ကလေးမရလို့ စိတ်ညစ်နေတဲ့ ကိုကိုတွေအတွက်
အိမ်ထောင်ကျပြီး တစ်နှစ်ကျော်ကြာတဲ့အထိ အကာအကွယ် အတားအဆီးတွေလည်း မလုပ်ထားဘဲ ကလေးမရသေးဘူးဆိုရင် ခင်ပွန်းရော ဇနီးသည်ပါ နေမထိထိုင်မသာ ဖြစ်လာတတ်ကြပါတယ်။ ကလေးလိုချင်တဲ့ ခံစားမှုက နှစ်ယောက်လုံးကို လွှမ်းခြုံလာပြီပေါ့လေ။ ဆန်းစစ်လိုက်တော့ ပြဿနာက ကိုယ့်ဘက်မှာဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အမျိုးသားတွေ လိင်ကိစ္စမှာ ဘာမှစွမ်းဆောင်ရည်မကျပါဘဲ ကလေးရဖို့ကျမှ ပြဿနာပေါ်လာတတ်တဲ့ အခြေအနေတွေကတော့ ဒုနဲ့ဒေးပါပဲ။
ဆီးချို၊ သွေးတိုး၊ ကင်ဆာ၊ ပိုးဝင်တာတွေအပြင် ဆေးလိပ်သောက်တာတွေ၊ အရက်စွဲတာတွေ၊ ပတ်ဝန်းကျင် ညစ်ညမ်းတာတွေကလည်း အကြောင်းရင်းတွေ ဖြစ်နေနိုင်ပါသေးတယ်။
သုတ်တော့ လွှတ်ပါရဲ့။ သုတ်ရည်ထဲမှာပါလာတဲ့ အကောင်လေးတွေ အရေအတွက်နည်းလို့လား။ သုတ်ကောင်လေးတွေ ကိုယ်လက်အင်္ဂါ ချွတ်ယွင်းလို့လား။ အမျိုးမျိုး စဉ်းစားရပါတယ်။
နောက်ပြီး စောစောကပြောသလို ကလေး သိပ်လိုချင်နေတဲ့ဖိအားကလည်း သုတ်ကောင်နဲ့ သုတ်ရည်အခြေအနေကို ထိခိုက်စေတတ်ပါတယ်။ စိတ်ဖိစီးလေ စွမ်းဆောင်ရည်ကျလေ ပြဿနာမရှင်းနိုင်လေပါပဲ။ ဒီတော့ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်ဆီမှာ အားရပါးရရင်ဖွင့်ချပါ။ ပြီးရင် အကြံတောင်းပေါ့။
ပထမဆုံးစစ်ရမှာကတော့ သုတ်ရည်ပါပဲ။ အထဲက အကောင်လေးတွေ နေကောင်းလား၊ ကျန်းမာလား၊ အကောင်စဉ်မှီသလား၊ အကောင်ရေပြည့်သလား စစ်ဆေးရပါတယ်။ နောက်ပြီး သုတ်လွှတ်လမ်းကြောင်းက အင်္ဂါတွေ၊ ပြွန်တွေ ပိနေသလား ဘာချွတ်ယွင်းချက်ရှိလဲ။ ဓာတ်မှန်ရိုက်ရ၊ အာထရာဆောင်းလုပ်ရတွေလည်း ရှိနိုင်တာပေါ့။
Revicon 1

အခြေအနေ ဖြူသလား၊ မည်းသလား သဲသဲကွဲကွဲသိဖို့က နည်းနည်း အချိန်ယူရပါတယ်။
● သုတ်ကောင်လေးတွေ နည်းနေရင် ပောာ်မုန်းဆေး ဖြည့်သွင်းကုသရပါတယ်။
