/
news/အမျိုးသမီးများနှင့်ကျန်းမာရေး/အသက်-30-ကျော်လာပေမယ့်-အသက်-20-အရွယ်အလား-ထင်မှတ်ရအောင်

အသက် 30 ကျော်လာပေမယ့် အသက် 20 အရွယ်အလား ထင်မှတ်ရအောင်

Category
အမျိုးသမီးများနှင့်ကျန်းမာရေး

၁။     သေချာဆေးကြောပါ။

          မနက်တိုင်း အသားအရေကို သေချာဆေးကြောပါ။ ညတိုင်းလည်း မိတ်ကပ်တွေ သေချာဖျက်ပြီး အညစ်အကြေးမကျန်အောင် သန့်ရှင်းပေးပါ။ ဒါမှလည်း အသားအရေက သူ့ဟာသူ ပြန်လည်ပြုပြင်ရေး လုပ်ငန်းစဉ်ကို သေချာလုပ်ဆောင်နိုင်မှာပါ။ အလှပြင်ပစ္စည်းတွေ ရွေးရင်လည်း အရေပြားဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ကိုယ့်အသားအရေနဲ့ ကိုက်ညီတဲ့ ပစ္စည်းအမျိုးအစားကို ရွေးချယ်ပါ။

 

၂။     ကြေးချွတ်ပါ။

          နေ့ဘက်ထက်စာရင် ညဘက်မှာ မျက်နှာ၊ အရေပြားကို ကြေးချွတ်သန့်စင်ပေးပါ။ ကြေးချွတ်တယ်ဆိုတာ အရေပြားပေါ်က ဆဲလ်အသေတွေကို ဖယ်ရှားတဲ့သဘောပါပဲ။ ဒီလိုဖယ်ရှားပေးခြင်းဖြင့် ညဘက်မှာ အရေပြား ပြန်လည်အသစ်မွေးဖွားနိုင်ပါတယ်။ ဖြည်းဖြည်းချင်း ပွတ်တိုက်ပေးပါ။ အဆီပြန်တတ်ပြီး ဝက်ခြံပေါက်တတ်သူတွေမှာ တစ်ပတ်၂ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။

 

၃။     ရေဓာတ် ပြည့်အောင်နေပါ။

          အသားအရေ ရေဓာတ်ပြည့်နေအောင် သတိထားပေးပါ။ ရေချိုးရင် ၅ မိနစ်ထက် ပိုမကြာစေဘဲ ရေပူပူကြီးမဟုတ်ဘဲ ကြက်သီးနွေးရေကိုသာ သုံးပေးပါ။ အစိုဓာတ်ပြည့် ရေချိုးဆပ်ပြာရည်ကို သုံးပါ။

 

၄။     နေရောင်ကာခရင်မ် လိမ်းပါ။

          ခရမ်းလွန်ရောင်ခြည်မျိုးစုံကို ကာကွယ်ပေးနိုင်တဲ့ နေရောင်ကာခရင်မ်ကို လိမ်းပေးပါ။ မိုးရွာရွာ၊ နေပူပူ၊ တိမ်ဖုံးဖုံး နေ့တိုင်း လိမ်းပေးသင့်ပါတယ်နော်။

Bio-Oil 1

၅။     အစိုထိန်းခရင်မ် လိမ်းပါ။

          ရေချိုးပြီးခါစ ခပ်စိုစိုအချိန်မှာ အစိုထိန်းလိုးရှင်းလေးဖြစ်ဖြစ်၊ အလှဆီလေးပဲဖြစ်ဖြစ် ထည့်လိမ်းပေးတာက အသားအရေကို စိုပြေစေနိုင်ပါတယ်နော်။

 

၆။     ရေသောက်ပါ။

          ကိုယ်တွင်းမှာပါ ရေဓာတ်ပြည့်ဝနေဖို့ ရေကို အများကြီး သောက်ပေးပါ။ ကျန်းမာရေးနဲ့ညီညွတ်ပြီး အမျှင်ဓာတ်များတဲ့ အစားအသောက်တွေကို စားပေးပါ။ တစ်နေ့ကို အနည်းဆုံး ၁၅ မိနစ်ကနေ မိနစ် ၂၀ လောက် လေ့ကျင့်ခန်း လုပ်ပေးပါ။

 

၇။     စိတ်ဖိစီးမှု ကင်းဝေးအောင် နေပါ။

          ပြောတော့လွယ်တယ်၊ လုပ်ဖို့ခက်တယ် ဆိုသလိုပါပဲ။ စိတ်ဖိစီးမှု ကင်းဝေးစေတဲ့ အလေ့အကျင့်တစ်ခုခုကို ပြုလုပ်ပေးတာက ကျန်းမာရေးနဲ့လည်း ညီညွတ်သလို အသားအရေကိုလည်း ထိန်းသိမ်းပေးတယ်နော်။

Dr. Mya Phoo Ngon (www.drmyanmar.com)

Bio-Oil 2

(Unicode)

၁။    သခြောဆေးကွောပါ။



 



Dr. Mya Phoo Ngon (www.drmyanmar.com)