သတင်းကောင်းတစ်ခုက ဒီလို အရိုးမပွရလေအောင် ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ အရိုးကို ကျန်းမာအောင် စောစောထိန်းသိမ်းလေလေ၊ အသက် ၅၀ ကျော်လာတဲ့အခါ ရွယ်တူ သက်တူတွေထက် ပိုကျန်းမာလေလေပါပဲ။
>> အစားအသောက်နဲ့ အရိုးကို ထိန်းကြမယ်။
၁။ ကယ်လ်ဆီယမ် လုံလောက်အောင် စားပါ။
ကယ်လ်ဆီယမ်နဲ့ ပတ်သက်ရင် များလေလေ ကောင်းလေလေတော့လည်း မဟုတ်သေးဘူး။ နေ့စဉ်စားရမယ့်ပမာဏကို လုံလောက်အောင် စားပေးရင် အဆင်ပြေတယ်။
● အသက် ၅၀ နဲ့အောက် အမျိုးသမီးတွေမှာ ၁၀၀၀ mg
● အသက် ၅၀ အထက် အမျိုးသမီးတွေမှာ ၁၂၀၀ mg လောက် သောက်ပေးသင့်ပါတယ်။
မျှမျှတတ ညီညီညွတ်ညွတ် စားပေးမယ်ဆိုရင် လိုအပ်တဲ့ပမာဏအများစုကို အစားအသောက်ကနေ ရရှိနိုင်ပါတယ်။
စားစရာနောက်ကျောမှာပါတဲ့ အာဟာရတန်ဖိုးအညွှန်းကို ကြည့်ခြင်းအားဖြင့် တစ်နေ့တာ စားတဲ့ပမာဏကို တွက်ချက်လို့ရတယ်။ ဒီအာဟာရတန်ဖိုးအညွှန်းတွေဟာ ၁၀၀၀ mg ပေါ် မူတည်တွက်ချက်ထားတာမို့ နေ့စဉ်လိုအပ်ချက်ရဲ့ ၂၅% လို့ ရေးထားရင် တစ်ခါစား ကယ်လ်ဆီယမ် ၂၅၀ mg ရတယ်လို့ သိထားရမယ်။
၂။ ဗီတာမင်ဒီကိုလည်း မမေ့ပါနဲ့။
ဗီတာမင်ဒီဟာ ခန္ဓာကိုယ်ကနေ ကယ်လ်ဆီယမ်စုပ်ယူမှုကို အားပေးတာကြောင့် အရိုးတွေကို သန်မာစေနိုင်တယ်။ နေရောင်နဲ့ထိတွေ့တဲ့အခါ အသည်းနဲ့ကျောက်ကပ်က ဗီတာမင်ဒီ ထုတ်လုပ်ပေးပါတယ်။ ဒါပေမဲ့လည်း လိုအပ်ချက်အားလုံးကို နေရောင်ကရတဲ့ ဗီတာမင်ဒီအပေါ်ချည်းပဲ မှီခိုနေလို့လည်း မဖြစ်ပြန်ဘူး။ နေရိပ်ထဲ အနေများတာ၊ နေရောင်ကာခရင်မ်တွေ လိမ်းတာ၊ အသားအရောင်၊ ရာသီဥတုအပြောင်းအလဲ စသဖြင့် အကြောင်းရင်းတွေက နေရောင်မရအောင် ကာကွယ်တားဆီးထားတတ်တယ်။
● အသက် ၇၀ နဲ့အောက်ဆိုရင် တစ်နေ့ ဗီတာမင်ဒီ ၆၀၀ IU
● အသက် ၇၁ နှစ်နဲ့အထက်ဆိုရင် ၈၀၀ IU သောက်သင့်တယ်။
အမျိုးသမီးအများစုဟာ လိုအပ်တဲ့ ဗီတာမင်ဒီပမာဏကို နေရောင်နဲ့ အစားအသောက်ကနေ မရနိုင်တာများတာကြောင့် အားဆေးတွေ သောက်ပေးဖို့ လိုတတ်ပါတယ်။
၃။ ပရိုတင်းကလည်း အရိုးကျန်းမာရေးအတွက် အရေးပါတယ်။
