/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အရေးပေါ်ဆိုတာ-အရေးပေါ်အတွက်သာ

အရေးပေါ်ဆိုတာ အရေးပေါ်အတွက်သာ

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

          အရေးပေါ် သနေ္ဓတားဆေးဆိုတာ ဆေးသောက်ဖို့ မေ့သွားတာ၊ ကွန်ဒုံးသုံးဖို့ မေ့သွားတာလိုမျိုး အရေးပေါ် အခြေအနေအတွက်ပဲ ဖြစ်ပါတယ်။ ပုံမှန်အသုံးပြုဖို့ မဟုတ်ပါဘူး။ ဒီဆေးဟာ ဟော်မုန်း ပါဝင်မှုများတဲ့အတွက် ခေါင်းမူးခြင်း၊ ပျို့အန်ခြင်း၊ ရာသီသွေး ပုံမမှန်ခြင်းတို့ ဖြစ်နိုင်သလို ကိုယ်ဝန်တားနိုင်စွမ်းဟာလည်း ပုံမှန်တားဆေးအောက် လျော့နည်းပါတယ်။ ခဏခဏ အရေးပေါ် သနေ္ဓတားဆေး သောက်နေရတယ်ဆိုရင်တော့ ကိုယ်ဝန်ကို မတားနိုင်တဲ့အပြင် ဘေးထွက်ဆိုးကျိုးတွေပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် တစ်လတစ်ခါထက် ပိုပြီးဆေးသောက်နေရတယ်ဆိုရင် အခြားသနေ္ဓတားနည်း တစ်မျိုးမျိုးကို ပြောင်းလဲသုံးစွဲဖို့ ဆရာဝန်နဲ့ သေချာတိုင်ပင်သင့်ပါတယ်။

Dr. Zero (www.drmyanmar.com)