● သုတ်လွှတ်လမ်းကြောင်းမှာပြဿနာရှိရင် ပိတ်နေတဲ့ လမ်းကြောင်းကို ခွဲစိတ်ပြီးရှင်းရတယ်။
● သုတ်လွှတ်ပြွန်လေးကို ပြန်လည်ခွဲစိတ်တည်ဆောက်ပြီး အထွက်တိုး လမ်းကြောင်းမှန်အောင် လုပ်ရတယ်။
● သုတ်ကောင်လေးတွေယူ ဇနီးသည်မျိုးဥယူပြီး ဖန်ပြွန်သနွေနည်းနဲ့ ကလေးဖြစ်တည်ယူလို့ရတယ်။ ငွေတော့ တော်တော်ကုန်မယ်ပေါ့လေ။
● နောက်ဆုံးတစ်ခုကတော့ ခေတ်အမှီဆုံးပါပဲ။ အမျိုးသားဆယ်ယောက်မှာ ကိုးယောက် ကလေးရကုန်ကြတဲ့နည်း။ အမျိုးသားရဲ့သုတ်ကောင်ကိုယူပြီး မျိုးဥထဲကို တိုက်ရိုက်ထိုးသွင်း ပေါင်းစပ်စေတာ ဖြစ်ပါတယ်။ ဘာနဲ့မှ အခြေအနေမပာန်နိုင်ရင်တော့ သုတ်ဘဏ်မှာ သုတ်ကောင်ယူရုံပေါ့။
ဒါပေမဲ့ အထက်မှာ ဖော်ပြထားသလို ဖြေရှင်းနည်းက ပေါင်းစုံရှိတာမို့ မောင်ကြီး လက်လျှော့မနေဘဲ ဆေးပညာရှင်တွေနဲ့ အရင်စစ်ဆေး တိုင်ပင်ကြည့်ဖို့ ပြောချင်တာပါ။
ဂျီပီငှက် (ဆေး/မန်း) (www.drmyanmar.com)
Revicon 2

(Zawgyi)
အိမ္ေထာင္က်ၿပီး တစ္ႏွစ္ေက်ာ္ၾကာတဲ့အထိ အကာအကြယ္ အတားအဆီးေတြလည္း မလုပ္ထားဘဲ ကေလးမရေသးဘူးဆိုရင္ ခင္ပြန္းေရာ ဇနီးသည္ပါ ေနမထိထိုင္မသာ ျဖစ္လာတတ္ၾကပါတယ္။ ကေလးလိုခ်င္တဲ့ ခံစားမႈက ႏွစ္ေယာက္လုံးကို လႊမ္းၿခဳံလာၿပီေပါ့ေလ။ ဆန္းစစ္လိုက္ေတာ့ ျပႆနာက ကိုယ့္ဘက္မွာဆိုရင္ ဘယ္လိုလုပ္ၾကမလဲ။ အမ်ိဳးသားေတြ လိင္ကိစၥမွာ ဘာမွစြမ္းေဆာင္ရည္မက်ပါဘဲ ကေလးရဖို႔က်မွ ျပႆနာေပၚလာတတ္တဲ့ အေျခအေနေတြကေတာ့ ဒုနဲ႔ေဒးပါပဲ။
ဆီးခ်ိဳ၊ ေသြးတိုး၊ ကင္ဆာ၊ ပိုးဝင္တာေတြအျပင္ ေဆးလိပ္ေသာက္တာေတြ၊ အရက္စြဲတာေတြ၊ ပတ္ဝန္းက်င္ ညစ္ညမ္းတာေတြကလည္း အေၾကာင္းရင္းေတြ ျဖစ္ေနႏိုင္ပါေသးတယ္။
သုတ္ေတာ့ လႊတ္ပါရဲ႕။ သုတ္ရည္ထဲမွာပါလာတဲ့ အေကာင္ေလးေတြ အေရအတြက္နည္းလို႔လား။ သုတ္ေကာင္ေလးေတြ ကိုယ္လက္အဂၤါ ခြၽတ္ယြင္းလို႔လား။ အမ်ိဳးမ်ိဳး စဥ္းစားရပါတယ္။