ပရိုတင်းဟာ အရိုးအပါအဝင် ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေအားလုံးအတွက် လိုအပ်ပါတယ်။ လေ့လာမှုတွေမှာ ပရိုတင်းစားခြင်းဖြင့် အရိုးသိပ်သည်းဆကို များစေကြောင်း တွေ့ရှိထားပါတယ်။ နေ့စဉ်လိုအပ်တဲ့ ပရိုတင်းပမာဏဟာ ကိုယ်အလေးချိန် တစ်ပေါင်တိုင်းအတွက် ဝ.၄ ဂရမ် ဖြစ်တယ်။ ဥပမာအားဖြင့် ပေါင် ၁၄၀ ရှိတယ်ဆိုရင် တစ်နေ့ကို ပရိုတင်း ၆၀ ဂရမ်လောက် လိုအပ်ပါတယ်။ ပရိုတင်းကို အသားတွေနဲ့ အသားမဟုတ်တဲ့ တခြားအစားအသောက်တွေမှာပါ တွေ့ရပါတယ်။
Osteocare 1
၄။ လေ့ကျင့်ခန်းလုပ်ခြင်း
လေ့ကျင့်ခန်းဟာ ကျန်းမာရေးအတွက် အရေးပါတယ်ဆိုတာ လူတိုင်းနီးပါး သိနေကြပါတယ်။ အရိုးကျန်းမာရေးအတွက်လည်း လေ့ကျင့်ခန်းက အရေးပါ ပါတယ်။ လေ့ကျင့်ခန်းက အရိုးသန်မာစေတဲ့ ဆဲလ်တွေကိုလည်း လှုံ့ဆော်ပေးပါတယ်။
လေ့ကျင့်ခန်းတိုင်းတော့ မဟုတ်ဘူးပေါ့။ အရိုးကျန်းမာရေးအတွက်ဆိုရင် အလေးမ လေ့ကျင့်ခန်းတွေ၊ ကိုယ်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းတွေကို တစ်နေ့ ၃၊ ၄ ကြိမ်လောက် လုပ်ပေးသင့်တယ်။
● ကိုယ်ကြံ့ခိုင်စေတဲ့လေ့ကျင့်ခန်း : လမ်းလျှောက်တာ၊ ပြေးတာ၊ ကခုန်တာ၊ အေရိုးဗစ်ဆော့တာ၊ တောင်တက်တာ၊ တင်းနစ်ရိုက်တာလိုမျိုး ကိုယ်ကြံ့ခိုင်စေတဲ့ လေ့ကျင့်ခန်းမျိုးတွေဟာ မြေဆွဲအားကို ဆန့်ကျင်ပြီး ကိုယ့်အလေးချိန်ကို ခံနိုင်ရည်ရှိအောင် လေ့ကျင့်ပေးတယ်။
● အလေးမလေ့ကျင့်ခန်း : အလေးတုံး၊ သားရေကြိုး၊ ရေ စသဖြင့် အလေးတွေကိုသုံးပြီး ကြွက်သားနဲ့ အရိုးတွေ သန်မာအောင် လေ့ကျင့်ပေးသင့်တယ်။ ကြွက်သားသန်မာပြီး ဟန်ချက်ထိန်းနိုင်ခြင်းကြောင့် ချော်လဲတာတွေ၊ ထိခိုက်ဒဏ်ရာရတာတွေကို လျော့နည်းစေတယ်။
၅။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အကျင့်စာရိတ္တတွေကို မွေးမြူပါ။
ကလေးဘဝ အစောပိုင်းကာလတွေကတည်းက ကျန်းမာရေးနဲ့ ညီညွတ်အောင်နေထိုင်ခြင်းက ရေရှည်အနာဂတ်မှာ အရိုးကျန်းမာရေးကို ကောင်းစေတယ်။ ဒါကို ကာကွယ်ဖို့အတွက် -
● ဆေးလိပ်ဖြတ်ပါ။
● အရက်သောက်တာ လျှော့ပါ။
● ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပါ။
● မျှတညီညွတ်အောင် စားပါ။
● လှုပ်လှုပ်ရှားရှား နေထိုင်ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)
Osteocare 2
(Zawgyi)
