ကိုကိုမောင်မောင်တို့ အရမ်းများနေပြီလား ...
လူဆိုတာ တစ်ယောက်နဲ့တစ်ယောက် ကိုယ်ခန္ဓာဖွဲ့စည်းပုံချင်း မတူညီကြတဲ့အတွက် စိတ်ခံစားမှုမှာလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ တစ်ယောက်တည်း နေတဲ့နေရာမှာလည်း ပုံမှန်ရှိသင့်တဲ့ အရေအတွက်ရယ်လို့ သတ်မှတ်ချက်မျိုး မရှိပါဘူး။
ဒါပေမဲ့ ဘယ်လိုအချိန်မျိုးမှာ သာမန်ထက်လွန်ကဲနေပြီလို့ သိထားသင့်တဲ့ အချက်လေးတွေ ရှိပါတယ်နော်။ ဘယ်လိုအချက်တွေကို သတိထားရမလဲ ကြည့်လိုက်ကြရအောင် ...
Oligocare IA 1

၁။ ကိုယ့်ဟာကိုယ် နာကျင်အောင်လုပ်မိနေခြင်း
သာမန်အရေပြားပွန်းပဲ့ရုံကနေ ထိပ်မှာ အမာရွတ်တစ်သျှူးတွေ ပိတ်လာတတ်တဲ့အခြေအနေထိကို ရောက်နေပြီဆိုရင်တော့ တစ်ယောက်တည်းနေတဲ့အရေအတွက်ကို လျှော့ဖို့လိုပါပြီနော်။
၂။ အလုပ်ကို ထိခိုက်လာခြင်း
ဒီကိစ္စပဲ ခေါင်းထဲရောက်နေပြီး ကိုယ်လုပ်ရမယ့်အလုပ်ကို မပြီးပြတ်နိုင်တော့ဘူး၊ အလုပ်မှာ တစ်ချိန်လုံး လူကြီးဇာတ်ကားတွေပဲ ကြည့်နေမိတယ်၊ မီတင်တွေ နောက်ကျတဲ့အထိ ဖြစ်နေတယ် ဆိုရင်တော့ များနေပြီလို့ ဆိုရမှာပါပဲ။
Oligocare IA 2

၃။ ပေါင်းသင်းဆက်ဆံရေးမှာ ထိခိုက်လာခြင်း
အပြင်ထွက်ပြီး အပေါင်းအသင်းတွေနဲ့ ပျော်ဖို့ထက် အိမ်တွင်းအောင်းပြီး သိုင်းကျင့်ဖို့ကိုပဲ စိတ်အားထက်သန်နေမယ်ဆိုရင်တော့ တစ်ခုခု မှားယွင်းနေပါပြီ။ ရံဖန်ရံခါ တစ်ယောက်တည်း နေချင်တာမျိုးကို မဆိုလိုပေမယ့် အမြဲတစေ ဒီလိုဖြစ်နေမယ်ဆိုရင်တော့ လျှော့ဖို့ လိုအပ်နေပါပြီ။
ဒီလိုအခြေအနေမျိုး ကြုံလာပြီဆိုရင် ကိုယ့်ဟာကိုယ် သတိထားပြီး ဒီအကျင့်ဆိုးကို ဖြတ်ဖို့လိုပါလိမ့်မယ်။ ကိုယ့်ဟာကိုယ်ဖြတ်ဖို့ အဆင်မပြေ ဖြစ်လာပြီဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။