ေနာက္ၿပီး ေစာေစာကေျပာသလို ကေလး သိပ္လိုခ်င္ေနတဲ့ဖိအားကလည္း သုတ္ေကာင္နဲ႔ သုတ္ရည္အေျခအေနကို ထိခိုက္ေစတတ္ပါတယ္။ စိတ္ဖိစီးေလ စြမ္းေဆာင္ရည္က်ေလ ျပႆနာမရွင္းႏိုင္ေလပါပဲ။ ဒီေတာ့ တတ္ကြၽမ္းနားလည္တဲ့ ဆရာဝန္ဆီမွာ အားရပါးရရင္ဖြင့္ခ်ပါ။ ၿပီးရင္ အႀကံေတာင္းေပါ့။
ပထမဆုံးစစ္ရမွာကေတာ့ သုတ္ရည္ပါပဲ။ အထဲက အေကာင္ေလးေတြ ေနေကာင္းလား၊ က်န္းမာလား၊ အေကာင္စဥ္မွီသလား၊ အေကာင္ေရျပည့္သလား စစ္ေဆးရပါတယ္။ ေနာက္ၿပီး သုတ္လႊတ္လမ္းေၾကာင္းက အဂၤါေတြ၊ ႁပြန္ေတြ ပိေနသလား ဘာခြၽတ္ယြင္းခ်က္ရွိလဲ။ ဓာတ္မွန္႐ိုက္ရ၊ အာထရာေဆာင္းလုပ္ရေတြလည္း ရွိႏိုင္တာေပါ့။
အေျခအေန ျဖဴသလား၊ မည္းသလား သဲသဲကြဲကြဲသိဖို႔က နည္းနည္း အခ်ိန္ယူရပါတယ္။
● သုတ္ေကာင္ေလးေတြ နည္းေနရင္ ေပာာ္မုန္းေဆး ျဖည့္သြင္းကုသရပါတယ္။
● သုတ္လႊတ္လမ္းေၾကာင္းမွာျပႆနာရွိရင္ ပိတ္ေနတဲ့ လမ္းေၾကာင္းကို ခြဲစိတ္ၿပီးရွင္းရတယ္။
● သုတ္လႊတ္ႁပြန္ေလးကို ျပန္လည္ခြဲစိတ္တည္ေဆာက္ၿပီး အထြက္တိုး လမ္းေၾကာင္းမွန္ေအာင္ လုပ္ရတယ္။
● သုတ္ေကာင္ေလးေတြယူ ဇနီးသည္မ်ိဳးဥယူၿပီး ဖန္ႁပြန္သေႏြနည္းနဲ႔ ကေလးျဖစ္တည္ယူလို႔ရတယ္။ ေငြေတာ့ ေတာ္ေတာ္ကုန္မယ္ေပါ့ေလ။
● ေနာက္ဆုံးတစ္ခုကေတာ့ ေခတ္အမွီဆုံးပါပဲ။ အမ်ိဳးသားဆယ္ေယာက္မွာ ကိုးေယာက္ ကေလးရကုန္ၾကတဲ့နည္း။ အမ်ိဳးသားရဲ႕သုတ္ေကာင္ကိုယူၿပီး မ်ိဳးဥထဲကို တိုက္႐ိုက္ထိုးသြင္း ေပါင္းစပ္ေစတာ ျဖစ္ပါတယ္။ ဘာနဲ႔မွ အေျခအေနမပာန္ႏိုင္ရင္ေတာ့ သုတ္ဘဏ္မွာ သုတ္ေကာင္ယူ႐ုံေပါ့။
ဒါေပမဲ့ အထက္မွာ ေဖာ္ျပထားသလို ေျဖရွင္းနည္းက ေပါင္းစုံရွိတာမို႔ ေမာင္ႀကီး လက္ေလွ်ာ့မေနဘဲ ေဆးပညာရွင္ေတြနဲ႔ အရင္စစ္ေဆး တိုင္ပင္ၾကည့္ဖို႔ ေျပာခ်င္တာပါ။
ဂ်ီပီငွက္ (ေဆး/မန္း) (www.drmyanmar.com)






