အမ်ိဳးသမီးေတြဟာ အစကတည္းက အမ်ိဳးသားေတြထက္ အ႐ိုးသိပ္သည္းဆ ပိုနည္းတတ္ၾကပါတယ္။ အသက္ႀကီးလာတာနဲ႔အမွ် အီစထ႐ိုဂ်င္ေဟာ္မုန္း နည္းနည္းလာတာေၾကာင့္ အ႐ိုးပြႏႈန္းက ပိုမ်ားလာတတ္ပါတယ္။
ဒါေပမဲ့ သတင္းေကာင္းတစ္ခုက ဒီလို အ႐ိုးမပြရေလေအာင္ ကာကြယ္ႏိုင္တယ္ဆိုတာပါပဲ။ အ႐ိုးကို က်န္းမာေအာင္ ေစာေစာထိန္းသိမ္းေလေလ၊ အသက္ ၅၀ ေက်ာ္လာတဲ့အခါ ႐ြယ္တူ သက္တူေတြထက္ ပိုက်န္းမာေလေလပါပဲ။
>> အစားအေသာက္နဲ႔ အ႐ိုးကို ထိန္းၾကမယ္။
၁။ ကယ္လ္ဆီယမ္ လုံေလာက္ေအာင္ စားပါ။
ကယ္လ္ဆီယမ္နဲ႔ ပတ္သက္ရင္ မ်ားေလေလ ေကာင္းေလေလေတာ့လည္း မဟုတ္ေသးဘူး။ ေန႔စဥ္စားရမယ့္ပမာဏကို လုံေလာက္ေအာင္ စားေပးရင္ အဆင္ေျပတယ္။
● အသက္ ၅၀ နဲ႔ေအာက္ အမ်ိဳးသမီးေတြမွာ ၁၀၀၀ mg
● အသက္ ၅၀ အထက္ အမ်ိဳးသမီးေတြမွာ ၁၂၀၀ mg ေလာက္ ေသာက္ေပးသင့္ပါတယ္။
မွ်မွ်တတ ညီညီၫြတ္ၫြတ္ စားေပးမယ္ဆိုရင္ လိုအပ္တဲ့ပမာဏအမ်ားစုကို အစားအေသာက္ကေန ရရွိႏိုင္ပါတယ္။
စားစရာေနာက္ေက်ာမွာပါတဲ့ အာဟာရတန္ဖိုးအၫႊန္းကို ၾကည့္ျခင္းအားျဖင့္ တစ္ေန႔တာ စားတဲ့ပမာဏကို တြက္ခ်က္လို႔ရတယ္။ ဒီအာဟာရတန္ဖိုးအၫႊန္းေတြဟာ ၁၀၀၀ mg ေပၚ မူတည္တြက္ခ်က္ထားတာမို႔ ေန႔စဥ္လိုအပ္ခ်က္ရဲ႕ ၂၅% လို႔ ေရးထားရင္ တစ္ခါစား ကယ္လ္ဆီယမ္ ၂၅၀ mg ရတယ္လို႔ သိထားရမယ္။
၂။ ဗီတာမင္ဒီကိုလည္း မေမ့ပါနဲ႔။
ဗီတာမင္ဒီဟာ ခႏၶာကိုယ္ကေန ကယ္လ္ဆီယမ္စုပ္ယူမႈကို အားေပးတာေၾကာင့္ အ႐ိုးေတြကို သန္မာေစႏိုင္တယ္။ ေနေရာင္နဲ႔ထိေတြ႕တဲ့အခါ အသည္းနဲ႔ေက်ာက္ကပ္က ဗီတာမင္ဒီ ထုတ္လုပ္ေပးပါတယ္။ ဒါေပမဲ့လည္း လိုအပ္ခ်က္အားလုံးကို ေနေရာင္ကရတဲ့ ဗီတာမင္ဒီအေပၚခ်ည္းပဲ မွီခိုေနလို႔လည္း မျဖစ္ျပန္ဘူး။ ေနရိပ္ထဲ အေနမ်ားတာ၊ ေနေရာင္ကာခရင္မ္ေတြ လိမ္းတာ၊ အသားအေရာင္၊ ရာသီဥတုအေျပာင္းအလဲ စသျဖင့္ အေၾကာင္းရင္းေတြက ေနေရာင္မရေအာင္ ကာကြယ္တားဆီးထားတတ္တယ္။
● အသက္ ၇၀ နဲ႔ေအာက္ဆိုရင္ တစ္ေန႔ ဗီတာမင္ဒီ ၆၀၀ IU
● အသက္ ၇၁ ႏွစ္နဲ႔အထက္ဆိုရင္ ၈၀၀ IU ေသာက္သင့္တယ္။
အမ်ိဳးသမီးအမ်ားစုဟာ လိုအပ္တဲ့ ဗီတာမင္ဒီပမာဏကို ေနေရာင္နဲ႔ အစားအေသာက္ကေန မရႏိုင္တာမ်ားတာေၾကာင့္ အားေဆးေတြ ေသာက္ေပးဖို႔ လိုတတ္ပါတယ္။
၃။ ပ႐ိုတင္းကလည္း အ႐ိုးက်န္းမာေရးအတြက္ အေရးပါတယ္။
ပ႐ိုတင္းဟာ အ႐ိုးအပါအဝင္ ခႏၶာကိုယ္ထဲရွိ ဆဲလ္ေတြအားလုံးအတြက္ လိုအပ္ပါတယ္။ ေလ့လာမႈေတြမွာ ပ႐ိုတင္းစားျခင္းျဖင့္ အ႐ိုးသိပ္သည္းဆကို မ်ားေစေၾကာင္း ေတြ႕ရွိထားပါတယ္။ ေန႔စဥ္လိုအပ္တဲ့ ပ႐ိုတင္းပမာဏဟာ ကိုယ္အေလးခ်ိန္ တစ္ေပါင္တိုင္းအတြက္ ဝ.၄ ဂရမ္ ျဖစ္တယ္။ ဥပမာအားျဖင့္ ေပါင္ ၁၄၀ ရွိတယ္ဆိုရင္ တစ္ေန႔ကို ပ႐ိုတင္း ၆၀ ဂရမ္ေလာက္ လိုအပ္ပါတယ္။ ပ႐ိုတင္းကို အသားေတြနဲ႔ အသားမဟုတ္တဲ့ တျခားအစားအေသာက္ေတြမွာပါ ေတြ႕ရပါတယ္။
၄။ ေလ့က်င့္ခန္းလုပ္ျခင္း
ေလ့က်င့္ခန္းဟာ က်န္းမာေရးအတြက္ အေရးပါတယ္ဆိုတာ လူတိုင္းနီးပါး သိေနၾကပါတယ္။ အ႐ိုးက်န္းမာေရးအတြက္လည္း ေလ့က်င့္ခန္းက အေရးပါ ပါတယ္။ ေလ့က်င့္ခန္းက အ႐ိုးသန္မာေစတဲ့ ဆဲလ္ေတြကိုလည္း လႈံ႕ေဆာ္ေပးပါတယ္။
ေလ့က်င့္ခန္းတိုင္းေတာ့ မဟုတ္ဘူးေပါ့။ အ႐ိုးက်န္းမာေရးအတြက္ဆိုရင္ အေလးမ ေလ့က်င့္ခန္းေတြ၊ ကိုယ္ႀကံ့ခိုင္ေစတဲ့ ေလ့က်င့္ခန္းေတြကို တစ္ေန႔ ၃၊ ၄ ႀကိမ္ေလာက္ လုပ္ေပးသင့္တယ္။
● ကိုယ္ႀကံ့ခိုင္ေစတဲ့ေလ့က်င့္ခန္း : လမ္းေလွ်ာက္တာ၊ ေျပးတာ၊ ကခုန္တာ၊ ေအ႐ိုးဗစ္ေဆာ့တာ၊ ေတာင္တက္တာ၊ တင္းနစ္႐ိုက္တာလိုမ်ိဳး ကိုယ္ႀကံ့ခိုင္ေစတဲ့ ေလ့က်င့္ခန္းမ်ိဳးေတြဟာ ေျမဆြဲအားကို ဆန႔္က်င္ၿပီး ကိုယ့္အေလးခ်ိန္ကို ခံႏိုင္ရည္ရွိေအာင္ ေလ့က်င့္ေပးတယ္။
● အေလးမေလ့က်င့္ခန္း : အေလးတုံး၊ သားေရႀကိဳး၊ ေရ စသျဖင့္ အေလးေတြကိုသုံးၿပီး ႂကြက္သားနဲ႔ အ႐ိုးေတြ သန္မာေအာင္ ေလ့က်င့္ေပးသင့္တယ္။ ႂကြက္သားသန္မာၿပီး ဟန္ခ်က္ထိန္းႏိုင္ျခင္းေၾကာင့္ ေခ်ာ္လဲတာေတြ၊ ထိခိုက္ဒဏ္ရာရတာေတြကို ေလ်ာ့နည္းေစတယ္။
၅။ က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အက်င့္စာရိတၱေတြကို ေမြးျမဴပါ။
ကေလးဘဝ အေစာပိုင္းကာလေတြကတည္းက က်န္းမာေရးနဲ႔ ညီၫြတ္ေအာင္ေနထိုင္ျခင္းက ေရရွည္အနာဂတ္မွာ အ႐ိုးက်န္းမာေရးကို ေကာင္းေစတယ္။ ဒါကို ကာကြယ္ဖို႔အတြက္ -
● ေဆးလိပ္ျဖတ္ပါ။
● အရက္ေသာက္တာ ေလွ်ာ့ပါ။
● က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ ကိုယ္အေလးခ်ိန္ကို ထိန္းသိမ္းပါ။
● မွ်တညီၫြတ္ေအာင္ စားပါ။
● လႈပ္လႈပ္ရွားရွား ေနထိုင္ပါ။
Dr. Mya Phoo Ngon (www.drmyanmar.com)






























